နေပြည်တော် မတ် ၂၉
ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်သည် နေပြည်တော်ကောင်စီ နယ်မြေတွင်းရှိ ကြံသီးနှံ၊ နှမ်းသီးနှံနှင့် စပါးသီးနှံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းတာဝန်ထမ်းဆောင်
နေကြသော ၀န်ကြီးဌာန လက်အောက်ရှိ အင်ဂျင်နီယာများ၊ စိုက်ပျိုးရေး ပညာရှင်များကို ယနေ့
နံနက် (၇) နာရီတွင် စိုက်ကွင်းများအတွင်း အားပေး ဂုဏ်ပြုခြင်းများ ဆောင်ရွက်သည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ
လေယဉ်ကွင်းအနီး၌ စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာနမှ တောင်သူပညာပေး စိုက်ပျိုးပြသ ထားသော
တစ်ဧက ပျှမ်းမျှ တန်(၆၀)ထွက်ရှိသည့် သိပ္ပံနည်းကျ
ကြံသီးနှံစိုက်ခင်း၊ ရန်အောင်မြင်
ကျေးရွာအနီးရှိ တဆက်တစပ်တည်း ဧက (၅၀၀) ရန်အောင်မြင် ဆည်ရေသောက်စနစ် စိုက်ကွင်း၊ ဟိုတယ်ဇုန် အနီး တဆက်တစပ် တည်း စက်မှုလယ်ယာမြေစနစ်
ဧက (၃၀၀၀) စိုက်ကွင်းရှိ ပုလဲသွယ် F-1 မျိုးစေ့ထုတ် စိုက်ခင်း၊ ငလိုက်လက်တံ (၁) မြောင်းဝဲယာရှိ ပုလဲသွယ် နွေစပါးစိုက်ခင်းများကို မော်တော်ယဉ်များဖြင့်
ကြည့်ရှု ကြပြီး တောင်သူ လယ်သမားနေ့ လယ်ယာထူးချွန်ဆုရ လယ်သမားကြီး ဦးကျော်ဝင်း၏ တဆက်တစပ်တည်း
(၁၀)ဧကစိုက်ခင်း၌ ပုလဲသွယ် စပါးများ၊ တဆက်တစပ်တည်း ပုလဲသွယ်စပ်မျိုးစပါးဧက(၁၀၀) မျိုးစေ့ထုတ်
စိုက်ကွင်းအနီးတွင် ယခု နွေစပါးမျိုးစေ့ထုတ် လုပ်ငန်းမှ ထွက်ရှိလာသည့် ပုလဲသွယ်
F-1 မျိုးစေ့များကို တောင်သူ လယ်သမားများထံ အချိန်မီ၊ အချိန်ကိုက် အရည်အသွေးစံချိန်၊
စံညွှန်း ကိုက်ညီအောင် ထုတ်လုပ်ခြင်း၊ ခေတ်မီ စက်များဖြင့် မျိုးစေ့သန့်စင်ခြင်း၊ ခေတ်မီစက်
များဖြင့် မျိုးစေ့များ ထုပ်ပိုးခြင်းတို့အား ဆောင်ရွက်နိုင်ရန် ခေတ်မီ အအေးခန်း သိုလှောင်ရုံ
တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုပြီး လုပ်ငန်း ခွင် သဘာဝဘေးအန္တရယ်ကင်းရှင်းရန်နှင့်
ထွက်ရှိလာသော စပါးမျိုးစေ့များကို အချိန်မီ
ထားသိုပြီး အရည်အသွေး စံချိန်၊ စံညွှန်းထိမ်းသိမ်းနိုင်ရန် အတွက် နိုင်ငံခြားမှ
ခေတ်မီ မျိုးစေ့သန့်စင်စက်များ၊ ခေတ်မီထုပ်ပိုးစက်များ အချိန်မီ အချိန်ကိုက် ရောက်ရှိရေး
တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ချိုင်းကျေးရွာအနီး
တောင်သူပညာပေးစိုက်ခင်း၌ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံမူရင်မျိုး တိုက်ရိုက်ရေပေး စနစ်ဖြင့်
စိုက်ပျိုးထားသော မာလကာသီးနှံ တစ်ဧက စိုက်ခင်းနှင့် ကညွတ်သီးနှံ စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။
No comments:
Post a Comment