Friday, March 20, 2015

ကျောက်ထုလေယာဉ်ကွင်း တည်ဆောက်ခြင်း အတွက် မြေလျှော်ကြေးငွေများပေးအပ်


ကျောက်ထု မတ် ၁၉
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ လေယာဉ်ကွင်းတည်ဆောက်ရာတွင် မြေပါသွား သည့် တောင်သူ များသို့ မြေလျှော်ကြေးငွေပေး အပ်ပွဲကို
မတ် ၁၆ ရက် က ဆောမြို့နယ် ကျောက်ထုမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းဖေက အမှာစကားပြောကြား သည်။
ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ကျောက်ထု လေယာဉ် ကွင်း တည်ဆောက်ရာတွင်ပါသွားသည့် လယ်မြေ ၂၆၂ ဒသမ ၁၄ ဧကနှင့် ယာမြေ ၆၆ ဒသမ ၀၇ ဧကတို့ အတွက် လျှော်ကြေးငွေကျပ် ၈၅၂ ဒသမ ၄၉ သန်းကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် က တောင်သူ ၁၉၈ ဦးထံ ပေးအပ်သည်။

အဆိုပါ ကျောက်ထုလေယာဉ်ကွင်းကို ၂၀၀၂ ခုနှစ်က ပြေးလမ်းအရှည် ပေ ၁၀၀၀၀ ရှိ လေယာဉ်ကွင်း အဖြစ် တည်ဆောက်ခဲ့ရာ လေယာဉ်ကွင်း တည်ဆောက် ရာတွင် မြေပါ သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးငွေကို ကာလပေါက်ဈေးဖြင့် သတ်မှတ်ပေး အပ်ခြင်းဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ငွေကျပ် သိန်း ၃၀ ဖြင့် လည်းကောင်း၊ ယာ တစ် ဧက လျှင် ငွေကျပ် ၁၀ သိန်းဖြင့် လည်းကောင်း လျှော်ကြေးငွေများ အသီးသီး ပေး အပ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment