နေပြည်တော် မတ် ၆
လောက်ကိုင်ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိရာ
ယခုအခါ တပ်မတော်၏ နယ်မြေ စိုးမိုးရေးများ တိုးမြှင့်ဆောင်ရွက်လာ ခြင်းကြောင့် လောက်ကိုင်မြို့မှာ
တည်ငြိမ်မှု ရရှိလာပြီဖြစ်သဖြင့် ဒေသခံပြည်သူ များသည် လောက်ကိုင်မြို့သို့ ပြန်လည်ပြောင်းရွှေ့
နေထိုင် လျက်ရှိသည်။
ထိုသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ယနေ့တွင် နယ် နိမိတ်မှတ်တိုင်အမှတ်
၁၂၅ မှ အိမ် ထောင်စု ၂၇ စု၊ လူဦးရေ ၇၄ ဦးသည် လောက်ကိုင်မြို့သို့ ပြန်လည်ဝင် ရောက်လာခဲ့ရာ
တာဝန်ရှိသူများက ကြိုဆိုနေရာချထားမှုများ ဆောင်ရွက် ခဲ့သည်။
ထို့အပြင် လောက်ကိုင်ဒေသ၌ တိုက်ပွဲများဖြစ်ပွားခဲ့ချိန်က ပိတ်ထား ခဲ့သော ရန်လုံကျိုင်းနယ်စပ်
စစ်ဆေးရေး ဂိတ်ကို ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် စနစ်တကျစုဖွဲ့၍
ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ယင်းဂိတ်မှ လူဦးရေ ၁ဝ၆ ဦးသည်လည်း လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ
တာဝန် ရှိသူများက ကြိုဆိုနေရာချထားမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် နေထိုင်ကြသော တိုက်ပွဲရှောင်ပြည်သူများကို
လောက် ကိုင်ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး၊ တပ်မတော်အရာရှိကြီး များနှင့်
နယ်ဘက်ဆိုင်ရာတာဝန်ရှိသူ များက သွားရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။
လောက်ကိုင်မြို့သို့ တိုက်ပွဲရှောင် ပြည်သူများ ပြန်လည် ဝင်ရောက်လျက် ရှိရာ ယနေ့အထိ
အိမ်ထောင်စု ၉၄၆ စု၊ လူဦးရေ ၂၇၄၆ ဦး ပြန်လည် ဝင်ရောက် အခြေပြုနေထိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment