သံဃာတော်များ၏ တရားချီးမြှင့် သံအဆုံးတွင်
ရေစက်သွန်းချ နေသည့်အသက်၇ဝ ကျော်အရွယ် အဘိုးအို အပါအဝင် ကျန်ရှိသူ ၂ဝ ခန့်ကလည်း အမျှဝေကာ
သာဓု ခေါ်ကြသည်။ သူတို့အားလုံးက လည်း အသက် ၇ဝ ဝန်းကျင်အရွယ် များသာ ဖြစ်ကြသည်။
သူတို့အားလုံးသည် လွန်ခဲ့ သည့် နှစ်ပေါင်း
၅ဝခန့်က ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်းတယ မြို့နယ် 'အ' သုံးလုံး စမ်းသပ်စီမံကိန်းတွင်
ပါဝင် လုပ်အားပေးခဲ့သူ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်ကြပြီး လုပ်အားပေး ရွှေရတုအထိမ်း
အမှတ်အဖြစ် မတ်လ ၁၁ ရက်က ရန်ကုန်မြို့ ဝင်္ကဘာလမ်းထောင့်ရှိ မြစ်ကြီးနားကျောင်းတိုက်၌
ဆွမ်း ကပ်လှူဒါန်းကာ သူငယ်ချင်းများကို အမှတ်တရ ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။
''ပြန်တွေးကြည့်တော့ မနေ့တစ်နေ့ ကလိုပဲ။
ငယ်သွားသလို တောင် ခံစားရပြီး ပြန်တွေ့တဲ့သူတွေ ကို ဘယ်ကအဘိုးကြီးအဘွားကြီး တွေပါလိမ့်ဆိုပြီး
မေးမိတယ်။ အချင်းချင်း မတွေ့ဖြစ်ကြတာ နှစ်ပေါင်းတွေလည်း မနည်းတော့ ဘူးလေ။ သူတို့ကလည်း
အားကျမခံ ဒီအဘိုးကြီးက ဘယ်ကလဲတဲ့'' ဟု လုပ်အားပေးပွဲတွင် ပါဝင်ခဲ့သူ အသက် ၇ဝ ကျော်အရွယ်
ရန်ကုန် တက္ကသိုလ် မြန်မာစာမေဂျာမှ ဦးအောင်ခင်က ရယ်ရယ်မောမော ပြောကြားသည်။
၁၉၆၅-၆၈ခုနှစ် နွေရာသီရက် များအတွင်း
ရှမ်းပြည် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်
တော်လှန်ရေးအစိုးရ ပညာရေးဌာန 'အ' သုံးလုံးကျေ သင်တန်းကြီးကြပ် ညှိနှိုင်းရေးဗဟိုကော်မတီက
စီစဉ် ကျင်းပသည့် စာမတတ်သူလျော့နည်း ပပျောက်ရေး ပဏာမရှေ့ပြေးစမ်းသပ် ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်ကို
စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် ပင်းတယ မြို့နေ သမိုင်းဝင်
ပင်လုံစာချုပ်ချုပ် ဆိုရာတွင် ပါဝင်သူဦ ဦးခွန်စော၊ မြန်မာစာ လက်ထောက်ကထိက ဆရာဦးအောင်သိန်းတို့က
တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို လုပ်အား ပေးဆရာ ဆရာမများ အဖြစ် တာဝန်ပေးကာ ပင်းတယမြို့
နယ်ရှိ တမဲ၊ ရှားပြား၊ အင်းပက်လက်၊ ရှမ်းရွာ၊ သစ်အယ်ပင်၊ တောင်ပေါ်ကြီး၊ ပန်စစ်၊ ပိန္နဲကုန်း၊
ကူဖြူ၊ ဝါးပြား၊ ကူးကော်၊ စံသီးကုန်း စသည့် ရွာ အသီးသီးသို့ တစ်ရွာလျှင် လေးဦး ခန့်
ခွဲတမ်းချ၍ ပို့ဆောင်ကာ ရွာသူ ရွာသားများကို မြန်မာစာသင်ကြား ပေးစေခဲ့ကြောင်း။
အဆိုပါ 'အ' သုံးလုံး လုပ်အား ပေးပွဲသည်
အချိန်အားဖြင့် ပျမ်းမျှ တစ်လခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
''ဦးဆောင်တာကတော့ ရန်ကုန် တက္ကသိုလ် တို့မြန်မာစာဌာနကပေါ၊့
ကျန်တာက ဆေးတက္ကသိုလ် ၊ စက်မှု တက္ကသိုလ်၊ ပညာရေးတက္ကသိုလ် တို့ကလည်း နည်းနည်းစီပါခဲ့ကြ
တယ်။ အခုလိုနှစ် (၅ဝ) ပြည့်ချိန် မှာ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတွေ ကိုဆက်သွယ်ပြီး
တချို့တစ်ဝက်နဲ့ ပြန်ဆုံဖြစ်ကြတာ။ ကွယ်လွန်သွား တဲ့ ဆရာတွေ၊ သူငယ်ချင်းတွေလည်း အထူးသတိရမိတယ်။
ဆက်သွယ် မိတဲ့ သူငယ်ချင်းတွေ စုပေါင်းရေး ထားတဲ့ လုပ်အားပေးတုန်းက အမှတ် တရ ဆောင်းပါး၊
ကဗျာတွေကို စာအုပ်ပုံနှိပ်ပြီး အမှတ်တရပေး တယ်။ လာတဲ့ သူငယ်ချင်းတွေက ပြည်တွင်းရော၊
ပြည်ပရောပဲ '' ဟု တွေ့ဆုံပွဲကို ဦဦးဆောင်စီစဉ်သူဦ ဦးရန်နိုင်က ပြောကြားသည်။
''ညပိုင်းတွေမှာ ရွာသူရွာသား တွေကို စာသင်ကြားပေးခဲ့တယ်။
ကျန်းမာရေးတွေလည်း တတ်နိုင် သလောက်လုပ်ပေးခဲ့တယ်။ သူတို့ရဲ့ ဓလေ့စရိုက်၊ ဘာသာစကား၊
အစား အသောက်တွေလည်း လေ့လာ မှတ်သားဖြစ်ခဲ့တယ်။ ပင်းတယ ငါး ရက် တစ်ဈေးမှာ သူငယ်ချင်းတွေ
ပြန်ဆုံပြီး အတွေ့အကြုံတွေ ဖလှယ် ခဲ့ကြတယ်။ တစ်ရွာလုံးနဲ့ သံယောဇဉ် တွေဖြစ်ခဲ့တယ်။
ဘဝမှာ အပျော် ရွှင်ဆုံး မမေ့နိုင်တဲ့ အမှတ်တရတွေ ပါပဲ''ဟု လုပ်အားပေးပါဝင်ခဲ့သူ ဒေါ်စန္ဒာက
တမ်းတမ်းတတ ပြော သည်။
''စိတ်ထဲမှာ မမေ့နိုင်လွန်းလို့ ပင်စင်ယူပြီးတဲ့နှစ်မှာ
ရှားပြားရွာကို ထပ်ရောက်ခဲ့တယ်။ ရွာကလာကြို တယ်။ အလွန်ဝမ်းသာတယ်'' ဟု အငြိမ်းစား ကျောင်းဆရာမ
ဒေါ်စန်း စန်းရီက ပြောကြားသည်။
''နောင်နှစ်တွေမှာလည်း သူငယ် ချင်းတွေနဲ့
ဆုံချင်တယ်။ မေ့နေတာ တွေတောင် အများကြီးမှတ်မိလာ တယ်။ ဒါ့ကြောင့် ကျန်းမာအောင်နေ ရဖို့
အားမွေးထားရဦးမယ်''ဟု လာကြိုမည့် သားသမီးများကိုစောင့် နေရင်း အငြိမ်းစား ဆရာမ ဒေါ်ခင်
သင်းကြည်ကလည်း ပြောသည်။
နောက်နောင် ပြန်လည်ဆုံတွေ့ ရန် သူတို့အားလုံးမျှော်လင့်ချက်များ
ဖြင့် ပြန်ခဲ့ကြသည်။
သတင်းဆောင်းပါး-မြတ်စန္ဒီသင်းဇော်

No comments:
Post a Comment