Sunday, March 22, 2015

ငရုတ်၊ ကညွတ် ၊ ပိန်းဥ ၊ ကန်စွန်းဥနှင့် သရက်သီးများကို ကိုရီးယားဈေးကွက်သို့ တင်ပို့မည်


နေပြည်တော် မတ်လ ၂၂
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ယနေ့ နံနက်(၇)နာရီ အချိန်တွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ဗုဒ္ဓဘာသာ အလှူရှင်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ကျေးရွာ သစ်စီမံကိန်းမှ ပညာရှင်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ ဒက္ခိဏသီရိမြို့နယ်၊ မန်ကျည်း ကုန်း ကျေးရွာသို့ ပင့်ဆောင် ပူဇော်မည့် ‌ကြေးသွန်း ဆင်းတုတော်အား မော်တော်ယဉ်များဖြင့် ပို့ဆောင် ကြသည်။

မန်ကျည်းကုန်း ကျေးရွာ သဒ္ဓမ္မ မဟာ စန္ဒာရုံ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်  ဆရာတော် ဘဒ္ဒန္တ စန္ဒာသီရိထံသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ကြေးသွန်း ဆင်းတုတော် မြတ်အား ဆပ်ကပ်လှူဒါန်းရာ ဆရာတော်၊ သံဃာတော်များ၊ဓမ္မစကြာ ၀တ်အသင်းများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများက   ကြိုဆိုကြသည်။
ယင်းနောက် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံရှိ ပလ္လင်ပေါ်သို့ ကြေးသွန်း ဆင်း တုတော်အား ကျေးရွာသူ ကျေးရွာသားများနှင့်အတူ ပင့်ဆောင်ပေးပြီးနောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ စန္ဒာသီရိ အား လှူဖွယ်ဝတ္တူများ ဆက်ကပ်လှူဒါန်း၍ ကိုရီးယားနိုင်ငံ ဗုဒ္ဓ ဘာသာ အဖွဲ့ဝင်များ က   ဗုဒ္ဓဆင်း တုတော်နှင့် သံဃာတော်များအား ကိုရီးယား ရိုးရာယဉ်ကျေးမှု ထုံးစံနှင့်အညီ ရှိခိုး ကန်တော့ ကြသည်။
 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယားနိုင်ငံ ကျေးရွာသစ် စီမံကိန်း ပညာရှင်များက ကျေးရွာ သစ်ထူထောင်ဆောင်ရွက်မည့် လုပ်ငန်းများအား ကျေးရွာ ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက် လုပ်ဆောင် မည့် အစီအစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းလျှောက်ထားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် ဥတ္တရသိရီ မြို့နယ် တဆက် တစပ် တည်း အော်ဂဲနစ်သီးနှံ ဧက(၉၀၀)စိုက်ခင်းတွင်   နေကြာသီးနှံ စိုက်ခင်း၊ ပြောင်းချိုစိုက်ခင်းနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ၀လံပျိုးယျာဉ်များ၊  စင်တင် ဗူးသီးစိုက်ခင်း၊  သင်္ဘောသီးစိုက်ခင်း၊ အရိပ်မိုးစနစ်ဖြင့် စိုက်ပျိုး ထားသောဂေါ်ရခါးသီးစိုက်ခင်း၊ငရုတ်သီးနှံစိုက်ခင်း၊ ကညွှတ်သီးနှံစိုက်ခင်း၊ ကန်စွန်းဥစိုက်ခင်း ၊ ခရမ်း သီး စိုက်ခင်းနှင့် ငရုတ်ပျိုးဥယျာဉ်များကို  ကြည့်ရှု လေ့လာကြသည်၊၊
ထိုမှတဆင့် နယူးဧရာကုမ္မဏီ၏ အအေးခန်းအဆောက်အဦရှိ မြေမဲ့စနစ်ရေ သက်သက် ဖြင့်စိုက်ပျိုးထားသော ဆလတ် အမျိုးမျိုးစိုက်ခင်း   မျိုးစေ့သန့်စင်စက်များ ၊ လယ်ယာသုံး စက်ကရိယာများ၊ ဇေယျာသီရိမြို့နယ်ရှိ တောင်သူ ပညာပေးစိုက်ခင်းတွင်   ငရုတ်ပျိုးခင်းများ၊   ကျီအင်းကျေးရွာအနီးရှိ တောင်သူပညာပေး သရက် သီးနှံ စိုက်ခင်းများကို ကြည့်ရှု လေ့လာကြသည်။ 
 ကိုရီးယားနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ရှိသည့် ငရုတ်သီးနှံ တန်ချိန်တစ်သောင်း (၁၀၀၀၀)၊ကညွှတ်သီးနှံ တစ်လ တန်ချိန်(၃၀)နှင့် ပိန်းဥ၊ကန်စွန်းဥများ အပါအ၀င် ယခု ရာသီပေါ် သရက်သီးများကို အချိန်မီ တင်ပို့ နိုင်ရေးနှင့်  သရက်သီးတင်ပို့ရန်အတွက် အဆင့်မြင့် အပူပေး ပိုးသတ်ကရိယာ V.H.P Plant တည်ဆောက်ရန် အဆင့်မြင့် ထုပ်ပိုးစက်ရုံများ တည်ဆောက်ရန်များကို  ကိုရီးယားနိုင်ငံ   အကောင်အထည်ဖေါ် သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment