Friday, March 27, 2015

နိုင်ငံသားတိုင်းနေရာဒေသမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လူ့မျှော်မှန်းသက်တမ်းညီတူညီမျှ တိုးမြှင့်စေရေး အားစိုက်ဆောင်ရွက်ခဲ့


နေပြည်တော် မတ် ၂၆
နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း ၂ဝ၁၅ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC 2) ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားကျန်းမာရေး ကော်မတီဝင်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အလှူရှင်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲကာ နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နေရသည့်အပြင်(၂ဝ၁၅)ခုနှစ်တွင် ဦးစားပေး ဆောင် ရွက်နေရသည့်လုပ်ငန်းတာဝန်များမှာ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေး၊ ပညာရေး အဆင့်အတန်း မြင့်မား လာစေရေး၊ သန့်ရှင်းသော သောက် သုံးရေရရှိစေရေး၊ လျှပ်စစ်မီး လုံ လောက်စွာရရှိစေရေး၊ လမ်းပန်း ဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်ကဏ္ဍများ ဖြစ်ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျန်း မာရေးအသုံးစရိတ်ကို ပိုမိုတိုးမြှင့် ပေးပြီး ဆေးရုံဆေးခန်းအတွင်း အခမဲ့ဆေးကုသမှု စတင်ခဲ့ပြီးနောက် ပြည်သူများ၏ အိတ်ထောင်မှ စိုက် ထုတ်ကုန်ကျနေရသည့် ကျန်းမာရေး အသုံးစရိတ်ကို လျှော့ချရာတွင် သက်ဆိုင်ရာ စစ်တမ်းများအရ ၈ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု သိရှိရပါ ကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အနေဖြင့် နိုင်ငံသားတိုင်း နေရာဒေသမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ လူ့မျှော်မှန်းသက်တမ်းကို ညီတူညီမျှ တိုးမြှင့်စေရေးကို အား စိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံ သားတိုင်းလူ့မျှော်မှန်း သက်တမ်း ပိုရှည်ရန် အသက်တစ်နှစ်အောက် နှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ရန် အဓိကဆောင်ရွက်ရမည့်အကြောင်း ရင်းတစ်ရပ်ဖြစ်ပြီး ကာကွယ်ဆေး ထိုးခြင်းသည် အရေးပါဆုံးအချက် တစ်ခု ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ် တွင် အသက်တစ်နှစ်အောက် ကလေးများအတွက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ် ဆေး၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက်မေးခိုင်ရောဂါ ကာကွယ်ဆေး များနှင့် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ဝက်သက်နှင့် ပိုလီယိုရောဂါ ကာ ကွယ်ဆေးများနှင့် ၂ဝဝ၃ ခုနှစ်တွင် အသည်းရောင် အသားဝါ(ဘီ)ရောဂါ ကာကွယ်ဆေး ထပ်မံထိုးပေးနိုင်ခဲ့ ပါကြောင်း ။
၂ဝ၁၂ ခုနှစ်တွင် Haemo- philus influenza type –b ကာကွယ်ဆေးအသစ် ပါဝင်သည့် Pentavalent vaccine ကို နိုင်ငံတော်ဘဏ္ဍာငွေ ထည့်ဝင်မှုနှင့် စတင်ထိုးနှံ ပေးခဲ့ပြီးနောက် အသက် ငါးနှစ်အောက်ကလေးများ သေဆုံးမှု အများဆုံးဖြစ်စေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ သေ ဆုံးမှုကို သုံးပုံတစ်ပုံခန့်အထိ လျှော့ ချပေးနိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အသက် တစ်နှစ်အောက် ကလေးများ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရောဂါ (၈) မျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပြီး မြန်မာနိုင်ငံ၏ အသက် ငါး နှစ်အောက် ကလေးများ၊ သေဆုံးမှု အများဆုံး ဖြစ်စေသည့်ရောဂါများမှ ကာကွယ်ပေးခဲ့ပါကြောင်း၊ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်များအဖို့ မေး ခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးခြင်း ဖြင့် မိခင်နှင့်မွေးကင်းစကလေးကို မေးခိုင်ရောဂါမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။
ထောင်စုနှစ် ရည်မှန်းချက် အမှတ်(၄)ပြည့်မီစေရေး အသက်ငါး နှစ်အောက်ကလေးများ သေဆုံးမှု ကို အရှင်မွေး ၁ဝဝဝ တွင် ၄၃ ဦး အထိ လျှော့ချနိုင်ရန်အတွက် ကူးစက်ရောဂါ တားဆီးရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မား ရေးတို့သည် အဓိကကျနေပါကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး ကာကွယ်ဆေးလွှမ်းခြုံမှု ၈၈ ရာ ခိုင်နှုန်းရရှိခဲ့ပြီး ယခင်နှစ်များထက် တိုးတက်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း။
ပုံမှန် ကာကွယ်ဆေးထိုးလုပ် ငန်းများအပြင် အပိုဆောင်း ကာ ကွယ်ဆေးထိုး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေ ဖြင့်သော်လည်းကောင်း၊ နေရာဒေသ အလိုက်သော်လည်းကောင်း လို အပ်သလို ဆောင်ရွက်နေကြောင်း ကိုလည်း သိရှိရပါကြောင်း၊ ကာကွယ် ဆေးရရှိသင့်သည့် ကလေးများ တစ်ဦးတစ်ယောက်မျှမကျန်ရလေ အောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ယာယီကယ်ဆယ်ရေးစခန်း များ၊ ဝေးလံခက်ခဲ နေရာဒေသများ ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်များမှ လူအုပ် စုများကိုပါ ကာကွယ်ဆေးထိုးလုပ် ငန်းရောက်ရှိစေခဲ့ပါကြောင်း။
ထိုသို့ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေရန် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရရှိခဲ့သည့်မှတ်တိုင်များမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် မိခင်နှင့်မွေးကင်းစ ကလေး မေးခိုင်ရောဂါကို ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်မှ ကင်း ဝေးကြောင်း ကြေညာနိုင်ခဲ့ခြင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ဝက်သက် ရောဂါကြောင့် သေဆုံးမှုကို ၁၉၉ဝ ပြည့်နှစ် သေဆုံးမှုနှုန်း၏ ၉ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ပိုလီယို ကင်းစင်သည့် အခြေအနေကို ၂ဝ၁၄ ခုနှစ်၊ မတ် လတွင် ရရှိခဲ့ခြင်းတို့ပင် ဖြစ်ပါ ကြောင်း။
ထပ်မံ၍ ဝက်သက်ရောဂါ ကင်းစင်မှု၊ ဂျိုက်သိုးနှင့် မွေးရာပါ ဂျိုက်သိုးရောဂါ လျော့ကျမှုများကို ၂ဝ၂ဝ ပြည့်နှစ်တွင် ရရှိရန်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးအား ၂ဝ၁၅ ခုနှစ်တွင် ထည့်သွင်းထိုးနှံရန် လျာ ထားခဲ့ပါကြောင်း၊ ထို့အတွက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာ ကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ လနှင့် ဖေဖော်ဝါရီလများတွင် ဆောင်ရွက်ခဲ့ပါကြောင်း။
ကျောင်းအခြေပြု ကာကွယ် ဆေးထိုးအစီအစဉ်နှင့် တစ်နိုင်ငံလုံး ရှိ အသက်ကိုးလမှ ၁၅ နှစ်အထိ ကလေး ၁၇ ဒသမ ၄ သန်းခန့်ကို ကာကွယ်ဆေးထိုးနိုင်ရန် လျာထား ခဲ့ရာ ၇ ဒသမ ၈သန်း ထိုးပေးနိုင်ခဲ့ ပြီး ပြည်သူလူထုအခြေပြု ကာကွယ် ဆေးထိုး အစီအစဉ်တွင် အသက် ငါးနှစ်အောက် ကလေးအပါအဝင် ကျောင်းပြင်ပတွင် ရှိသည့်ကလေး ၈ ဒသမ ၇ သန်းကို ထိုးနှံပေးနိုင်ခဲ့ ၍ တစ်နိုင်ငံလုံး၏ ၉၅ ရာခိုင်နှုန်း လွှမ်းခြုံမှုရရှိခဲ့ပါကြောင်း။
ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း အောင်မြင်စေသည့် နောက် ထပ်အဓိကကျသော အကြောင်းရင်း များမှာ GAVI Vaccine alliance ၏ ရန်ပုံငွေပံ့ပိုးမှု၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့၏ နည်းပညာ ပံ့ပိုးမှု၊ အစိုးရမဟုတ်သော နိုင်ငံ တကာအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုနှင့် တာဝန်ရှိသူ အဆင့်ဆင့်၏မပြတ်ကြီးကြပ်ဆောင် ရွက်မှုများကြောင့်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်း ဆရာ၊ ဆရာမများ၏ ပူးပေါင်းပါဝင် မှု၊ တာဝန်ယူမှုကြောင့် ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် ကာ ကွယ်ဆေးရရှိစေရန် ဆောင်ရွက် နိုင်ခဲ့မှုကြောင့် ပညာရေးဝန်ကြီး ဌာနကို ကျေးဇူးတင်ဂုဏ်ပြုမှတ် တမ်းတင်အပ်ပါကြောင်း။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ နှင့် အခြားလူမှုရေးအသင်းအဖွဲ့ များအားလုံးကိုလည်း ကာကွယ်ဆေး ထိုးရမည့် ကလေးတစ်ဦးမျှမကျန် ရအောင် စည်းရုံးပြီး ကာကွယ်ဆေး ထိုးစုရပ်အရောက် ခေါ်ဆောင်လာ နိုင်ခဲ့ကြ၍ ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ထပ်မံ ထည့်သွင်းထိုးနှံရမည့် ကာကွယ်ဆေး အသစ်များနှင့် ပတ်သက်၍လည်း ကောင်း၊ ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း ဘေးကင်း ချော မွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ နည်းပညာဆိုင်ရာ အကူအညီများနှင့် ကျောထောက် နောက်ခံပြုပေးခဲ့သည့် အမျိုးသား အဆင့်ကာကွယ်ဆေးထိုး လုပ်ငန်း ဆိုင်ရာ အကြံပေးကော်မတီကို လည်းကောင်းလေးစားစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါ ကြောင်း၊ ထို့အပြင် ယခုလုပ်ငန်း အတွက် ပြည်သူလူထုစည်းရုံး လှုံ့ ဆော်ရေးလုပ်ငန်းများတွင် ကျယ် ပြန့်စွာ ဆောင်ရွက်ကူညီပေးခဲ့ ကြသည့် အနုပညာရှင်များ အားလုံး ကိုလည်း ကျေးဇူးတင်ရှိကြောင်း ကို မှတ်တမ်းတင်အပ်ပါကြောင်း။
နိုင်ငံတစ်ဝန်းလုံး ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင် ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် ဦးစီးဌာနများနှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများအားလုံး ကိုလည်း မြန်မာနိုင်ငံ ပြည်သူလူထု နှင့် ရင်သွေးငယ်များကိုယ်စား ကျေး ဇူးအထူးတင်ရှိကြောင်းကို ဂုဏ်ပြု ပြောကြားလိုပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ပံ့ပိုးသွားရမည် ဖြစ်သည့်အားလျော် စွာ နှီးနွှယ်သော ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးမှ မြန်မာ နိုင်ငံ၏ ရင်သွေးငယ်လေးများ၊ ကာ ကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ဆက် လက်ပူးပေါင်း ဆောင်ရွက်သွားကြ ပါစို့ဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုသီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြ သည်။
ထို့နောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်တို့က နိုင်ငံတစ်ဝန်း ဝက် သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာ ကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ် ငန်း(၂ဝ၁၅)ဂုဏ်ပြုမှတ်တမ်းလွှာ များကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများထံပေးအပ် သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြပြီး ခန်းမအတွင်းခင်းကျင်း ပြသထားရှိသည့် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြသည်။

No comments:

Post a Comment