အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၅၇/၂၀၁၄)နှင့် အဆင့်မြင့် စက်ချုပ်
သင်တန်းအမှတ်စဉ်(၄၀/၂၀၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၂၀ ရက် နံနက် ၉ နာရီက ဟားခါးမြို့
အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းက
သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ယခုလို နိုင်ငံတော်အစိုးရက နယ်စပ်ဒေသရှိ အမျိုးသမီးငယ်လေးများကို
အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးကာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်
အထူးအလေးထား ဆောင်ရွက်ပေးနေသည်ကို သင်တန်းသူများအနေဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊
အမျိုး/ ဘာသာသာသနာ ကို စောင့်ထိန်းလိုက်နာသော အမျိုးသမီးကောင်းများပီပီ ယဉ်ကျေးမှုတရားကို
လက်ကိုင် ထား၍ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး၏ ဂုဏ်ကို ဆက်လက် ထိန်းသိမ်းမြှင့်တင်
သွားကြရမည်ဖြစ် ပါကြောင်း၊ သင်တန်းမှ ရရှိလာသည့် ပညာရပ်များကို အခြေခံကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်နိုင်သည် အထိ ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် အဆင့်မြင့်စက်ချုပ်သင်တန်းထူးချွန်ဆုကို ပြည်နယ် ၀န်ကြီးချုပ်
ကလည်းကောင်း၊ အခြေခံ အိမ်တွင်းမှု သင်တန်းထူးချွန်ဆုကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းဦးက
လည်းကောင်း၊ သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းကျောင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ
ဦးလှစိုးက လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် အဆင့်မြင့် စက်ချုပ်သင်တန်းသူ(၁၆)ဦး၊ အခြေခံအိမ်တွင်းမှု
သင်တန်းသူ (၁၈)ဦး စုစုပေါင်းသင်တန်းသူ(၃၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၁၄)ပတ်
ကြာမြင့် ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment