ဒီမိုကရေစီ၏ အခြေခံသည် ရွေးကောက်ပွဲများတွင် လွတ်လပ်မျှ တစွာဆောင်ရွက်နိုင်မှုပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ၂ဝ၁၅ ရွေးကောက်ပွဲ သည် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင် သာမှုနှင့် သမာသမတ်ကျမှုကို
မှတ် ကျောက်တင်နိုင်ရန်အတွက် အရပ် ဘက် လူမှုအဖွဲ့အစည်းများသည် လည်း ရွေးကောက်ပွဲ၏ ကဏ္ဍတစ်ရပ်
အနေဖြင့် ပါဝင်ခွင့်ပြုထားပြီဖြစ်သည်။ ထိုကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲဖြစ် စဉ်တွင် ပါဝင်လှုပ်ရှားလျက်ရှိနေသော
အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ် သည့် ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျု၏ ရွေးကောက်ပွဲအတွက်
လုပ်ဆောင်နေ မှုများအား မြန်မာ့သတင်းစဉ် (ပြည် တွင်း) မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့
သည်။
ဦးဖြိုးတင်ဦး(Program Officer)
ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျု
မေး။ ။ ၂ဝ၁၅ ရွေးကောက်ပွဲ တော့ နီးပြီပေါ့။ အစ်ကိုတို့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာသူတွေ
အနေနဲ့ ရွေးကောက်ပွဲရဲ့ ဘယ်ကဏ္ဍတွေကို စောင့်ကြည့်ဖို့လိုအပ်သလဲ။ ဘာတွေ လုပ်လို့ရနေပြီလဲ။
ဖြေ။ ။ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေအနေနဲ့ ရွေးကောက်ပွဲ မစတင်မီ၊ ရွေးကောက်ပွဲရက်နဲ့
ရွေးကောက်ပွဲပြီးတဲ့အထိ ပါဝင်နိုင် တယ်။ မြန်မာနိုင်ငံက အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကတော့
ရွေးကောက် ပွဲကာလနီးမှပဲ ရွေးကောက်ပွဲ ဖြစ်စဉ် မှာ ပါဝင်ကြတာများတယ်။ တကယ် တမ်းဆို
ရွေးကောက်ပွဲမတိုင်မီ ကတည်းက ရွေးကောက်ပွဲမှာ ပါဝင် လို့ရနေပြီ။Legal Framework (ဥပဒေမူဘောင်)နဲ့
ပတ်သက်တာတွေ ပါလို့ရတယ်။ အခုလောလောဆယ် ကော်မရှင်က လုပ်နေတဲ့ Code of Conduct ဆိုရင်
Legal Framework နဲ့ ပတ်သက်တာပဲလေ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ လုပ်ခဲ့တဲ့ရွေးကောက်ပွဲရဲ့ အားနည်းချက်၊
အားသာချက်တွေကို ရွေးကောက်ပွဲကော်မရှင်ကို အကြံပြု တာတွေ လုပ်လို့ရတယ်။ ဒါမျိုးလုပ်တဲ့
အဖွဲ့ကတော့ နည်းသေးတယ်။
အရပ်ဘက် အဖွဲ့အစည်း တော်တော်များများက ရွေးကောက် ပွဲမှာ ပါဝင်တယ်ဆိုရင် ပညာပေးတာနဲ့
ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်တာ နှစ်ခုကိုပဲ မြင်ကြတယ်။ တကယ်တမ်း က ဒါထက်လုပ်လို့ရတာတွေ
အများ ကြီးရှိတယ်။ ဥပမာ..ရွေးကောက်ပွဲ ဖြစ်စဉ်မှာပါတဲ့ နိုင်ငံရေးပါတီတွေ အကြောင်းကို
မီဒီယာတွေမှာ ဖော်ပြ နေတာတွေရှိတယ်။ အဲဒီမီဒီယာတွေ က ဘယ်ပါတီကို ဘယ်လောက်ထိ ဖော်ပြသလဲဆိုတာကို
စောင့်ကြည့်လို့ ရတဲ့ အပိုင်းတွေရှိတယ်။ နောက်တစ်ခု က ပြည်သူတွေကို ပညာပေးသလို တခြား
ရွေးကောက်ပွဲမှာ မပါဝင်တဲ့ CSO တွေကို ပညာပေးလုပ်ငန်းတွေ လုပ်ပေးလို့ရတယ်။
မေး။ ။ ပဏ္ဍိတ အနေနဲ့က ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်ဖို့ ရှိသလဲ။
ဖြေ။ ။ အဓိကက အပိုင်းသုံးပိုင်း လုပ်မယ်။ ရပ်ကွက်တွေထဲမှာ မဲဆန္ဒရှင် ပညာပေးလုပ်မယ်။
ဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချိန်ဇယား
အတိအကျ မထွက်သေး လို့ မလုပ်သေးဘူး။ ဒုတိယတစ်ခု ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့
ဖော်ပြချက်တွေ ကို ပြန်စောင့်ကြည့်တာမျိုး လုပ်မယ်။ ဘယ်လောက်ထိ ရွေးကောက်ပွဲဖြစ် စဉ်အပေါ်
မီဒီယာတွေက လွှမ်းခြုံမှု ရှိလဲ။ ဘယ်ပါတီရဲ့ မဲဆွယ်မှုကို ဘယ်လောက်အထိ ဖော်ပြသလဲ။ ဒါတွေကို
ကျွန်တော်တို့ စောင့်ကြည့် သွားဖို့ရှိတယ်။ နောက်ဆုံးတစ်ခုက တော့ ရွေးကောက်ပွဲမှာ အရပ်ဘက်
လူမှုအဖွဲ့အစည်း(CSO)တွေများများ ပါလေ ကောင်းလေပဲ။ ဒါကြောင့် CSO တွေ များများပါဝင်နိုင်အောင်
သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေ လုပ်ပေးသွားဖို့ရှိတယ်။ နောက် ကျွန်တော်တို့က
ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းလွှာ(စာစဉ်) ထုတ်တယ်။ တစ်လတစ်ခါပုံမှန်ထုတ် တာပေါ့။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက စထုတ်တာဆိုတော့ သုံးလရှိပြီပေါ့။
မေး။ ။ အစ်ကိုတို့ထုတ်တဲ့ လစဉ် ထုတ်သတင်းလွှာအတွက် သတင်း အချက်အလက်တွေကို ဘယ်နေရာ
တွေကနေ အဓိကရယူသလဲ။ လုပ်ဖြစ် တဲ့အကြောင်းကကော..။
ဖြေ။ ။ ကျွန်တော်တို့က ပြန်ကြား ရေးဝန်ကြီးဌာန MOI ဝက်ဘ်ဆိုက်၊ 7Days၊
Eleven၊ Hot News၊ RFA၊ The Voice၊ မဇ္ဈိမ၊ ဧရာဝတီ၊ မက်ဆင်ဂျာ၊ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊
မြန်မာတိုင်းမ်၊ ဒီမိုကရေစီ တူဒေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝက်ဘ်ဆိုက်၊
ကယား ပြည်နယ်က ဒေသဆိုင်ရာ ထုတ်ဝေတဲ့ ကန္တာရဝတီ ဝက်ဘ်ဆိုက်၊ ရှမ်း သံတော်ဆင့်တို့က ရေးသားထားတဲ့
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေ ကို ရယူကိုးကားတယ်။
ဘာကြောင့် ဒီလိုလုပ်သလဲဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေမှာ လုပ်ရတဲ့ တာဝန် တွေများတယ်။
ဒီတော့သူတို့ အနေနဲ့ က မီဒီယာအစုံမှာ ပါတဲ့အကြောင်း အရာတွေကို အကုန်အစုံဖတ်ဖို့ အချိန်မရှိဘူးဖြစ်နေတယ်။
ဒါကြောင့် ဘယ်သူက ဘာလုပ်နေတယ်ဆိုတာ မျိုးကို ကျွန်တော်တို့က စုစည်းပေးတဲ့ သဘော။ အချိန်အများကြီး
အကုန်ခံ ပြီး ဘယ်မှာ ဘာဖြစ်နေတယ်ဆိုတာ ကို လိုက်ရှာနေစရာ မလိုတော့အောင် ပါ။
တစ်လအတွင်းမှာ ဖြစ်ပျက်ခဲ့တာ တွေကို စာမျက်နှာ နှစ်ရွက် သုံးရွက် ဖတ်ရုံနဲ့ သိလိုက်နိုင်မယ်။
သတင်း အချက်အလက် ပြည့်ပြည့်စုံစုံသိထား ရင် အလုပ်လုပ်ရတာပိုပြီးတော့ အဆင်ပြေတယ်။
မေး။ ။ အဲဒါဆို အစ်ကိုတို့ ထုတ်တဲ့ သတင်းလွှာကရောင်းတာလား။
ဖြေ။ ။ ရောင်းတာမဟုတ်ပါဘူး။
အခမဲ့ ဖြန့်ပေးတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ကတောင်းလို့ အီးမေးလ် နဲ့ပို့ပေးတယ်။
နောက်ကျွန်တော်တို့နဲ့ သိတဲ့CSO တွေ၊ ကျွန်တော်တို့ဆီကို ဒီစာစဉ်လိုချင်တယ်ဆိုပြီး
အကြောင်း ကြားတဲ့ အဖွဲ့အစည်းတွေဆီကိုလည်း ပို့ပါတယ်။ ကျွန်တော်တို့တက်ရတဲ့ ပွဲတွေမှာလည်း
စာစဉ်အဖြစ် ဝေငှပေး တယ်။ အဓိကကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက မီဒီယာအစုံ မှာပါတဲ့
အကြောင်းအရာတွေကို အကုန်အစုံဖတ်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ သတင်းအချက်အလက် အစုံရဖို့၊
ဘယ်အဖွဲ့အစည်းတွေ ဘာလုပ်နေတယ်ဆိုတာကို တစ်ဖွဲ့နဲ့ တစ်ဖွဲ့တွေ့ပြီး အစည်းအဝေးလုပ်တာ
မျိုးတွေလုပ်ဖို့ အားနည်းတဲ့ အခြေအနေ တွေမှာ ရှိတယ်။
ကျွန်တော်တို့ထုတ်တဲ့ စာစဉ်ထဲမှာ ဘယ်သူဘာလုပ်နေတယ် ဆိုတဲ့ အချက်အလက်တွေကို ကြည့်
ပြီး အဲဒီအချက်အလက်တွေအပေါ်ကို မူတည်ပြီး ဆုံးဖြတ်ချက်ချနိုင်အောင် ပါ။Stakeholders
တွေ တော်တော် များများက အချိန်မပေးနိုင်လို့ အချက် အလက်တွေ စုစည်းပေးတဲ့ သဘော ပေါ့။
တချို့အဖွဲ့အစည်းတွေလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ ထုတ်တယ်။ ဒါပေမယ့်
နယ်တွေမှာကျတော့ ရဖို့က ခက်ခဲ တယ်။ လိုချင်တယ်ဆိုရင် ကျွန်တော် တို့အနေနဲ့တာဝန်ယူပြီး
ပို့ပေးတာ တွေရှိတယ်။ လောလောဆယ်မှာ ရွေးကောက်ပွဲကော်မရှင်အပါအဝင် အဖွဲ့ပေါင်း ၂ဝဝ ကျော်ဆီကို
ပို့ပေး နေတယ်။ ပဏ္ဍိတကထွက်တဲ့ စာစဉ် တွေကိုလိုချင်လို့ ဆက်သွယ်ထားတဲ့သူ တွေကိုလည်း ပို့ပေးပါတယ်။
မေး။ ။ အစ်ကိုတို့ ထုတ်တဲ့ သတင်းလွှာမှာက ဒီသတင်းဌာနတွေ က သတင်းတွေကို တိုက်ရိုက်ပြန်ဖြန့်
ဝေတာလား ဒါမှမဟုတ် ပြန်ပြင်ရေး တာမျိုးလား၊ ရွေးကောက်ပွဲ သတင်း အတွက် ကဏ္ဍခွဲပေးထားတာမျိုးကော
ရှိလား။
ဖြေ။ ။ ကျွန်တော်တို့က မူရင်း သတင်းတွေအတိုင်းကို အကျဉ်းပြန် ချုံးတယ်။ သုံးကြောင်းလောက်နဲ့ပဲ
ဘယ်နေ့၊ ဘယ်နေရာမှာ ဘာ အကြောင်းအရာလောက်ဆိုတာကို ပါ။ စာစဉ်ရဲ့ အောက်မှာ ဘယ်နေ့က ဘယ်မီဒီယာမှာ
ဘာခေါင်းစဉ်နဲ့ပါခဲ့ တာဆိုပြီး ဖော်ပြပေးတယ်။
ကျွန်တော်တို့က ပြည်တွင်းမှာ ထုတ် ဝေနေတဲ့ မီဒီယာတွေဆီကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့
သတင်း တွေကို စုဆောင်းတယ်။ ပြီးရင် ကဏ္ဍငါးခုခွဲတယ်။ လွှတ်တော်၊ အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊
နိုင်ငံ တကာ၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ ပြည်သူဆိုပြီးခွဲတယ်။ လွှတ်တော်ထဲက ရွေးကောက်ပွဲနဲ့
ပတ်သက်တဲ့ ဆုံးဖြတ် ချက်တွေ၊ လွှတ်တော်ရေးရာ ကော်မတီနဲ့ လွှတ်တော်အမတ်တွေက ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး လုပ်ဆောင်တာ ပြောဆိုတာတွေကို ဖော်ပြတယ်။ အစိုးရဆိုရင်လည်း အစိုးရက ရွေးကောက်ပွဲနဲ့
ပတ်သက် ပြီး ဘယ်လိုအချက်အလက်တွေ လုပ်ဆောင်သလဲ။ ရွေးကောက်ပွဲ ကော်မရှင်မှာ ပြည်ထောင်စုအဆင့်၊
တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့် ကော်မတီ တွေကနေ ရွေးကောက်ပွဲနဲ့
ပတ်သက် ပြီးတော့ ဘယ်လို စည်းမျဉ်းစည်းကမ်း တွေထုတ်သလဲ။ ဘာတွေ လုပ်ဆောင် နေသလဲဆိုတာတွေကို
ထည့်တယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာ မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက် ပြီးတော့
ဘာတွေကူညီသလဲ။ ဘာတွေပြောဆိုနေသလဲ။
ဘာတွေ လုပ်ဖို့ရှိသလဲဆိုတာတွေကို ထည့် တယ်။ အရပ်ဘက် အဖွဲ့အစည်းနဲ့ ပြည်သူမှာကျတော့
အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဆီကဖြစ်စေ၊ အခြား ထင်ရှားတဲ့ အလွှာကဖြစ်စေ၊ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကဖြစ်စေ၊
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေသလဲ။ ဘာတွေပြောထားသလဲ ဆိုတဲ့ အကြောင်းအရာတွေကို
ထည့်တယ်။ အဓိကကတော့ ဘယ်အလွှာက ဘာတွေလုပ်ထားသလဲဆိုတာ ပြန် လိုက်လို့ရအောင်အတွက်ပါ။
မေး။ ။ ရွေးကောက်ပွဲအတွက် အစ်ကိုတို့ အနေနဲ့ ဘာတွေဆက်လက် လုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ရွေးကောက်ပွဲသတင်းရေးသားမှုအပိုင်းမှာ နိုင်ငံတော်ပိုင် မီဒီယာတွေ၊ ပုဂ္ဂလိကပိုင်မီဒီယာတွေ
ကို ကျွန်တော်တို့က အဓိကထားပြီး စောင့်ကြည့် လေ့လာသွားဖို့ရှိမယ်။FM တွေပါမယ်။ မြန်မာ့အသံရေဒီယိုနဲ့
ရုပ်သံပါမယ်။ နောက် စကိုင်း နတ်တို့လို မီဒီယာတွေပါမယ်။ ပြီးရင် ပြည်တွင်းမှာ ပုံနှိပ်မီဒီယာက
တစ်ရာ ကျော်ရှိတယ်။ ဒါတွေ အကုန်လုံးကို ကျွန်တော်တို့က မစောင့်ကြည့်နိုင်ဘူး။ ဒီတော့
လူဖတ်အများဆုံးပုံနှိပ် မီဒီယာတွေကို စောင့်ကြည့်မယ်။
ဒါကတော့ စောင့်ကြည့်လေ့လာမယ့် အကြမ်းဖျင်းပါပဲ။ ပြည်ပအခြေစိုက် မြန်မာပြည်တွင်းမှာ
လူကြိုက်များတဲ့ မီဒီယာတွေကိုလည်း စောင့်ကြည့် မယ်။ လက်တွေ့စောင့်ကြည့်မယ့် အချိန်ဆိုရင်တော့
အသေးစိတ်စာရင်း ကို ကျွန်တော်တို့ ထုတ်ပြန်နိုင်မှာပါ။ ပုံနှိပ်မီဒီယာ၊ ရုပ်သံ၊ ရေဒီယိုနဲ့
အွန်လိုင်းမီဒီယာတွေ အကုန်က လူကြည့်များတာကို စောင့်ကြည့်တာ ပေါ့။ ဘက်မလိုက်တဲ့ မီဒီယာတွေကို
ပဲစောင့်ကြည့်မယ်။ ပါတီတွေက ထုတ်ဝေတဲ့ စာစောင်တွေလည်းရှိတာ ကိုး။
ကျေးဇူးပါပဲအစ်ကို။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းကို
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိပြီး မဲဆန္ဒရှင်များ အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း
၌ ၄င်းတို့၏ အမည်ပါဝင်မှု ရှိ၊ မရှိကို ၂ဝ၁၅ ခုနှစ် မတ်လနှင့် ဇွန်လများတွင် စတင်ကြည့်ရှုနိုင်တော့မည်
ဖြစ်သည်။

No comments:
Post a Comment