နိုင်ငံတော်သမ္မတ၏
မလေးရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုများနှင့် အကျိုးဖြစ်ထွန်းမှုများအပေါ်
ခရီးစဉ်တွင် လိုက်ပါသွားသော ပြည်ထောင်စုဝန်ကြီးများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးအေးမြင့်၊ ပြည်ထောင်စုဝန်ကြီး
ခရီးစဉ်မှာ
အလုပ်သမားတွေကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာအလုပ်သမားတွေ
သွားရောက်အလုပ်လုပ်နေတဲ့ နိုင်ငံတွေထဲမှာ ဒုတိယအများဆုံး နိုင်ငံဖြစ်တယ်။ အများဆုံးကတော့
ထိုင်းပေါ့၊ မလေးရှားနိုင်ငံမှာ လက်ရှိ မြန်မာအလုပ်သမား သုံးသိန်းနီးပါးရှိတယ်။ တစ်သိန်းခွဲကတော့
ဒီကတရားဝင် စေလွှတ်သူတွေပါ။ နောက်တစ်သိန်းလောက်ကတော့ ဟိုမှာတင် တရားဝင်အောင်လို့ လုပ်ပေးတာ။
သုံးသောင်း၊ လေးသောင်းလောက် ကျန်သေးတယ်။ ကျန်တဲ့အလုပ် သမားတွေကို ဟိုမှာ နိုင်ငံသားစိစစ်ရေးလုပ်ပေးတယ်။
တရားဝင်အလုပ်သမားဖြစ်သွားပြီဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ တရားဝင်သွားလာနိုင်တယ်။ အဲဒီလိုမျိုးတွေ
လိုက်လုပ်ပေးတော့ တော်တော်လေး အဆင်ပြေတယ်။ တစ်သောင်း၊ နှစ်သောင်းလောက် ကျန်နိုင်သေးတယ်။
ဟိုမှာ ဒီက ၁၂ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ရှိ တယ်။ မလေးရှားနိုင်ငံ မြန်မာသံရုံးမှာထိုင်ပြီးတော့
သွားလုပ်ပေးတယ်။ အဲဒီမှာ ပြည်ထဲရေး၊ လဝက နဲ့ အလုပ်သမားက ဝန်ထမ်းတွေပါတယ်။
မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး ဒီလုပ်ငန်းကို ၂ဝ၁၅ နှစ်ကုန်တဲ့အထိ ဆက်လုပ်ခွင့်ပေးမယ်ဆိုတော့ ကျန်တဲ့ အလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး မှန်လို့ရှိရင် နိုင်ငံသားထုတ်ပေးမယ်။ မြန်မာနိုင်ငံကို ပြန်ချင်တဲ့ လူရှိရင် မြန်မာနိုင်ငံသားစိစစ်ပြီးတော့ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးမှသာ မလေးရှားလဝကက မြန်မာနိုင်ငံကို ပြန်ဖို့ခွင့်ပြုတာပါ။ အဲဒါတွေလည်း လုပ်ပေးတဲ့အတွက် တချို့လည်း ကိုယ့်နိုင်ငံကို ပြန်တဲ့ လူလည်း ပြန်ကြတယ်။ အချို့လည်း ဟိုမှာဆက်ပြီးအလုပ်လုပ်နေကြတယ်။ အထောက်အထားတွေနဲ့ တရားမဝင်တဲ့ သူကနေ တရားဝင်ရအောင် ဒါတွေကို ဆက်လုပ်ပေးနေပါတယ်။ ဒါက မြန်မာနိုင်ငံအတွက် အထူးအခွင့်အရေးပါပဲ။ မလေးရှားမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက သွားရောက်အလုပ်လုပ်ကိုင်ကြတယ်။ ဒီလို အခွင့်အရေးမျိုး မြန်မာနိုင်ငံတစ်နိုင်ငံကိုပဲ သီးခြားအခွင့် အရေးပေးထားတယ်။ သမ္မတကြီးဦးဆောင်တဲ့အဖွဲ့သွား တော့ နှစ်နိုင်ငံညှိနှိုင်းပြီး မြန်မာအလုပ်သမားတွေအတွက် အများကြီးအကျိုးရှိတာပေါ့။

ဟိုမှာရှိတဲ့အဖွဲ့က
၂ဝ၁၄ ခုနှစ် ဧပြီလကတည်းက ၂ဝ၁၅ နှစ်ကုန်တဲ့အထိ လုပ်ပေးမှာ။ အလုပ်သမားတွေ မပြန်သေးရင်လည်း
ဆက်လုပ်ပေးဖို့တောင်းဆိုရမှာပါ။ တရားမဝင်တဲ့ အလုပ်သမားတွေ တရားဝင်ဖြစ်သွားတာပေါ့။ သို့သော်လည်းပဲ
မြန်မာနိုင်ငံကနေ တရားဝင်သွားနိုင်ရဲ့သား နဲ့ ဘာလို့ တရားမဝင်သွားရောက်ကြသလဲ။ ဒီမှာ
တရားဝင် အလုပ်အကိုင် အေဂျင်စီ ၂ဝဝ ကျော် လောက်ရှိတယ်။ ဒီကနေ နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်နဲ့
အလုပ်လုပ်ခွင့် ကိုင်သွားမယ်ဆိုရင် ဟိုရောက်ရင် ဘယ်သူမှ ကြောက်စရာမလိုဘူး။ တရားမဝင်
သွားခြင်းဆိုတာက ပွဲစားတွေရဲ့ လိမ်ခြင်းကိုခံရတာပဲ။ ပိုက်ဆံလည်း အများကြီး ကုန်တယ်။
အခု တရားဝင် လုပ်လိုက်တော့ ပိုက်ဆံလည်း မကုန်ဘူး။ အလိမ်အညာလည်း မခံရဘူး။ ပိုက်ဆံတွေ
အများကြီး ပေးပြီး ပွဲစားတွေရဲ့ အလိမ်အညာတွေ မခံကြပါနဲ့။ တစ်ခုခု ဖြစ်လာရင် ဘယ်သူမှလည်း
မကယ်နိုင်ဘူး။ ပွဲစားတွေလည်း ဘယ်ပျောက်သွားမှန်း မသိဘူး။ ဥပဒေကြောင်းအရ အကာအကွယ်ပေးတဲ့နေရာမှာ
အခက်အခဲတွေဖြစ်လာ နိုင်တယ်။ ဒါ့ကြောင့် အားလုံး တရားဝင်လုပ်ပြီး သွားကြ ပါလို့ ပြောချင်ပါတယ်။
ဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး
မလေးရှားနိုင်ငံက
ခရီးသွားလုပ်ငန်းတော်တော်လေး ဖွံ့ဖြိုးပါတယ်။ ရပ်နီးရပ်ဝေးက ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းလောက်အထိ
လာနေပါတယ်။ ဒါကိုဆက်ပြီး တိုးတက် လာအောင် မြှင့်တင်တာ၊ ကြော်ငြာတာတွေနဲ့ ထိန်းသိမ်း
ဆောင်ရွက်နေပါတယ်။ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့
မိတ်ဖက်နိုင်ငံတွေ ဖြစ်ပြီး ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တော့ လည်း ဒေသတွင်းမှာ
အမြဲတမ်းပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အခုချိန်မှာ အာဆီယံဒေသကို တစ်ခုတည်းသော ခရီးစဉ်ဒေသအဖြစ် ထူထောင်တဲ့နေရာမှာ မလေးရှားနဲ့ သာမက အခြားနိုင်ငံတွေနဲ့ပါ ဆက်စပ်ပြီး ဆောင်ရွက် ရတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ မလေးရှား က စတင်ပြီး ဦးဆောင်ဦးရွက်ပြုတဲ့ အစီအစဉ်ကို ဒီနှစ်ထဲ မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အခုလ လေးရက် နေ့က ဘာလင်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာခရီးသွားပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့လည်း အကြီးကျယ်ဆုံး ပါဝင် ပြသခဲ့ပါ တယ်။ အလားတူပဲ မလေးရှားကလည်း ပါဝင်ပြသပါတယ်။ အဲဒီမှာ ဒီအစီအစဉ်ကို ကျွန်တော်ဦးစီးပြီးတော့ပဲ လုပ်ငန်းမြှင့်တင်မှု ကြော်ငြာတွေ လုပ်ခဲ့ပါတယ်။ လုပ်ငန်းမြှင့်တင်မှု ကြော်ငြာတွေကို ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်အောင်နဲ့ မလေးရှားရဲ့ လူသားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးနေတာကို ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုး အောင်လည်း ပေါင်းစပ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ခရီးသွားလာရေးဖွံ့ဖြိုးဖို့အတွက် မလေးရှားက လုပ်ငန်းရှင်၊ ကုမ္ပဏီတွေကို မြန်မာနိုင်ငံက ခရီးစဉ်ဒေသ တွေကို ဖိတ်ခေါ်မိတ်ဆက်ပြသပေးသွားမှာဖြစ်ပြီး မလေးရှား ပြည်သူတွေသာမက နိုင်ငံတကာက ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံက စိတ်ဝင်စားဖွယ်နေရာဒေသတွေကို လာရောက်လည်ပတ်ဖို့ အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးရဲထွဋ်၊ ပြည်ထောင်စုဝန်ကြီး
မလေးရှားနိုင်ငံကို
ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တာမှာ တရားဝင်နဲ့ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့
အခွင့်အရေးနဲ့ တရားဝင် အလုပ်လုပ် ကိုင်ခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့တယ်။
နောက်တစ်ချက်က ဒီနှစ်ထဲမှာ နှစ်နိုင်ငံပူးတွဲ အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့တယ်။ မလေးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့အခါမှာ အာဆီယံဒေသတစ်ခုလုံး ရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ အစီအစဉ်တစ်ခု ဆောင်ရွက်နေတာရှိပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က နေပြည်တော် မှာ ကျင်းပခဲ့တဲ့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့တယ်။ ဒါကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့တယ်။
နောက်တစ်ခုက အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းပေးဖို့ ကိစ္စနဲ့ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းတွေ ဆွေးနွေး ခဲ့ပါတယ်။ ခရီးစဉ်က အချိန်တိုပေမယ့် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါ ကဏ္ဍအတော်များများမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ပူးပေါင်းဆောင်ရွက်မယ့် ဧရိယာအားလုံးအတွက်လည်း သဘောတူညီမှုတွေ ယူခဲ့တယ်။

ဟိုတယ်/ခရီးက
ပြီးခဲ့တဲ့ အာဆီယံမှာ လက်မှတ်ထိုးခဲ့ တယ်။ ဒီလလဆန်းက ဘာလင်မှာ ကျင်းပခဲ့တဲ့ ခရီးသွား
ပြပွဲမှာ ဒါကို Promotion လုပ်ခဲ့တယ်။ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းကို မြှင့်တင်နေတာကြာပြီ။
သို့သော် အာဆီယံ ဒေသကြီးတစ်ခုလုံးအနေနဲ့ အာဆီယံဒေသမှာရှိတဲ့ မတူ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ
၊ အနုပညာတွေ စွမ်းဆောင်မှု ရှိတာတွေကို အခုလိုပေါင်းပြီး အာဆီယံဒေသကြီးတစ်ခု လုံးအနေနဲ့
မြှင့်တင်ဆွဲဆောင်ဖို့အတွက် ဆောင်ရွက် တာဖြစ်ပါတယ်။
နောက်တစ်ခုက သမ္မတကြီး အဓိကထားတာက တနင်္သာရီ မြိတ်ကျွန်းစု ဒေသက Eco Tourism အတွက် အလွန်ကိုအလားအလာကောင်းတယ်။ ဒီဒေသရဲ့တောင်ဘက် ကို ဆက်ဆင်းလိုက်ရင် မလေးရှားနိုင်ငံမှာ ရှိတဲ့ လန်ကာဝီ တို့ ဘာတို့မှာ ဒီလုပ်ငန်းက ဖွံ့ဖြိုးနေပြီဖြစ်လို့ ဒီနှစ်ခုကို ချိတ်ဆက်ဆောင်ရွက်နိုင်ရင် တော်တော်အကျိုးရှိမယ်။ ဟိုအရင်ကတည်းက မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပီနန်က ဆက်ဆံရေး အလေ့အထတွေ ရှိပြီးသားဖြစ်လို့ အဲဒီ လမ်းကြောင်းကို ပြန်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ပညာရေးနဲ့ ပတ်သက်လို့
အဓိကက မလေးရှားက တက္ကသိုလ်နဲ့ မြန်မာတက္ကသိုလ်တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ပါ။
ဒါကို ပညာရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာပါ။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု
ကော်မတီ၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး တွေကနေ အသေးစိတ် ဆွေးနွေးဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။

No comments:
Post a Comment