ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း သည် ဒေါက်တာမောင်မောင်
ဌေး၊ ဒုတိယဝန်ကြီးဒေါက်တာ ဇော်မင်းအောင်၊ ဒေါက်တာဝင်းမြင့် တို့လိုက် ပါပြီး ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်း လိုင်းဖြင့် ထွက်ခွာခဲ့ရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့
ရောက်ရှိကြသည်။
ထို့နောက်ဒုတိယသမ္မတနှင့်အဖွဲ့သည် လားရှိုးမြို့ ပညာရေးကောလိပ်
သို့ရောက်ရှိပြီး (၃)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးရာကျောင်းအုပ်ကြီးက
၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွင်း ပင်မစာသင်ဆောင်၊ ခန်းမ၊ သိပ္မံဆောင်၊ ရှင်းလင်းဆောင်နှင့်
စားရိပ်သာ တည်ဆောက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတအား ကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆရာကြီးက
သင်တန်းသား/သင်တန်း သူများအားလက်ခံ သင်ကြားပေးနေမှု၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း ဝင်းအတွင်း
ကျောင်းဆောင်သစ်တည်ဆောက်နေမှု၊ ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်အ လိုက် တည်ဆောက်ထားရှိသည့် (၄)ခန်းတွဲ
ဝန်ထမ်းအိမ်ယာ ၊ ကျောင်းအုပ် ကြီးနေအိမ်၊ လက်တွေ့စာသင်ဆောင်၊ အမျိုးသမီးအမျိုးသား
(၂)နှစ်ထပ် အိပ်ဆောင် တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာ
ဇော်မင်းအောင်က ပညာရေးလေ့ကျင့်ရေးကောလိပ်များမှ ဆရာ/ ဆရာမများအား နှစ်စဉ်မွေး ထုတ်ပေးနေမှု၊
သင်ကြားရေး လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု၊ နေ့စားဆရာ/ ဆရာမများအားခန့်ထား
ပေးနိုင်မှုတို့ကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ်ဒုတိယသမ္မတက မြန်မာနိုင်ငံပညာရေး ကဏ္ဍတွင်
ကျောင်းသားဦးရေနှင့် ဆရာအချိုးမှာ လုံလောက်မှုမရှိသေးပါ ကြောင်း၊ အထူးသဖြင့် နယ်မြို့များတွင်
အပြည့်အဝမရ ရှိကြပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍလိုအပ်ချက်ဖြစ်သည့်
အဆောက်အအုံ၊ သင်ထောက်ကူပစ္စည်း၊ ဆရာ/ ဆရာမ လိုအပ်ချက်များကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးလျှက်ရှိပါကြောင်း၊
အခြေခံပညာကဏ္ဍတွင် အင်္ဂလိပ်ဘာသာရပ် ကျွမ်းကျင်မှုရှိစေရန်အတွက် နိုင်ငံတော်သမ္မတကြီး၏ ပြည်ပခရီးစဉ်တွင်
ဆောင်ရွက်ခဲ့မှုကြောင့် ဗြိတိသျှကောင်စီ၏ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များသို့ အင်္ဂလိပ် ဘာသာရပ်သင် ဆရာ/ဆရာမများအား စေလွှတ်၍ သင်ကြားပေးခဲ့ ပါကြောင်း၊
အဆောက်အဦအသစ်များ တည်ဆောက်ရာတွင် လိုအပ်သည့် အရည်အသွေး ပြည့်မီစေရန် အတွက် သုံးစွဲသည့်ပစ္စည်းများကို
တာဝန်ရှိသူ များက ကြီးကြပ် ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမ များကတပည့်များကို
အရည်အသွေး ထက်မြက်စေရန် သင်ကြားပေးရန် လိုအပ်သကဲ့သို့ ဆရာ/ ဆရာမများအနေဖြင့် လည်းမိမိတို့၏
အရည်အသွေးကို တိုးတက်စေရန် ကြိုးစားနေရမည်ဖြစ်ကြောင်း ဖြင့်မှာ ကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းဝင်း
အတွင်း အလျား၉၀ပေ ၊ အနံ၃၀ပေRCတစ်ထပ် ဆောင် နှင့် အလျား၂၀၀ပေ၊ အနံ၃၀ပေRCC နှစ်ထပ် စာသင်ဆောင်တည်
ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် လားရှိုးတက္ကသိုလ်သို့ရောက်ရှိပြီး
သုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌
ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများအား တွေ့ဆုံရာ ပါမောက္ခချုပ်က တက္ကသိုလ်သမိုင်းကြောင်း၊တည်နေရာ
အကျယ် အဝန်း၊(၃)ထပ်စာသင်ဆောင်၊ ပါမောက္ခချုပ်အိမ်၊ ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ (၄)ထပ်(၃)လုံးတည်ဆောက်နေမှု၊
လာမည့် ဘဏ္ဍာ ရေးနှစ်အတွင်း အိပ်ဆောင် နှင့် နားနေဆောင်၊ ကျောင်းသားအိပ်ဆောင်(၂)ရေရရှိရေး
အတွက် ဘဏ္ဍာငွေ ရရှိမှုအခြေအနေ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက တက္ကသိုလ်တစ်ခု၏ ဂုဏ်ပုဒ်
သည် ယင်းတက္ကသိုလ်၏အရည်အသွေးပင်ဖြစ်ပြီး မွေးထုတ်လိုက်သည့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏
အရည်အသွေးမြင့်မားပြီး အခြား တက္ကသိုလ်များနှင့်ယှဉ်ပြိုင်နိုင်မှသာ အဆိုပါတက္ကသိုလ်၏ပုံရိပ်မှာ
မြင့်တက်နေ မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖြစ်အောင်ဆိုလျှင် ဘာသာရပ် ဆိုင်ရာ ဆရာ၊ ဆရာမများ၏
အရည်အသွေး ကြိုးစားမှုနှင့် ခေတ်မီသင်ထောက်ကူပစ္စည်း များပြည့်စုံရန် လိုအပ်ပါကြောင်း၊
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပင်ကိုယ်ဥာဏ်ရည်ဥာဏ်သွေးကြိုးစား အားထုတ်မှုသင်ယူရသည့်
အခြေအနေ အဆင်ပြေမှုရှိစေရန် ဝန်းကျင်ကောင်း လိုအပ်ပြီးနိုင်ငံတကာတက္က သိုလ်များနှင့်
ချိတ်ဆက် ဆွေးနွေးနိုင်စေရန်နှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး ကိစ္စ ရပ်များတိုးတက်လာစေရန်
လိုအပ်ပါကြောင်း၊ တက္ကသိုလ်အုပ်ချုပ်ရေး ပိုင်းဆိုင်ရာအနေဖြင့်လည်း ဖြည့်ဆည်းပေးရန်ရှိသည်များကို
ဖြည့်ဆည်းပေး ရန်နှင့် ဘဏ္ဍာရေးသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အသုံးပြုရန် လိုအပ်ပါကြောင်း၊
တည်ဆောက်ရေးကိစ္စနှင့် အခြားလိုအပ်ချက်များအပေါ် အသုံးပြု သည့်အခါတွင်လည်း အရည်အသွေးမနိမ့်ကျစေရန်နှင့်
အလေ အလွင့်မဖြစ်စေရန်ကြီးကြပ်ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့်
ပညာရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်ကိုနှစ်စဉ်တိုးမြှင့် ပေးလျှက်ရှိပြီး ယခုဆိုလျှင် ဝန်ကြီး
ဌာန(၃၀)ကျော်တွင် ဦးစားပေး အဆင့်(၅)တွင်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးအရည်အသွေးမြင့်မားလာအောင်၊
နိုင်ငံတကာအဆင့်ထိမြင့်မားလာအောင် ဘဏ္ဍာရေးမလုံလောက်မှု ဝန်ထုပ် ဝန် ပိုးမဖြစ်အောင် နိုင်ငံတကာတွင်ကျင့်သုံးနေသည့်
နည်းလမ်းများအတိုင်း ပညာရေးဥပဒေနှင့်အညီ တက္ကသိုလ်နှင့်ကောလိပ်များကို သီးခြားရပ်တည်
သွားနိုင်ရန်နှင့် စီမံခန့်ခွဲသွားနိုင်စေရန် မူများချမှတ်နေပြီးဖြစ်ပါကြောင်း၊ မိမိတက္ကသိုလ်အလိုက်
လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိပါက တက္ကသိုလ်တစ်ခု နှင့်တစ်ခု အပြိုင်အဆိုင်ရှိလာပြီး
ရေရှည်ပို၍ တိုးတက်လာမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ယင်းနိုင်ငံ၏ပညာရေး
အတက် အကျပေါ်တွင်မူတည်ပါကြောင်း ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်နေသည့် တိုင်းပြည်များသည်
အစစအရာရာဖွံ့ဖြိုးတိုးတက်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးကဏ္ဍ တွင်ပါဝင်နေကြသည့် ဆရာ၊ဆရာမများ၊
ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးလုပ်ဆောင်မှုသည် တိုင်းပြည်၏အနာဂတ် ကို ဖော်ဆောင်နေသည့်အတွက်
ယခုထက်ပိုမိုကြိုးစား ဆောင်ရွက် သွားကြစေလိုကြောင်းဖြင့်မှာ ကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် လားရှိုးမြို့ ပြည်နယ် ဒုတိယအထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြည်နယ်ဒုတိယအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က
ပြည်နယ်အတွင်းရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီး
ဗိုလ်မှူးကြီးအောင်သူက ဘဏ္ဍာ ရေးနှစ်အလိုက် နယ်စပ်ဒေသ နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ
ဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက်ထားရှိမှနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကို
လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက “၀”ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသ ဟိုပန်မြို့တွင် သီလရှင်ကျောင်း တည်ဆောက်နေမှုနှင့် သာသနာရေးဆိုင်ရာများကို
လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ရှမ်းပြည်နယ် အတွင်း အခြေခံပညာကျောင်းများအဆင့်တိုးမြှင့်ပေးနေမှုနှင့်
ကျောင်းဥပ တိရုပ်ကောင်းမွန်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုအခြေအနေ များကိုလည်းကောင်း၊
ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျေးလက်ကျန်း မာရေးဌာနခွဲများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု
အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန် ရှိသူများက
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို
ရှင်းလင်းတင် ပြကြသည်။
ရှင်းလင်းတင်ပြ ချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များကိုမှာကြားပြီး
မြို့ရေပေးဝေရေးအတွက် ရေရှည်ကောင်းမွန်အောင် စနစ်တကျစီမံဆောင် ရွက် သွားကြရန်လိုကြောင်း
ပြည်သူလူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန် လျှပ်စစ်မီး ၊ ရေရရှိရေးဆောင်ရွက်ပေးရာတွင်
အရည်အသွေးပြည့်မီ စေရန်လို အပ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်
ပေးလျှက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရန်မှာလည်းလို အပ်ပါကြောင်းဖြင့်
မှာကြားခဲ့သည်။
No comments:
Post a Comment