Wednesday, March 18, 2015




ရခိုင်ကမ်းရိုးတန်းသွား အောင် တံခွန်-၃ ခရီးသည်ရေယာဉ် တိမ်း မှောက်နစ်မြုပ်ခဲ့မှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ကျောက်ဖြူ ရေတပ်စခန်းမှ တာဝန်ရှိသူများ၊ နာရေးကူညီမှုအသင်းတို့သည် ဒေသ ခံပြည်သူများနှင့်ပူးပေါင်းကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ အဆိုပါကူညီကယ် ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူ များကို တွေ့ဆုံမေးမြန်းခဲ့မှုများအား တင်ပြအပ်ပါသည်။


ဦးမောင်မောင်အုန်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
အခုဖြစ်တဲ့ပြဿနာကို ပြန်သုံး သပ်မယ်။ ဆုံးဖြတ်မယ်။ အစိုးရ ဆိုတာကတော့ ပြဿနာတစ်ခုဖြစ် လာရင် တာဝန်ရှိတဲ့သူကို ပြည်သူ တွေက မဖော်ထုတ်ခိုင်းလည်း ဖော်ထုတ်ရတာပဲ။ သေသွားတဲ့သူတွေ ကို ၁၁ သိန်း ထောက်ပံ့တယ်။ နောက် တစ်ခါ အသက်ရှင်တဲ့သူတွေကို သုံး သိန်းခွဲငွေကြေးအားဖြင့် လူ့အသက် ကို တန်ဖိုးဖြတ်လို့တော့ မရပါဘူး။ ကျန်ရှိတဲ့သူတွေရဲ့ အခက်အခဲတွေ ကို အတတ်နိုင်ဆုံးပေါ့။ တချို့လည်း နှစ်ယောက်သေတယ်။ တချို့လည်း သုံးယောက်သေတာရှိတယ်။ သူတို့မှာ လည်း စိတ်ဒဏ်ရာခံစားနေရတာ ကိုယ်ချင်းစာပါတယ်။ သူတို့ကို အတတ်နိုင်ဆုံး ဖြေသိမ့်ပေးရမယ်။ ကူညီပေးရမယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကုန်လုပ်ပေးရမယ်။ လူမှုဝန်ထမ်းမှာ အားလုံးစာရင်းပေးပြီး သူတို့ရဲ့အခက်အခဲတွေကို ပြန်လည် စုစည်းပြီးရင် လုပ်ပေးသင့်တာအားလုံး ထဲက ဦးစားပေးအလုပ်အကိုင်ရရှိရေး ကိစ္စတွေ၊ နေရာချထားရေးကိစ္စတွေ အားလုံးကိုသူ့တို့ရဲ့ အသက်အရွယ်နဲ့ ပညာအရည်အချင်းပေါ် မူတည်ပြီး တော့ နစ်နာခဲ့တဲ့၊ ခံစားမှုရှိခဲ့တဲ့သူတွေ အတွက်၊ ဘဝမှာ ဖြေသိမ့်ပြီးတော့မှ အနာဂတ်ကို ကျော်ဖြတ်နိုင်အောင် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေး သွားမှာပါ။

ဦးကိုကိုနိုင်
တိုင်းရင်းသားရေးရာဝန်ကြီး
ငပသုန်ကျေးရွာ အုပ်စုထဲက ကျေးရွာအုပ်စုမှူးတွေ ဦးဆောင်တဲ့ အဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက် နိုင်ခဲ့တယ်။ ၈ နာရီခွဲ စဖြစ်ဖြစ်ချင်း ပေါ့။ အကွာအဝေးက အနည်းဆုံး နာရီဝက်တောင်မကြာပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ အဲ့ဒီနေရာက ငါးဖမ်း ကွက်။ ငါးဖမ်းကွက်ဆိုတာ တံငါသည် တွေရဲ့ အဓိကလုပ်ငန်း။ အဲ့ဒီနေရာမှာ သူတို့ ငါးဖမ်းစက်လှေတွေ အနီး အနားမှာရှိတယ်။ အဲ့လိုရှိတာနဲ့ အဆင်သင့်ဖြစ်သွားတဲ့ အနေအထား တွေဖြစ်တယ်။ ဖြစ်တာနဲ့ ဖြစ်ဖြစ် ချင်းကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြတယ်။ ကျောက်ဖြူအဖွဲ့၊ မြေပုံ အဖွဲ့တွေ မနက်မိုးသောက်ရောက် တယ်။ ဒါပေမယ့် ဒေသခံအနီးပတ်ဝန်း ကျင် ရွာရှစ်ရွာရှိတယ်။ ပြီးရင်အုပ်ချုပ် ရေးမှူးတွေ၊ ကျေးရွာလူထုတွေ၊ တံငါသည်တွေ ပူးပေါင်းပြီးတော့ လူမှုရေးစိတ်ဓာတ် အပြည့်အဝနဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း ကိုယ့် လူမျိုးအချင်းချင်း အတိဒုက္ခရောက် နေတယ်ဆိုတဲ့အခါမှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြလို့ အခုလိုမျိုး အထိုက်အလျောက် ကယ်ဆယ်လိုက် နိုင်တဲ့ အနေအထားဟာ တကယ့်ကို ဂုဏ်ယူစရာ ကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦး
ပထမဦးဆုံး သင်္ဘောမှောက် ပြီဆိုတော့ သင်္ဘောပေါ်မှာပါတဲ့ လုံခြုံရေးသုံးယောက်က သင်္ဘောဝမ်း ထဲကို ဝင်တယ်။ ရေဝင်တော့ ပုံးတွေနဲ့ အားလုံးပက်ပေးတယ်။ ကူပြီးတော့ ပက်ထုတ်ပေးတယ်။ ကျန်တဲ့ ဆရာ နှစ်ယောက်ကတော့ ခရီးသည်တွေကို ငြိမ်အောင် ထိန်းပေးတယ်။ နောက်ပြီး တော့ ကုန်ပစ္စည်းတွေကို နေရာရွှေ့တဲ့ ဆရာက ရွှေ့ပေးတယ်။ အဲ့လိုမျိုး လည်း ဆောင်ရွက်ခဲ့ပါတယ်။ ကယ် ဆယ်ရေးတွေကတော့ ကျောက်ဖြူတို့ မြေပုံတို့ကတော့ လာတော့လာတယ်။ ဒါပေမဲ့ အမြန်တော့ မရောက်နိုင်ဘူး။ သူတို့ မိုးလင်းပိုင်းမှပဲ ရောက်လာ တယ်။ ညပိုင်းကတော့ မြောက်ကျင် ရယ်၊ ပိုက်ဆက်ရယ်ပေါ့။ အဲ့ဒီက တံငါ သည်လေးတွေက စက်လှေလေးတွေ နဲ့ သူတို့တတ်နိုင်သမျှ ကူညီပေးတယ်။ ကူညီပေးလို့လည်း အသက်ရှင်ခဲ့ရ တယ်။

ရဲမှူးကြီးနေမျိုး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး
နောက်ဆုံးအခြေအနေကတော့ ၆၁ ဦး ဆယ်ယူရရှိခဲ့ပြီးပြီ။ သင်္ဘော ထဲမှာ ဆက်ပြီးရှာဖွေဖို့တော့ လုပ်နေ တယ်။ သိပ်အများကြီးရှိနေဖို့လည်း မရှိပါဘူး။ အများပြောသလို ၃ဝဝ၊ ၄ဝဝ ဆိုတာလည်း မဟုတ်ပါဘူး။ ဒါတွေက လူတွေကို ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေတဲ့သဘော ပါ။ ပစ္စည်းတွေအတွက် ကိုယ်တွေ လက်တွေကို ဖြတ်ပြီးယူတယ်ဆိုပြီး အသံတွေ ထွက်တယ်။ ဒါတွေက လည်း လူတွေရဲ့ ကောလာဟလ စကားတွေဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ တာဝန်ရှိတဲ့ အလျောက် ဒါတွေကို ကယ်ဆယ် ရေးနဲ့ စစ်ဆေးကြပ်မတ်မှတ်တမ်းတင် တာတွေ၊ လိုအပ်တဲ့ဟာတွေ လုပ် နေပါတယ်။ တာဝန်ရှိတဲ့အရာ အားလုံးကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူပြီးတော့မှ ဆက်လက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင် ရွက်နေဆဲဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။

ဦးမြင့်ထွေး
ပြည်နယ်ကြက်ခြေနီဦးစီးမှူး (ဒုတိယတန်း)

အကြောင်းကြားတဲ့အချိန်မှာ နံပါတ်တစ်က ဖြစ်တဲ့နေရာက ကျောက်ဖြူနဲ့ မြေပုံနဲ့အလယ်မှာဖြစ်တဲ့ အတွက် မြေပုံရယ် ကျောက်ဖြူရယ် နှစ်ဖက်လုံးက ကြက်ခြေနီတွေ၊ အဲ့ဒီမှာ ဒုတပ်ရင်းမှူးတွေရှိတယ်။ အဲ့ဒီလူတွေနဲ့ ကျွန်တော်တို့ တစ်ဖက် ဆယ်ဦးလောက်နဲ့ ကယ်ဆယ်ရေး တွေ ထွက်ခိုင်းတယ်။ ပြီးမှ အဲ့ဒီမှာနေ ပြီးတော့ ကယ်တဲ့လူတွေကို ဘယ်လို လုပ်မယ်ဆိုတာကို အထက်အာဏာ ပိုင်တွေနဲ့ သူတို့ပေါင်းပြီး စီမံပြီးတော့ လုပ်တယ်။ ပြီးမှ ဒီဘက်ကိုကျတော့ အသက်ရှင်ပြီးတော့ ပြန်လာတဲ့သူတွေ ကို ဒီကိုရောက်ပြီးမှ ဆေးဝါးကုသမှု လိုတဲ့ သူတွေကို ဆေးဝါးကုသမှုခံယူ ဖို့ လုပ်တယ်။ ပြီးမှ ပုံမှန်ပကတိ အကောင်းလာတဲ့သူတွေကို နေရပ် ဒေသအရောက် ပြန်လည်ပို့ဆောင်ပြီး တော့ အလှူငွေတွေပေးတယ်။ ကယ် ဆယ်ရေးပစ္စည်းတွေပေးတယ်။ ပြီးမှ နေရပ်ဒေသအသီးသီးကို ပြန်ပြီးတော့ အရောက်ပို့ပေးတာတွေရှိတယ်။

No comments:

Post a Comment