ကျိုင်းတုံ မတ် ၁၉
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် UNHABITAT တို့ ပူးပေါင်းဖွင့်လှစ်သော
သဘာဝ ဘေးလျော့ပါးရေး စေတနာ့ ၀န်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် (၉း၀၀)
နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့နယ် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ
ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြေားကြားသည်။ ဆက်လက်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို
ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသားသူ (၃၀) ဦး တက်ရောက်ပြီး ၁၉-၃-၂၀၁၅ရက်မှ
၂၁-၃-၂၀၁၅ရက်နေ့ အထိ (၃) ရက်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခြင်းအားဖြင့်
သဘာဝ ဘေးအန္တရာယ် အကြောင်း သိရှိနိုင်မည့် အပြင် လူမှု အသိုင်း အ၀ိုင်းတွင် အပြန်အလှန်
ဆွေးနွေးခြင်းဖြင့် လူငယ်များ အချင်းချင်း အသိပညာပေး လုပ်ငန်းတွင်ပိုမို ကျယ်ပြန့်စွာ
ဆောင်ရွက်သွားနိုင်ပြီး အသိပညာ ကောင်းကျိုးများ သယ်ပို့ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းနှင့်
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်သဘာ ၀ဘေး ကာကွယ် တားဆီးရေး စီမံခန့်ခွဲမှု
ကော်မတီဝင်များနှင့် UNHABITAT တို့ ပူးပေါင်း ဆောင်ရွက်သည့် United Nations Human
Settlement Programe စုစုပေါင်း (၈၀) ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။


No comments:
Post a Comment