နေပြည်တော် မတ် ၉
လောက်ကိုင်ဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက်
အလှူငွေပေးအပ်ပွဲအခမ်းအနားကို မတ် (၉) ရက် နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ
ဦးဝင်းရွှေက အလှူရှင် အားလုံးကိုယ်စား လှူဒါန်းရခြင်း အကြောင်းရင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ သိန်း
(၂၀)၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ဇီးပင်ကြီး၊ အလယ်အလတ်အဆင့် (အရာထမ်း)
စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅၄) သင်တန်းသား/သင်တန်းသူများမှ (၂)သိန်း၊ ဦးကျော်ကျော်စိုး
ဒုတိယညွှန်ကြားရေးမှူး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ (၁) သိန်း၊ လားရှိုးမြို့နှင့်ရန်ကုန်မြို့
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံးများ သို့ လာရောက်လှူဒါန်းငွေ (၃၆ ဒသမ
၉) သိန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား
တာဝန်ထမ်းဆောင်သည့် တပ်မတော်သားများအတွက် သိန်း (၃၀) စုစုပေါင်း (၈၉ ဒသမ ၉) သိန်းကျပ်နှင့်
အသုံးအဆောင်ပစ္စည်းများအား အလှူရှင်များကပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ
ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားရာ တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့်
ထောက်ပံ့မှုပေးနေသလို ပြည်သူလူထုများမှ လှူဒါန်းတဲ့ အလှူငွေနဲ့ ပစ္စည်းများကို လက်ခံရယူပြီး
ဘေးဒုက္ခသည်များထံသို့ ဆက်လက်ထောက်ပံ့ပေးခြင်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊
ယနေ့အချိန်အထိ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ငွေသားနှင့်ပစ္စည်းထောက်ပံ့မှု စုစုပေါင်း
ကျပ် (၈၇၁ ဒသမ ၄၄) သိန်းအား ထောက်ပံ့ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလိုအပ်တဲ့
နေရာများတွင် ထောက်ပံ့သွားရန် အဆင်သင့်ပြင်ဆင် ထားပြီးဖြစ် ပါကြောင်း၊ ယခုလိုစာနာစိတ်အပြည့်အဝနဲ့
အလှူငွေများကို လာရောက်လှူဒါန်းခြင်းအတွက် သက်ဆိုင်သူ စေတနာရှင်များအားလုံးကို အထူးကျေးဇူးတင်
ရှိပါကြောင်း၊ လှူဒါန်းရရှိပြီး အလှူငွေများနှင့် ပစ္စည်းများကို လောက်ကိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက်
အုပ်ချုပ်မှု အထောက်အကူကော်မတီမှတဆင့် ပြည်သူတွေထံ အမြန်ဆုံးရောက်ရှိအောင် ဆက်လက်ပေးပို့
ထောက်ပံ့ သွားမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

No comments:
Post a Comment