Monday, March 23, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပါကစ္စတန်နိုင်ငံ အမျိုးသားနေ့သဝဏ်လွှာများပေးပို့

နေပြည်တော် မတ် ၂၃
၂ဝ၁၅ ခုနှစ် မတ် ၂၃ ရက်တွင် ကျရောက်သော ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ
ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ မမ်နွန်ဟူစိန် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂ဝ၁၅ ခုနှစ် မတ် ၂၃ ရက်တွင် ကျရောက်သော ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မူဟာမက် နဝပ်ဇ်ရှာရစ်ဖ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment