ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်
(Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ်မြောက်အစည်းအဝေးအား ၂ဝ၁၅ ခုနှစ်
မတ် ၁၇ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ပြန်လည် ကျင်းပနိုင်ခဲ့သည်။
ယင်းသို့ကျင်းပရာ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
(UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တို့မှ
နှစ်ဖက်ခေါင်းဆောင်များ၏ သဘောထားအမြင်များကို ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ဒုတိယဥက္ကဋ္ဌ)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)
အခု NCA ညှိနှိုင်းမှုကနေ နောက်တစ်ဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေစတင်ပြီး နိုင်ငံရေးသဘောတူညီချက်
တွေရနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ NCA ကို ရည်မှန်းချက်သုံးခုအခြေခံပြီး
ကြိုးပမ်းနေတာဖြစ်ပါတယ်။ တစ်အချက် နောင်အစိုးရ တက်လာတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက် လက်ဆင့်ကမ်းသွားနိုင်ဖို့ အုတ်မြစ်ချတာ ဖြစ်ပါတယ်။ နှစ်အချက် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာ နိုင်ရေးဖြစ်ပါတယ်။ သုံးအချက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးဆိုတဲ့သုံးချက်ကိုအခြေခံထားတာ ဖြစ်ပါ တယ်။
ကြိုးပမ်းနေတာဖြစ်ပါတယ်။ တစ်အချက် နောင်အစိုးရ တက်လာတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက် လက်ဆင့်ကမ်းသွားနိုင်ဖို့ အုတ်မြစ်ချတာ ဖြစ်ပါတယ်။ နှစ်အချက် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာ နိုင်ရေးဖြစ်ပါတယ်။ သုံးအချက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးဆိုတဲ့သုံးချက်ကိုအခြေခံထားတာ ဖြစ်ပါ တယ်။
အပစ်အခတ်ရပ်စဲမှု ခိုင်ခံ့ရေးအတွက် ပူးတွဲ စောင့်ကြည့်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဖို့လည်း
သဘောတူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပူးတွဲကမကထပြုဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေး မှုကော်မတီဖွဲ့စည်းရေးကိုလည်း သဘောတူနိုင်ကြပြီး ဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့
အရေးကြီးတဲ့အကောင်အထည်ဖော်မှုတွေ ဖြစ်လာမှာပါ။
လက်ရှိ ညှိနိုင်းမှုအပေါ် လူထုကလည်း စိတ်ဝင်စား နေကြပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ
ရေးသဘောတူညီချက်မှာ ဘာတွေပါလဲ၊ ဘယ်လိုအကျိုး သက်ရောက်မှာလည်းဆိုတာ လူထုကလည်း သိချင်နေ
ကြပါတယ်။ ဘာလို့ကြာနေတာလဲလို့ မေးနေတာ ရှိပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ဆိုတာကိုလည်း
ပြောနေကြပါတယ်။ ‘ဒါကြောင့် ‘ ဒီအစည်းအဝေး ပြီးတာနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
စာချုပ်ဆွေးနွေးတဲ့အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်စလုံးက ရှင်းလင်းဆွေးနွေးပြသဖို့
တိုက်တွန်းလို ပါတယ်။ UPWC အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ် ကောင်းတွေ ထွက်ပေါ်လာအောင်
အစွမ်းကုန် ကြိုးစား သွားပါမယ်။
ဦးနိုင်ဟံသာ (အဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)
၂ဝ၁၄ စက်တင်ဘာလမှာကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေးမှာ အမြင်သဘောထားကွဲပြားရာကနေ
ငါးလကျော် ခြောက်လနီးပါး တရားဝင်ဆွေးနွေးပွဲတွေ ပြတ်တောက်ခဲ့ရပါတယ်။ အဲ့ဒီကာလအတောအတွင်းမှာ
လက်နက်ကိုင်တိုက်ပွဲတွေ ဒေသအနှံ့အပြားမှာ တိုးပွား ဖြစ်ပေါ်လာတာကိုလည်း တွေ့ကြရပါတယ်။
‘ဒီအခြေ အနေက နိုင်ငံအတွက်ရော တိုင်းရင်းသားပြည်သူတွေ အတွက်ပါ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
ကျွန်တော် တို့ကြိုးပမ်းတည်ဆောက်နေတဲ့ ရေရှည်တည့်တံ့ခိုင်မြဲမယ့် ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ် ကိုလည်း များစွာ ထိခိုက်ပျက်ပြားစေပါတယ်။
‘ဒါကြောင့် ‘ဒီအခြေအနေကို အမြန်ဆုံးပြုပြင်ဖို့ အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး
နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းဖို့ တာဝန်ခံ ကြိုးစားလုပ်ဆောင်နေကြတဲ့
NCCT အဖွဲ့ ဝင်တွေနဲ့ UPWC အဖွဲ့ဝင်တွေမှာ အထူးတာဝန်ရှိပါတယ်။ ဒီ ခုနစ်ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို
ကျွန်တော်တို့ NCCT ဘက်က KIO အဖွဲ့ဝင်တွေအပါအဝင် အစုံအညီ တက်ရောက်လာပါတယ်။KIO ကိုယ်စားလှယ်အဖွဲ့
နေပြည်တော်မှာ အစိုးရအကြီးအကဲတပ်မတော်အကြီး အကဲတွေနဲ့ ဝင်ရောက်တွေ့ဆုံနိုင်ခဲ့တာဟာ
အလွန် ကောင်းမွန်တဲ့ အလားအလာဖြစ်ပါတယ်။ KIO နဲ့ အစိုးရကြား ယုံကြည်မှုကိုတည်ဆောက်နိုင်ရင်
NCCT နဲ့ UPWC တို့ ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို သဘောတူညီမှုရရှိဖို့
များစွာအထောက် အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ် မူကြမ်းကို ကျွန်တော်တို့ဘက်မှာ အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြီး
ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အကယ်၍ အစိုးရနဲ့ သဘောတူညီမှုရရင် အပြီးသတ် သဘောတူညီဖို့ ရှိပါတယ်။
ဦးသိန်းဇော် (ဒုတိယဥက္ကဋ္ဌ)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)
အဖွဲ့အစည်းအရေးထက် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အရေးကို ဦးစားပေးရမှာ ဖြစ်ပါတယ်။
လွှတ်တော်များ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး
ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် ရေးတို့အတွက် ဆောင်ရွက်ဖွယ်ရာတွေကို ဆောင်ရွက် လျက်ရှိနေပါတယ်၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ ‘ ဒီမိုကရေစီအရေး တန်းတူညီမျှရေးနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေး စတဲ့အချက်တွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု
စနစ် တည်ဆောက်နိုင်ဖို့အတွက် ကျရာအခန်းကဏ္ဍက တာဝန်ကျေပွန်စွာနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်
တူညီတဲ့ရည်မှန်းချက်ကိုကိုင်စွဲပြီး စုပေါင်းဆောင်ရွက် သွားကြဖို့ ဆန္ဒပြုပါတယ်။
ပဒိုစောကွယ်ထူးဝင်း (ဒုတိယအဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)
ဒီကနေ့ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်ရရှိနိုင်ဖို့
ပြုလုပ်တဲ့ အစည်း အဝေးမှာ ကျွန်တော်တို့ NCCT အနေနဲ့ အင်မတန်အရေး ကြီးတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့
အလေးအနက်ခံယူပါတယ်။ နှစ်ဖက်စလုံးကကိုယ်စားလှယ်ခေါင်းဆောင်တွေ နားလည် မှုရှိရှိနဲ့
NCA စာချုပ်မှာ ကျန်ရှိနေတဲ့အချက်တွေကို သဘောတူညီမှုရရှိသည်အထိ ညှိနှိုင်းပြီး အဖြေရှာနိုင်ကြ
မယ်လို့လည်း ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။NCCT အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ရရှိဖို့ အစိုးရရဲ့ကိုယ်စားပြုတဲ့ UPWC နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အဖွဲ့ဖြစ်တဲ့အတွက်
ကျွန်တော်တို့ရဲ့ အဓိကတာဝန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ရရှိဖို့ ညှိနှိုင်းလုပ်ဆောင်တဲ့
တာဝန်ရှိပါတယ်။ NCCT နဲ့ UPWC တို့ရဲ့ ညှိနှိုင်းမှု အချိန်ကာလကြာလာတာနဲ့ အမျှ အများပြည်သူနဲ့
နိုင်ငံတကာရဲ့ စိုးရိမ်စိတ်၊ သံသယ စိတ်နဲ့ မယုံကြည်မှုတွေဖြစ်ပေါ်ခဲ့တာကိုလည်း သိရှိရပါ
တယ်။
ကျန်ရှိနေတဲ့ အချက်တွေကို နှစ်ဖက်စလုံးက လက်ခံ နိုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်တဲ့ သဘောတူညီမှုရလဒ်တွေရရှိမယ်လို့ NCCT က မျှော်လင့် ပါတယ်။
ကျန်ရှိနေတဲ့ အချက်တွေကို နှစ်ဖက်စလုံးက လက်ခံ နိုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်တဲ့ သဘောတူညီမှုရလဒ်တွေရရှိမယ်လို့ NCCT က မျှော်လင့် ပါတယ်။
တစ်ကြိမ်တည်းမှာပဲ NCCT နဲ့ UPWCတို့ရဲ့ ခုနစ် ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲမှာ
အကုန်လုံးသဘော တူညီမှုရရှိနိုင်ဖို့ ကျွန်တော်တို့ NCCT ကလည်း ဆွေးနွေး မှုလုပ်လာခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို
တည်ဆောက် တဲ့အခါမှာ တည်ငြိမ်အေးချမ်းမှုရှိမှသာ အကောင်အထည် ဖော်လို့ရမှာ ဖြစ်ပါတယ်။
ဒီကျွန်တော်တို့နိုင်ငံရဲ့ အရင်းခံ ပြဿနာဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့
ဖွံ့ဖြိုးတိုးတက်တဲ့ ‘ဒီမိုကရေစီနိုင်ငံတော်တည်ဆောက် နိုင်ဖို့အတွက် လက်ရှိဖြစ်ပွားနေတဲ့
လက်နက်ကိုင်ပဋိပက္ခ တွေကိုရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာနိုင်မှာ
ဖြစ်ပါတယ်။



No comments:
Post a Comment