Sunday, March 15, 2015

လက်ပံတန်းဖြစ်စဉ်မှ ကျောင်းသား ကျောင်းသူများကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ


လက်ပံတန်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့တွင် ဖြစ်ပွားခဲ့သည့် မတ် ၁ဝ ရက် ဖြစ်စဉ်မှ ဥပဒေနှင့်အညီ ခေါ်ယူ ထိန်းသိမ်း စစ်ဆေး မေးခဲ့သည့်သူ များမှ တက္ကသိုလ်၊ ကောလိပ်များ တွင် အမှန်တကယ် ပညာ သင်ကြား နေသော ကျောင်း သား၊ ကျောင်းသူ များကိုစိစစ်၍ ဆက်လက်ပညာ သင်ကြားနိုင်ရေး သက်ဆိုင်ရာဒေသ အသီးသီးရှိ ၄င်းတို့၏မိဘအုပ်ထိန်း သူများထံ ဆက်သွယ်အကြောင်းကြား ခေါ်ယူပြီး မတ် ၁၁ ရက်နံနက်ပိုင်း မှစ၍ ပြန်လည်အပ်နှံပေးလျက်ရှိ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မတ် ၁၃ ရက်အထိ ကျောင်းသား ကျောင်းသူ ၂၆ ဦးအား သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခဲ့ပြီး သတင်းထောက်နှစ်ဦး လည်း ပြန်လည်စေလွှတ်ပေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် တောင်ကြီး တက္ကသိုလ် ဒုတိယနှစ်စီးပွားရေး ကျောင်းသား မောင်ဥက္ကာမောင် မောင်ကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း ၂၉ ဦးကို ပြန်လည်စေလွှတ် ပေးပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment