Wednesday, March 25, 2015

မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်၍ အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း ကြေညာခြင်း




၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး အာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ် ဆေးလျက်ရှိပါ သည်။
၂။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများဖြစ်သဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သည့် ဆေးဝါးများဖြစ်ကြောင်း၊ အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေး အပ်ပါသည်။

၃။ အများပြည်သူတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ဆေးဝါးများကိုသာ စူးစမ်းဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။
၎။ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချ သည့် ဆေးဆိုင်များသည် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်း ရင်းဆေးဝါး များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးထားသည်။

No comments:

Post a Comment