အသားမစားဘဲ ငါးနှင့် ဟင်းသီးဟင်းရွက်များ
ပါဝင်သော အစားအစာတို့ကို စားသူတို့သည် အူမကြီးကင်ဆာ ဖြစ်နှုန်းကို ၄၃ ရာခိုင်နှုန်း လျော့ကျစေကြောင်း
လေ့လာမှုအရ သိရပါတယ်။
အူမကြီးကင်ဆာဖြစ်စေနိုင်သည့် အဓိကအချက်များမှာ
အရက်အလွန်အမင်းသောက်ခြင်း၊ အနီရောင် သို့မဟုတ် ပြုပြင်ထားသော အသားများများ စားခြင်း၊
ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်အလေးချိန်များခြင်း၊ အထူးသဖြင့် ၀မ်းဗိုက် တစ်ဝိုက် အဆီများခြင်းတို့
ဖြစ်ကြကြောင်း သိရပါတယ်။
တစ်ကမ္ဘာလုံးတွင် ကိုရီးယားလူမျိုးတို့သည်
အူမကြီးကင်ဆာ အဖြစ်များဆုံးဖြစ်ကြောင်း ကမ္ဘာ့ကင်ဆာ လေ့လာမှု ရန်ပုံငွေအဖွဲ့အရ သိရပါတယ်။
အူမကြီးကင်ဆာနှင့် အစာဟောင်းအိမ်ကင်ဆာသည် ကမ္ဘာပေါ်တွင် တတိယအဖြစ်များဆုံး ကင်ဆာဖြစ်ပြီး
၂၀၁၂တွင် အူမကြီးကင်ဆာဖြစ်သူ လူနာအသစ်ဦးရေ ၁ ဒသမ ၄သန်းနီးပါးရှိကြောင်း သိရပါတယ်။
ယခုလေ့လာမှုအသစ်အရ သက်သက်လွတ်
အစာ စားခြင်းသည် အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျမှုနှင့် ဆက်စပ်နေ ကြောင်း အမေရိကန်လေ့လာသူတို့က
ဆိုပါတယ်။ ၀မ်းဗိုက်တစ်ဝိုက် အဆီများခြင်းသည် အူမကြီးကင်ဆာ ဖြစ်နှုန်း မြင့်မားခြင်းနှင့်
ဆက်စပ်နေကြောင်းဖြစ်ရာ သက်သက်လွတ်စားသူတို့သည် အ၀လွန်နှုန်း လျော့ကျမှုရှိသဖြင့် အူမကြီး
ကင်ဆာဖြစ်နှုန်းနည်းရခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်ထားပါတယ်။
No comments:
Post a Comment