နေပြည်တော် မတ် ၂၆
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု
စတန်းဖို့ဒ်တက္ကသိုလ် ပါမောက္ခ ဂျိမ်းစ်ဒီဖီရွန် ခေါင်းဆောင်သည့် အပြည်ပြည်ဆိုင်ရာ မူဝါဒရေးရာဘာသာရပ်မဟာဘွဲ့
သင်တန်းသား၊ သင်တန်းသူများအား ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊
ဦးဝင်းမြင့်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကိုကိုဦး၊ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အစီအမံများ၊ နိုင်ငံတော်သမ္မတ၏ ပညာတော်သင်
ဆုရ ကျောင်းသား၊ကျောင်းသူများအား ပညာတော်သင်စေလွှတ်ရေး စီမံဆောင်ရွက်နေမှု၊ နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင်
ပြည်သူများ၏ မျှော်လင့်ချက် များအပေါ် ဦးစားပေး ဖြည့်ဆည်းခဲ့မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း
ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး
သင်တန်းသား၊သင်တန်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ပါမောက္ခ
ဂျိမ်းစ်ဒီ ဖီရွန် ခေါင်းဆောင်သည့် အပြည်ပြည်ဆိုင်ရာ မူဝါဒရေးရာ ဘာသာရပ် မဟာဘွဲ့သင်တန်းသား၊သင်တန်းသူများနှင့်အတူ
စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။
No comments:
Post a Comment