Thursday, March 19, 2015

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ ကွဲလွဲချက် အများစုအား တတိယနေ့ အစည်းအဝေး တွင် နှစ်ဖက်အဖွဲ့များ သဘောတူညှိနှိုင်းနိုင်





ရန်ကုန်  မတ်    ၁၉
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် (၇) ကြိမ်မြောက် ဆွေးနွေးပွဲအား မတ်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီက တတိယ မြောက်နေ့အဖြစ် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ဆက်လက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းသို့တွေ့ဆုံဆွေးနွေး ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေး စာချုပ်မူကြမ်းတွင် ပါဝင်သော ပဋိပက္ခလျော့ ချရေး နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေး သဘောတူညီမှု ရရှိခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ( UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT)တို့၏ (၇) ကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲသည်  (၁) ပဋိပက္ခလျော့ ချရေး၊ (၂) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ပါတပ်ပိုင်းဆိုင်ရာကိစ္စ များကို ဆွေးနွေး ခြင်း၊ (၃) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေး သောအချက်များဆွေးနွေးခြင်းစသည့် အချက်၃ချက်အားအဓိထား ဆွေးနွေးကြခြင်း ဖြစ်သည်။
UPWC နှင့် NCCT တို့၏ (၇)ကြိမ်မြောက်တွေ့ဆုံခြင်း တတိယနေ့အစည်းအဝေးအပြီးတွင် MPC မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်၏ တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦး၊ NCCT အဖွဲ့ဝင် များဖြစ်ကြသည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး-CNF) နှင့် ဒေါ်စောမြရာဇာလင်း ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ-ALP) တို့က မီဒီယာများနှင့်တွေ့ဆုံ၍ ယနေ့ပြုလုပ်သည် တတိယနေ့ဆွေးနွေးပွဲအပေါ် ရှင်းလင်း ပြောကြား ခဲ့ကြသည်။
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း (Singal Text)တွင် အခန်း (၇) ခန်းပါ ၀င်ကြောင်း၊ အခန်း ၁ မှ ၃ အထိ အပြီးသက်ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အခန်း ၄ တွင် ဆွေးနွေး ရန်အတွက် စကားလုံးအသုံး အနှုန်းတစ်ခု သာကျန်ရှိတော့ကြောင်း၊ယနေ့ပြုလုပ်သည့် တတိယ နေ့ဆွေးနွေး ပွဲတွင် အခန်း ၅ အားဆက်လက်ဆွေးနွေးလျက်ရှိကြောင်း၊ အခန်း (၆) နှင့် (၇) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ပွဲဆိုင်ရာကိစ္စများ ဖြစ်၍ လမ်းပြမြေပုံ Road Map ဆွေးနွေးရန် အဆင်ပြေပါက ကျန်သည့် အပိုင်းများတွင်စွာ လွယ်ကူစွာ ဆွေးနွေးနိုင်တော့ မည့်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက မီဒီယာတွေ့ ဆုံပွဲ တွင် ပြောကြားသည်။
ယခင်ဆွေးနွေးပွဲများ၌ နှစ်ဖက် ညှိနှိုင်းရန် ခက်ခဲ့သော “တော်လှန်ရေး” ဟူသည့် စကားလုံးအသုံး အနှုန်းကို ပင် နှစ်ဖက်ညှိနှိုင်း လက်ခံနိုင်ခဲ့သဖြင့် ဆွေးနွေးပွဲအခြေအနေ တိုးတက်ခဲ့ ကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသော နိုင်ငံရေး ဆန္ဒကို အသိအမှတ်ပြုသော အားဖြင့် ဆိုတဲ့ စကားလုံးတွေနဲ့ ကျွန်တော်တို့ ရေးထားတာ ဖြစ်တဲ့အတွက် အရင်က တစ်ဆို့နေတဲ့ တော်လှန်ရေး စကားလုံး လည်း ပြေလည်သွားပါပြီ။ တော်လှန်ရေး ဆိုတဲ့ စကားလုံးကို လက်ခံလိုက်တယ်ဆိုတော့ ဆွေးနွေးပွဲအခြေအနေ အတော်ကို တိုးတက်တယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရပါတယ်။” ဟု ယင်းက မီဒီယာများ အား ဆွေးနွေးပွဲအပြီး၌ ပြောကြားခဲ့သည်။
မတ်လ (၂၀) ရက်နေ့တွင် ပြုလုပ်မည့် စတုတ္ထနေ့ တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း) တွင် ပါဝင်သည့် ကျန်ရှိနေသည့် အခန်းများ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်အား ပူးတွဲအကောင်အထည်ဖော်ရန် အတွက် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ Structure (ဖွဲ့စည်းမှုပုံသဏ္ဍာန်) ၊ နှင့် လမ်းပြမြေပုံ (Road Map) ကိစ္စရပ်များကို မတ်လ (၂၀) ရက်နေ့တွင် ပြုလုပ်မည့် စတုတ္ထနေ့ တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment