Sunday, March 22, 2015

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သဘာဝဘေးအန္တရာယ် လျော့ချရေး ဆိုင်ရာ ကမ္ဘာ့ကုလ သမဂ္ဂ ညီလာခံတက်ရောက်


နေပြည်တော် မတ်၂၂
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် တတိယအကြိမ် သဘာဝဘေး အန္တရာယ် လျော့ချရေး ဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံ (3rd  UN World Conference for Disaster Risk Reduction ) သို့တက် ရောက်ရန် ဂျပန်နိုင်ငံ ဆန်းဒိုင်မြို့သို့ မတ်(၁၃)ရက်မှ (၁၈)ရက် အထိသွား ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မတ်(၁၃)ရက်တွင် ဆန်းဒိုင်မြို့ MeySen Academy Schools သို့ရောက်ရှိပြီး မူကြို အရွယ် ကလေးများကို အင်္ဂလိပ်စာသင်ကြားပေးနေမှုတို့ကို ကြည့်ရှုပြီး အစည်း အဝေးခန်းမ၌ ၂၀၁၁ ခုနှစ် မတ်လ၌ ကျရောက်ခဲ့သော ငလျင်ဒဏ်နှင့် ဆူနာမီလှိုင်းများကြောင့် ပျက်ဆီးခဲ့ခြင်းများ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုအား ကြည့်ရှုပြီး နှစ်နိုင်ငံကြား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
မတ်(၁၄)ရက်  နံနက်ပိုင်းတွင် Sendai International Center ၌  တတိယအကြိမ် သဘာ ၀ဘေး အန္တရာယ် လျှော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ ဆက်လက်၍ Metropolitan Hotel ၌ ညီလာခံအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ ဘုရင့် နန်းတော်မှ ပေးပို့သော ဝက်သစ်ချ သီးပျိုး ပင်အား သတ်မှတ်ထားသောနေရာတွင် စိုက်ပျိုးပေးသည်။ ညပိုင်းတွင် ဆန်းဒိုင်မြို့ မြို့တော်ဝန်မှ တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။
မတ်(၁၅)ရက် မွန်းလွဲပိုင်းတွင် Exhibition Hall 2  ၌ Country Official Statement ပြောကြားရာတွင် ဟင်္သာတ မြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းကို အမြန်ဆုံး ဖွင့်လှစ်ရေး ဆောင်ရွက် ထားမှု၊ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာမှု အကူအညီ ပေးရေး ညှိနှိုင်းမှုဌာန ရန်ပုံငွေနှင့် အာဆီယံ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ရန်ပုံငွေများအား နှစ်စဉ် ထည့်ဝင်ထားရှိမှု၊ ၂၀၁၅ ခုနှစ် အလွန် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ မူဘောင်အား ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် UN-Habitat  မှ အမှုဆောင်အရာရှိချုပ် Mr. Joan Clos  နှင့်တွေ့ဆုံပြီး သဘာဝဘေးဒဏ် ခံစား ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက် ပိုမိုကောင်း မွန်အောင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ Build Back Better  နှင့်စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ဆွေးနွေး ကြသည်။
မတ်(၁၆)ရက်တွင် ဆန်းဒိုင်မြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေး လုပ်ငန်း များအား ကြည့်ရှုပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Kaatrud  နှင့် တွေ့ဆုံ ဆွေးနွေးသည်။
မတ်(၁၇)ရက်တွင် Sendai International Center, Room 1 & 2  ၌ ကမ္ဘာ့နိုင်ငံပေါင်း ၂၀  မှ ဝန်ကြီးများ အဆင့်  စားပွဲဝိုင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး Public  Investment  Strate  gies  for  Disater Risk Reduction   ခေါင်းစဉ်အား ဆွေးနွေးသည်။ ထို့နောက် Help  Age  Aisa   မှ ညွှန်ကြားရေးမှူး  Mr. Godfred Paul ဦးဆောင်သောအဖွဲ့တွေ့ဆုံပြီး နာလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး၊ သက်ကြီးရွယ်အိုများအတွက် သဘာဝ ဘေး လျော့ပါးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးသည်။

မတ်(၁၈)ရက်တွင် ညီလာခံပိတ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှ ၂၀၁၅ ခုနှစ်အလွန် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ မူဘောင်အားအတည်ပြုခဲ့သည်။

No comments:

Post a Comment