Tuesday, March 24, 2015

(၈)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသ သစ်တောကဏ္ဍဆိုင်ရာ အရာရှိကြီးများအဆင့် မူဝါဒရေးရာ သင်တန်း ဖွင့်လှစ်ခြင်းသတင်း





နေပြည်တော်  မတ်   ၂၄
() ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသ သစ်တော ကဏ္ဍဆိုင်ရာ အရာရှိကြီး များအဆင့် မူဝါဒ ရေးရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ မတ် ၂၃ ရက် နေ့လည် () နာရီတွင် ကျင်းပ ပြုလုပ်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အမှာစကား မြွက်ကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ()ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသသစ်တော အရာရှိကြီးများ အဆင့်
မူဝါဒရေးရာသင်တန်းသည်  ၂၁ ရာစု၏ စိန်ခေါ်မှု များကို ဖြေရှင်းနိုင်မည့် မူဝါဒများ ရေးဆွဲနိုင်ရန် နှင့်အာရှနှင့် ပစိဖိတ်ဒေသ သစ်တောအရာရှိကြီး များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ၂၁ ရာစု၏ အဓိက စိန်ခေါ်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တာရ ဖြစ်ထွန်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများပျက်သုဉ်းမှု၊ အစားအစာနှင့် သောက်သုံးရေ ရှားပါးမှု၊ ဆင်းရဲနွမ်းပါး မှုများကို ဖြေရှင်းနိုင်မည့်  မူဝါဒများရေးဆွဲအကောင်အ ထည်ဖော်နိုင်ရေး သည် အလွန်အရေးကြီးကြောင်း၊  ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများသည် ယခင်နှစ်ကာလများထက် ကြိမ်ဖန် များစွာ ပိုမိုဖြစ်ပေါ် လျက်ရှိကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာ ခြင်းတွင် သစ်တောများပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစားကျဆင်းခြင်း သည် အဓိကအကြောင်း အရင်းများ အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကမ္ဘာ့သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ချက်များ အရ နှစ်စဉ်သစ်တောပြုန်း တီးမှုပမာဏသည် ဟက်တာ ၁၃ သန်းခန့်ရှိကြောင်း၊ သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှု ပမာဏသည် အခြားကဏ္ဍ အသီးသီးမှ ထုတ်လွှတ်မှု စုစုပေါင်း၏ ၁၇. ရာခိုင်နှုန်းရှိကြောင်း၊ ထို့ကြောင့် သစ်တော ပြုန်းတီးမှု လျော့ချရေးနှင့် သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးပွားရေး အတွက် အထောက်အကူပြုမည့် မူဝါဒများချမှတ် နိုင်ရန် အလွန်အရေးကြီးကြောင်း၊ သစ်တောများကို ထာဝစဉ်တည်တံ့စေရန် ထိန်းသိမ်းခြင်းဖြင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများတိုးပွား၍ ရာသီဥတု ပြောင်းလဲ မှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ သဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း၊ ၂၀ ရာစုအစီအစဉ်  ရီယိုကြေငြာစာတမ်း (Rio+20)) စသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များတွင်လည်း  သစ်တော ထိန်းသိမ်း ရေးလုပ်ငန်းများကို အဓိကထား ထည့်သွင်းခဲ့ကြောင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပြန်လည်တိုး ပွားစေ ရေးအတွက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂၀၂၀ ခုနှစ်တွင် တောနိမ့်တောပျက် သစ်တော ဧရိယာဟက်တာသန်း ၁၅၀ ကိုလည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် ဟက်တာသန်း ၂၀၀ ကို လည်းကောင်း ပြန်လည်စိုက်ပျိုး တည်ထောင်သွားရန် အဆိုပြုထားကြောင်း၊ ယခုဖွင့်လှစ်သည့် ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီး များအဆင့် သစ်တောမူဝါဒရေးရာသင်တန်းတွင် သစ်တော ကဏ္ဍနှင့်ပတ်သက်သည့်  အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များ အကောင်အထည်ဖော်နိုင် ရေးအတွက် နိုင်ငံအလိုက် မူဝါဒရေးဆွဲရာတွင် အထောက်အကူပြုစေရေး၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်မှုအတွက် ဘက်စုံ၊ ကဏ္ဍစုံပါဝင်သည့် မြေအသုံးချ မှုမူဝါဒများ၊ ကောင်းမွန် မှန်ကန်သည့် မြေအသုံးချမှုလုပ်ငန်းစဉ်များ ရေးဆွဲ အကောင်အထည် ဖော်နိုင်စေရေးနှင့် အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိနိုင်ငံများ၏ မူဝါဒရေးဆွဲရေး၊  ခွဲခြမ်းစိတ်ဖြာမှု အတွေ့အကြုံ ကောင်းများ တိုးပွား လာစေရေးတို့ကို အဓိကဦးတည်ချက်ထား၍ ဖွင့်လှစ်ခြင်းဖြစ် သည့်အတွက် အလွန်အကျိုး ကျေးဇူးရရှိစေမည့်  သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
()ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသ သစ်တောကဏ္ဍဆိုင်ရာ အရာရှိကြီးများအဆင့် သစ်တော မူဝါဒရေးရာ သင်တန်းကို မတ် ၂၃ ရက်မှ ဧပြီ ရက်ထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံ ပေါင်း ၁၃ နိုင်ငံမှ သစ်တောကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိ ၂၇ ဦး တက်ရောက် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment