မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျုံအန်းဟာ အာဏာရရှိပြီး သုံးနှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရှရုားနိုင်ငံကို
သွားရောက်ဖို့ ရှိပါတယ်။
ဆိုဗီယက်ယူနီယံရဲ့ နာဇီဂျာမနီအပေါ်
အနိုင်ရရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးမှု နှစ် ၇၀ ပြည့်နှစ်ပတ်လည်အဖြစ် ကျင်းပမယ့်
ပွဲကို တက်ရောက်မယ့် ကမ္ဘာခေါင်းဆောင် ၂၆ ယောက်ထဲမှာ ကင်ဂျုံအန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဘက်မှ
တရားဝင်ပြောကြားမှုမရှိသေးပေမယ့် လာရောက်လည်ပတ်မယ့် အစီအစဉ် ရှိကြောင်း ရုရှားနိုင်ငံခြားရေး
ဝန်ကြီးက ယနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရှရုားသမ္မတ ဗလာဒီမာ ပူတင်ဟာ
အများပြည်သူ မြင်ကွင်းထဲကနေ ပျောက်ကွယ်နေတာ ၁၀ ရက်လောက်ကြာပြီးနောက် လူမြင်ကွင်းရှေ့
ပြန်ထွက်ခဲ့တဲ့နေ့မှာပဲ ဒီကြေညာချက်ပါ တစ်ပါတည်း ထွက်ရှိလာတာ ဖြစ်ပါတယ်။
ယခု နှစ်ပတ်လည်ပွဲကို
နှစ်စဉ်ကျင်းပပြီးတော့ ဒီနှစ် မေလ ၉ ရက်နေ့မှာ ကျင်းပမယ့် စစ်ရေးပြ အခမ်းအနား မှာတော့
စစ်သည်အင်အား တစ်သောင်းခွဲခန့်၊ အရာရှိ ဗိုလ်လောင်းများ၊ Cossacks စစ်ရဲအဖွဲ့ဝင်တွေ
ပါဝင်မယ်လို့ ရှရုား ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အနောက် ခေါင်းဆောင်အများစုကတော့
ယူကရိန်းအရေးမှာ ရှရုားနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဖိတ်ကြားမှုကို ငြင်းပယ်သွားမယ်လို့
သိရပါတယ်။
ဒီလို မတက်ရောက်ဘဲ နေကြမယ့်
အထဲမှာ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမအနေနဲ့
ရှရုားကို သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။
ရှရုားနိုင်ငံခြားရေးဝန်ကြီးကတော့
ဝန်ကြီးချုပ်မာကယ်ရဲ့ လာရောက်တွေ့ဆုံမယ့် ဆုံးဖြတ်ချက်ဟာ ရှရုားဆန့်ကျင်ရေး လှုံ့ဆော်မှုကို
ချေဖျက်ရာမှာ အကူအညီဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
စလို ဗက်ကီးယား၊ နော်ဝေး၊
ဂရိနဲ့ ဥရောပ အရှေ့တောင်ဘက်ကနိုင်ငံခေါင်းဆောင်တွေအပါအဝင် ဥရောပ ခေါင်းဆောင်အချို့လည်း
တက်ရောက်မယ်လို့မျှော်လင့်ထားကြောင်း၊
မြောက်ကိုရီးယားခေါင်းဆောင်အပါအဝင်
တရုတ်၊ ကျူးဘား၊ မွန်ဂိုလီးယား၊ တောင်အာဖရိက နဲ့ ဗီယက်နမ် နိုင်ငံ့ခေါင်းဆောင်တွေလည်း
တက်ရောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment