နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ
ဝန်ထမ်းအိမ်ရာများမှ ခိုးယူခံရသည့် မော်တော် ဆိုင်ကယ် များအား ပိုင်ရှင်များထံသို့
ပြန်လည်ပေး အပ်ခြင်းနှင့် မှုခင်းဖော်ထုတ်ခဲ့သည့်
တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်း
အခမ်းအနားကို ဇန်နဝါရီ ၃ဝ ရက်က နေပြည်တော်ကောင်စီ အစည်းအဝေး ခန်းမ(၂)မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ခိုးယူခံခဲ့ရတဲ့ မော်တော်ဆိုင်ကယ် အစီး ၂ဝ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ
ဆိုင်ကယ်ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရာ ဝန်ကြီးဌာန ၁၃ ခုမှ ဝန်ထမ်း၂ဝ ထံသို့
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်းက ပိုင်ရှင်အသီးသီးလက်ဝယ်သို့ ပြန်လည်
လွှဲပြောင်း ပေး အပ်နိုင်ခဲ့ပြီး မှုခင်းများဖော်ထုတ် နိုင်ခဲ့သောအဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေများ
ပေးအပ် နိုင်ခဲ့ပါ တယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ
မကြာခဏကြားသိနေရ ပြီး မိမိရဲ့အသိမိတ်ဆွေများအတွင်း ပျောက်ဆုံးမှုများလည်း ရှိခဲ့ဖူးပါတယ်။
အများအားဖြင့် ဝန်ထမ်းအိမ်ရာ အများဆုံးရှိတဲ့ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်း ဝန်ထမ်းအိမ်ရာများမှာ
ရပ်နားထားတဲ့ ဌာနဆိုင်ရာ ဆိုင်ကယ်များနဲ့ ဝန်ထမ်းဆိုင်ကယ်များ ပျောက်ဆုံးရ ခြင်းဖြစ်ပါတယ်။
ဌာနဆိုင်ရာများအလိုက် ဝန်ထမ်းကြို၊ ပို့ယာဉ်များရှိပေမယ့်
အများပြည်သူ သယ်ယူပို့ဆောင်ရေးရှားပါးတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်များက
အဓိကသွားလာရေးယာဉ် ဖြစ်လာ တာကြောင့် မော်တော်ဆိုင်ကယ်စီးနင်းသူများ လည်း များပြားလာရပါတယ်။
အဲဒီလို များပြားလာ တာနဲ့အညီ မော်တော် ဆိုင်ကယ်အရေအတွက် တိုးပွားလာပြီး မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများလည်း
ပိုမိုဖြစ်ပေါ် လာတာဖြစ် ပါတယ်။ နေပြည်တော် ဇမ္ဗူ သီရိမြို့နယ်အတွင်း ဝန်ထမ်းအိမ်ရာများမှာ
ဌာနများက ဝန်ထမ်းများ အတွက် ခွင့်ပြုပေးထားတဲ့ ဌာနဆိုင်ရာ မော်တော်ဆိုင်ကယ်များနှင့်
ဝန်ထမ်းများ၏ ကိုယ်ပိုင် မော်တော် ဆိုင်ကယ်များ ညအိပ်ရပ်နားထားလေ့ရှိပြီး အများအားဖြင့်
စနစ်တကျ သော့ခတ်သိမ်းဆည်း ထားခြင်းမရှိတဲ့ မော်တော်ဆိုင်ကယ်များ ပျောက်ဆုံး လေ့ရှိပါတယ်။
အဲဒီလို မော်တော်ဆိုင်ကယ်များ ပျောက်ဆုံးလျက်
ရှိရာမှာ ၂ဝ၁၂ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ် ခိုးခံရမှု ၆၁ မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ
၁၉ မှု ဖော်ထုတ် နိုင်ခဲ့သလို မော်တော်ဆိုင်ကယ် ၁၉ စီးကို ပြန်လည် သိမ်းဆည်းရမိခဲ့ပါတယ်။
ခိုးယူခံရတဲ့ မော်တော် ဆိုင်ကယ် ၁၃၂ စီးကို ပြန်လည်ဖော်ထုတ် သိမ်းဆည်း ရမိတဲ့အတွက်
ပိုင်ရှင်ပေါ်ပေါက်တဲ့ ဆိုင်ကယ်တွေကို ဝန်ကြီးဌာနများသို့ အကြောင်းကြားပြီး သက်ဆိုင်ရာ
ဝန်ထမ်းများထံသို့ ပြန်လည်အပ်နှံခဲ့ပါတယ်။
ထို့အတူပဲ ၂ဝဝ၃ ခုနှစ်မှာ မော်တော်ဆိုင်ကယ်
ပျောက်ဆုံးမှု ၂၇ မှုဖြစ်ပွားခဲ့ပြီး ရှစ်မှုကို ဖော်ထုတ်နိုင်ခဲ့ကာ မော်တော်ဆိုင်ကယ်ပိုင်ရှင်တွေထံ
အပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာတော့ မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု ၄၉ မှု
ဖြစ်ပွားခဲ့ပြီး ၂၅ မှု ဖော်ထုတ်နိုင်ခဲ့ ပြီး မော်တော်ဆိုင်ကယ်အစီး ၂ဝ ကို သက်ဆိုင်ရာ
ဝန်ကြီး ဌာနများအလိုက် မော်တော်ဆိုင်ကယ်ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။
အဲဒီလို ပြန်လည် ပေးအပ်ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှတစ်စီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ
တစ်စီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စီး၊ လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
တစ်စီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တစ်စီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
သုံးစီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်စီး၊ စက်မှုဝန်ကြီးဌာနမှ
တစ်စီး၊ အားကစားဝန်ကြီးဌာနမှ တစ်စီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ တစ်စီး၊ ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ ငါးစီး၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ နှစ်စီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ
တစ်စီးတို့အား အသီးသီး ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီးမြင့်အောင်သန်းကဝန်ထမ်းများ အများဆုံး နေထိုင်သည့် ရပ်ကွက်များအတွင်းမှ
ဆိုင်ကယ်များခိုးခံရသည့် အကြောင်းအရင်းများ၊ ပြည်သူများပူးပေါင်း၍ ဆိုင်ကယ်များအခိုးခံရမှု
လျော့နည်းစေရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာ ဝန်ထမ်း များသို့
အမြန်ပြန်လည်လွှဲပြောင်းပေးအပ်ရခြင်းများ ကိုလည်းကောင်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ကိုကိုအောင်က ဆိုင်ကယ်များ အလွယ်တကူထားရှိခြင်းကြောင့် အခိုးခံရခြင်းများကို ဆိုင်ကယ်
၂၅ စီးခိုးယူခဲ့သည့် တရားခံစစ်ကြောချက်မှ သိရှိရခြင်းများကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။
အဲဒီလို မော်တော်ဆိုင်ကယ် များ မကြာခဏပျောက်ဆုံးရတဲ့ အကြောင်းအရင်းကို လေ့လာစမ်းစစ်ကြည့်ရင်
လုံခြုံရေး ဂရုပြုမှု အားနည်း တာက အဓိကအကြောင်းအရင်းဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပျောက်ဆုံး မော်တော်ဆိုင်ကယ်အများစုဟာ သော့ခတ်မထားခြင်း သို့မဟုတ် သော့ခတ်ထားသော်လည်း
ဇက်သော့၊ သံကြိုး သော့များ ခတ်မထားခြင်းကြောင့် ပျောက်ဆုံးရခြင်း ဖြစ်ပါတယ်။
အချို့က အရက်သေစာသောက်စားကာ မိမိ မော်တော်ဆိုင်ကယ်
ရပ်နားထားခဲ့သည့်နေရာပင် မမှတ် မိ၍ ပျောက်ဆုံးရခြင်းများလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဈေး
များ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်း မော်တော် ဆိုင်ကယ်များ သော့လုံးဝခတ်မထားခြင်း၊သော့ခတ်ထားသော်လည်း
ဇက်သော့ သို့မဟုတ် သံကြိုးသော့ခတ် မထားခြင်း စသဖြင့် အလွယ်တကူတွေ့ရှိသဖြင့် ခိုးယူ
ခဲ့ခြင်းဖြစ်ကြောင်း မော်တော်ဆိုင်ကယ် အများဆုံး ခိုးယူခဲ့သည့် တရားခံကဝန်ခံထွက်ဆိုခဲ့ပါတယ်။
ထို့အတူ ဝန်ထမ်းအိမ်ရာများတွင် ညဘက်အလင်းရောင် အားနည်းခြင်း၊ နေ့ဘက် လူသူပြတ်လပ်ခြင်းများကြောင့်
လည်း မော်တော်ဆိုင်ကယ်များ ပျောက်ဆုံးရခြင်း များဖြစ်စေပါတယ်။ နေ့ဘက် ဝန်ထမ်းများ ရုံးတက်ချိန်
ဝန်ထမ်းအိမ်ရာမှာ လူသူကျန်ရစ်မှုမရှိခြင်းက အိမ်ရာ ရှေ့တွင် ရပ်နားထားတဲ့ မော်တော်ဆိုင်ကယ်များကို
ခိုးယူ ခံရစေနိုင်ပါတယ်။
၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ
ဥာဏသိဒ္ဓိရပ်ကွက်အတွင်း ရဲကင်းမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များ ပူးပေါင်းကင်းလှည့်တာဝန်ယူဆောင်ရွက်စဉ်
တိုက်အမှတ်( ၁၃ဝ၅)ရှေ့လမ်းပေါ်တွင် ဇက်သော့ မခတ်ဘဲ ရပ်ထားတဲ့ ပိုင်ရှင်မဲ့ဆိုင်ကယ်တစ်စီးကို
တွေ့ရှိရပါတယ်။ပိုင်ရှင်ဖြစ်သူက ဌာနတစ်ခုမှဝန်ထမ်းတစ်ဦး ဖြစ်ပြီး ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ
ရန်ကုန်မြို့သို့ ပြန်သွားခဲ့ရာ သားဖြစ်သူက ဆိုင်ကယ်ယူစီးပြီး လမ်းပေါ်မှာ ဆိုင်ကယ်မေ့ပြီး
ထားခဲ့တာဖြစ်ပါတယ်။မတ်လ ၂ ရက်နေ့မှာ ရန်ကုန်မှပြန်လည်ရောက်ချိန် ဆိုင်ကယ်မတွေ့၍ စုံစမ်းရာမှ
ရဲတပ်ဖွဲ့ဝင်နဲ့ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့တို့မှ သိမ်းဆည်းထားသည်ကို သိရှိရသဖြင့် ပိုင်
ဆိုင်မှုအထောက်အထားခိုင်လုံစွာ တင်ပြနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ပါတယ်။
အလားတူ ရုံးသို့ရုံးကားဖြင့်သွားသဖြင့်
ဝန်ထမ်း အိမ်ရာတွင် မော်တော်ဆိုင်ကယ်ရပ်ထားခဲ့ပြီး ရုံးဆင်း သည့်အခါ မော်တော်ဆိုင်ကယ်မတွေ့သဖြင့်
မော်တော်ဆိုင်ကယ်ပျောက်ဆုံးသည်ဆိုကာ ရဲစခန်းလာရောက် တိုင်ကြားလာပါတယ်။သို့ရာတွင် ရဲစခန်းသို့လာရောက်တိုင်တန်းသူမှာ
အရက်သေစာသောက်စားမူးယစ်နေ သည့်အတွက် သတင်းအတည်ပြုနိုင်ရန် သွားရောက် စုံစမ်းခဲ့ရာ မြို့မဈေးရှိ
ကားဝပ်ရှော့ရှေ့တွင် ပိုင်ရှင်မှ မော်တော်ဆိုင်ကယ်အား ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် မော်တော်ဆိုင်ကယ်အား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့အတူ မိမိတို့ဝန်ထမ်းအိမ်ရာများတွင်
သူစိမ်းများ ဝင်ထွက်သွားလာမှုများကိုလည်း အမှုမဲ့ အမှတ်မဲ့ ထားခြင်းကလည်း မော်တော်ဆိုင်ကယ်
ခိုးယူသူများအတွက် မိမိတို့အိမ်ရာအခြေအနေအား လေ့လာ အကဲခတ် အခွင့်အလမ်းဖြစ်စေပါတယ်။
မိမိအိမ်ရာမှာ တည်းခိုနေထိုင်ကာ မော်တော်ဆိုင်ကယ်ခိုးယူမှုများ ကျူးလွန် တာမျိုးလည်း
ဖြစ်တတ်ပါတယ်။ တချို့ကလည်း မော်တော်ဆိုင်ကယ်ကို မဆင်မခြင်မောင်းနှင်ပြီး ယာဉ်မတော်
တဆဖြစ်၍ ဒဏ်ရာရရှိမှုကိုပင် မော်တော်ဆိုင် ကယ်နဲ့ပစ္စည်းလုယူခံရသကဲ့သို့ ရဲစခန်းသို့
မမှန်မကန် လာရောက် တိုင်တန်းခြင်းမျိုးလည်းရှိတတ်ပါတယ်။
ဒါကြောင့် မိမိတို့အနေဖြင့် မိမိမော်တော်ဆိုင်ကယ်
လုံခြုံရေးအတွက် နံပါတ်တစ်အရေးကြီးဆုံးလုပ်ငန်း စဉ်တစ်ခု အဖြစ် သော့၊ ဇက်သော့နှင့်
သံကြိုးသော့များ ကို စနစ်တကျခတ်ဖို့လိုပါတယ်။ မည်သည့်နေရာတွင် ရပ်နားထားသည်ဖြစ်စေ မိမိမော်တော်ဆိုင်ကယ်
လုံခြုံရေးအတွက် အရေးကြီးဆုံး လိုက်နာဆောင်ရွက်ရမည့် အချက်ပဲဖြစ်ပါတယ်။ အိမ်မှာမို့၊
ရုံးမှာမို့၊ ဈေးနားမှာမို့ ဆိုပြီး သော့မခတ်ဘဲ သို့မဟုတ် ဇတ်သော့၊ သံကြိုးသော့မခတ်ဘဲထားလို့
မရပါဘူး။ နောက် မိမိအိမ်ရာနဲ့ပတ်ဝန်းကျင်လုံခြုံရေးကို ဂရုတစိုက်လေ့လာ စောင့်ကြည့်ဖို့လိုပါတယ်။ဝန်ထမ်းအိမ်ရာတွေမှာ
အများစုသော မော်တော်ဆိုင်ကယ်များက ညဘက်မှာ ရပ်နားထားလေ့ရှိတာမို့ မော်တော်ဆိုင်ကယ်များ
သော့ခတ်ထားရုံမျှမက အိမ်ရာရဲ့ဆင်ဝင်မီးနဲ့ ကော်ရစ်ဒါ မီးများလင်းနေဖို့လည်းလိုပါတယ်။
သို့မှသာ မိမိတို့ အိမ်ရာရှိ မော်တော်ဆိုင်ကယ်များအနီး ညအချိန်မတော် မသင်္ကာဖွယ်လှုပ်ရှားမှုများကို
တစ်စုံတစ်ဦးက မြင်တွေ့ သိရှိနိုင်မှာပဲဖြစ်ပါတယ်။
ထို့အတူ ရုံးဖွင့်ရက် နေ့ခင်းဘက်တွေမှာလည်း
အိမ်ရာမှာ ကျန်ရစ်ခဲ့သူများအနေနဲ့လည်း မိမိအိမ်ရာ အတွင်း လူစိမ်းဝင်ရောက်မှုများကို
အမှုမဲ့အမှတ်မဲ့ မထားဘဲ လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။ မသင်္ကာ ဖွယ်လှုပ်ရှားမှုတစ်ခုခုတွေ့ရှိပါက
သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့ လိုပါတယ်။
ဆိုင်ကယ်ပျောက်ဆုံးမှု၊ ခိုးမှုများ ထပ်မံမဖြစ်ပေါ်
စေရေး၊ မှုခင်းကျဆင်းရေးအတွက် သတင်းပေးမှုများ ဖြင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊
မှုခင်းပညာပေး ဟောပြောခြင်း၊ မြို့နယ်ရဲစခန်းများမှ နေ့စဉ် လှည့်ကင်း၊ ဝပ်ကင်းဆောင်ရွက်မှုအပြင်
ဝန်ထမ်းများနှင့် ပြည်သူ လူထုတို့အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါတယ်။
နေပြည်တော်ကောင်စီကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ဝန်ထမ်းအိမ်ရာတွေနဲ့ လူပျိုဆောင်၊
အပျိုဆောင်တွေမှာ လုံခြုံရေးကျိုးပေါက် မှုမရှိစေရေးအတွက် အားနည်းချက်၊ အားသာချက်များ
သုံးသပ်ပြီး လုံခြုံရေးသတိရှိစေရန်နှင့် မှုခင်းကျဆင်း ရေးပူးပေါင်းဆောင်ရွက်နိုင်ရန်
နေပြည်တော်ကောင်စီမှ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ ညှိနှိုင်းအကြောင်း ကြား ဆောင်ရွက်ထားခဲ့ပြီးလည်းဖြစ်ပါတယ်။
မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဆိုသော်လည်း
ဖြစ်သွားပြီးမှပြန်လည်ဖော်ထုတ် ဆောင်ရွက်ရခြင်းက အမှုမှန်ကို ဖော်ထုတ်နိုင်သည်ဆိုသော်လည်း
ဆုံးရှုံး မှုများ၊ အနည်းနှင့်အများ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မည်သည့်အမှုအခင်းကိုမဆို
မဖြစ်ပေါ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ခြင်းကသာ ထိရောက်မှာ ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ဖို့ကလည်း
အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ မိမိကိုယ်တိုင်က လုံခြုံရေး နှင့်ပတ်သက်၍
အသေးအဖွဲလေးကအစ ဂရုတစိုက် လေ့လာမှတ်သားဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ဝန်းကျင်ကို အမှုခင်းများလျှော့နည်း
ကင်းစင်သော ပျော်ရွှင်ဖွယ် ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးနိုင် မည်ဖြစ်ပါကြောင်း ရေးသားအပ်ပါတယ်။
။
No comments:
Post a Comment