ဟားခါး၊ မတ် ၁၉
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း သည် ပြည်နယ်
အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးငွန်ဆန်းအောင်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ
တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ဟားခါး-ဖလမ်းကားလမ်းပေါ်
၌ တည်ဆောက်လျက်ရှိသော ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးများအိမ်ရာ တည်ဆောက်နေမှု လုပ်ငန်းခွင်သို့
သွားရောက်ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန် စံညွှန်း များနှင့်
အညီ အချိန်မီ တည်ဆောက် ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းစွာစီမံဆောင်ရွက်ရေး၊
ပူပြင်းခြောက်သွေ့သည့် ယခု လို နွေရာသီကာလ၌ လုပ်ငန်းခွင် မီးဘေးအန္တရာယ် ကင်းဝေးရေးစသည့်
လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားကာလုပ်ငန်းလိုအပ်ချက်များကို
ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့
ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ တည်ဆောက်လျက် ရှိသော ပြည်နယ်အစိုးရအဖွဲ့ ရုံးတည်ဆောက်နေမှုကို
ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် စီမံပေးခဲ့ကြောင်း
သိရှိရသည်။


No comments:
Post a Comment