Sunday, March 29, 2015

ပြည်နယ်ဝန်ကြီးချုပ် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




မြစ်ကြီးနား မတ် ၂၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင်
ကွင်းဆင်းဆောင်ရွက်ရာ ရှေးဦးစွာ အောင်မြေသာစံပြကျေးရွာ၌ တည်ထားကိုးကွယ်မည့် ရန်ပြေမာန်ပြေ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုတောင်းပြည့်စေတီတော် ကြီး၏ စေတီအ၀င်မုဒ်ဦး တည်ဆောက်ပြီးစီးမှု၊ ဘုရားစောင်းတန်း အမိုးနှင့် လှေကားထစ်များ တည်ဆောက်ပြီးစီးမှု၊ ရင်ပြင်တော်ပေါ်တွင် ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦများ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ပြည်နယ် ၀န်ကြီးချုပ်၏ လှူဒါန်းမှုဖြင့် ဘုရားထီးတော်တင်မည့် နေ့ရက်အတွင်း စောလျင်စွာပြီးစီးရေးနှင့် ထီးတော်တင် အလှူပွဲတော်နေ့ တွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်ပြည်နယ် ၀န်ကြီးချုပ်သည် ပလနကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ငွေလုံးငွေရင်းဖြင့် ပြည်နယ်လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန်ခိန်ရွှေစက်ရပ်ကွက်မှ ငွေပျော်စံပြ ကျေးရွာသစ်သို့ သွယ်တန်းမည့် လျှပ်စစ်ဓါတ်အားလိုင်းအတွက် ကွန်ကရစ်မီးတိုင်များစိုက်ထူ၍ 11KVA ကြိုးလိုင်း ပြေးဆွဲနေမှုနှင့် ထရန်စဖော်မာ တည်ဆောက်နေမှု၊ မန်ခိန်ရပ်ကွက်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနား-နောင်ပုံ-ပိုးစာခြံလမ်း ကတ္တရာခင်း ကျင်းနေမှုနှင့် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် အထပ်မြင့် ၀န်ထမ်းအိမ်ရာများ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးပြီး ၀န်ထမ်းအိမ်ရာအတွင်း ကစားကွင်း၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ တည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းဆောင်ရွက်ပေပြီး သတ်မှတ်အချိန်အတွင်း စောလျင်စွာဖြင့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးရေး မှာကြား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌတို့နှင့်အတူ မန်ခိန်ရပ်ကွက်၌ တည်ဆောက် လျက် ရှိသည့် ပြည်နယ်လွှတ်တော် အဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် ချက်များကို မှာကြားကာ တပ်ကုန်း ရပ်ကွက်လမ်းသွယ် (၁၁) ၌ စည်ပင်နှင့်ပြည်သူတို့ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိသည့် ကတ္တရာလမ်း ခင်းကျင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများအား မြို့ရွာလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းမှာကြားသည်။


No comments:

Post a Comment