နေပြည်တော် မတ်
၉
မြန်မာ့လယ်ယာ ထွက်ကုန်များကို
တောင်ကိုရီးယားနိုင်ငံ ဈေးကွက်သို့ အရည်အသွေး၊ စံချိန်၊စံညွှန်းများ ကိုက်ညီ ပြည့်စုံ
စွာဖြင့် တင်ပို့ရောင်းချ နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း သဘာတူညီချက်များအရ၊ တောင်ကိုရီးယား
မူရင်းမျိုး ပိန်းဥသီးနှံ၊ ငရုတ်သီးနှံ၊ ကညွတ်သီးနှံ၊ ကန်စွန်းဥ သီးနှံ၊ ခရမ်းချဉ်သီးနှံများကို
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ွမောင်းဝန်ကြီးဌာန အနေဖြင့် မျိုးသန့် မျိုးပွား စိုက်ပျိုးပြီး၊
တောင်သူလယ်သမားများထံသို့ နည်းပညာနှင့် ပျိုးပင်၊ မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး
တစ်ပြိုင်တည်း ဆောင်ရွက်နေ သည်။
“ပထအအကြိမ်အနေဖြင့်
ပိန်းဥသီးနှံ တန်ချိန်(၃၀၀)၊ငရုတ်သီးနှံ တန်ချိန်(၅၀၀) ကညွတ် သီးနှံ နေ့စဉ်(၁)တန် ပိဿာချိန်
အားဖြင့် ပိန်းဥပိဿာ(၂)သိန်းခန့်၊ငရုတ်သီး ပိဿာ (၄)သိန်းခန့်နှင့် နေ့စဉ် ကညွတ် ပိဿာ(၆၀၀)ကျော်ခန့်၊ တစ်လလျှင် ကညွတ်သီးနှံ
ပိဿာချိန် (၁၈၀၀၀) တို့ အား ခိုင်မာသောဈေးနှုန်းဖြင့် တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းစီစဉ်
ဆောင်ရွက်လျှက် ရှိသည်။ ”
ယနေ့ နံနက်(၇)နာရီတွင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဂွတ်ထ်ဘရားသား ကုမ္ပဏီဥက္ကဌ ဦးမောင်အေး၏ ကုမ္ပဏီ မှ
တီထွင်ထုတ်လုပ်သည့် ပိန်းဥ၊ ကန်စွန်းဥ၊ မြေပဲတူးဖော်စက် ကိရိယာဖြင့် စမ်းသပ်တူးဖော်နေမှု
လုပ်ငန်းခွင်သို့ ရောက်ရှိ ကြပြီး၊ တူးဖော်စက်၏ အသုံးဝင်မှုနှင့် လူလုပ်အား ချွေတာနိုင်မှု၊
လုပ်ငန်းထိရောက်မှု စွမ်းအားတို့ကို လေ့လာ ကြည့်ရှု သည်။
ပြည်ထောင်စုဝန်ကြီးက
ယနေ့ကာလ၌ လုပ်အားခ ဈေးနှုန်းကြီးမြင့်မှုနှင့် လယ်ယာလုပ်သား ရှားပါးမှုအခက်အခဲနှင့် တွေ့ကြုံနေကြရသော
တောင်သူလယ်သမားများထံသို့ ဈေးနှုန်းသက်သာစွာဖြင့် အဆိုပါစက်များ ဖြန့်ဖြူးပေးနိုင်ရေး
အတွက် ပိန်းဥ၊ ကန်စွန်းဥ၊ မြေပဲ တူးဖော်သည့် စက်ကိရိယာ အစုံ(၅၀၀)အား ဂွတ်ထ်ဘရားသားကုမ္ပဏီမှ
တစ်လအတွင်း ထုတ်လုပ်၍ စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်းပြီး အချိန်မီ တောင်သူလက်ဝယ်သို့
ဖြန့်ဖြူးပေးနိုင်ရေးကို ပေါင်းစပ် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
တူးဖော်စက်သည် စက်ကို
မောင်းနှင်သူ လူတစ်ဦး၏ လုပ်အားဖြင့် ကန်စွန်းဥ၊ ပိန်းဥ၊ မြေပဲများကို တစ်နေ့လျှင်
(၂)ဧက အထိ တူးဖော်နိုင်ပြီး သီးနှံ အရည် အသွေး ကောင်းမွန်မှုနှင့် လူ့လုပ်အား အသုံးပြုရမှုကဏ္ဍ၌
များစွာချွေတာနိုင်၍ အလွန်ထိရောက် အကျိုးရှိကြောင်း တွေ့ရှိရပြီး စက်တစ်စုံလျှင် တန်ဘိုးငွေ
ကျပ် နှစ်သိန်း (၂၀၀,၀၀၀) ခန့်သာ ရှိသော ကြောင့် ယာသမားများ အတွက် အထူးအသုံးဝင် အကျိုးရှိကြောင်း
သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီးသည်
စိုက်ကွင်းအတွင်း တူးဖော်ထွက်ရှိလာသည့် ပိန်းဥများ၊ နေကြာသီးနှံ ၊ ပြောင်းချိုစိုက်ခင်းများကို
ကြည့်ရှုအားပေးသည်။
ထို့နောက် ကိုရီးယားနိုင်ငံဈေးကွက်သို့တင်ပို့ရန်
စိုက်ပျိုးထားသော ကညွတ်သီးနှံများ၊ ငရုတ်သီးနှံများ၊ သင်္ဘောသီး စိုက်ခင်းများ၊ Net
House စနစ်ဖြင့်စိုက်ပျိုးထားသော ခရမ်းချဉ်သီးစိုက်ခင်း၊ ခါကြက်ဥနှင့် ဂေါ်ရခါးသီး စိုက်ခင်းများကို
လည်းကောင်း ကြည့်ရှု အားပေးသည်။
တောင်သူများလက်ဝယ်သို့
ဖြန့်ဖြူးရန် ငရုတ်သီးနှံများအား ဘောင်စနစ်ဖြင့် စနစ်တကျ ပျိုးထောင်ထားရှိမှုများကို
ကြည့်ရှု စစ်ဆေးပြီး တောင်သူများလက်ဝယ်သို့ နည်းပညာနှင့် ပျိုးပင်များကို အချိန်မီ
ဖြန့်ဖြူးပေးရန် တာဝန်ရှိသူများအား မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
စိုက်ကွင်းရှင်းလင်းဆောင်၌ တောင်သူ ပညာပေး ပြသရန် စီမံဆောင်ရွက် ထားရှိသော အရည်အသွေးကောင်း
ပိန်းဥ မျိုးနမူနာများ၊ စက်မှုသီးနှံ ပီလောပီနံဥများ၊ ဝဥများနှင့် ဓနိသီးခိုင်များကို
ကြည့်ရှုစစ်ဆေးပြီး လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသောသီးနှံများကိုလည်း
ဈေးကွက်တွင် နေရာရရှိရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးကို ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ကန်စွန်းဥများတူးဖော်ရန်
အသင့်ဖြစ်နေမှုကိုကြည့်ရှုပြီး ခေတ်မီ ဥတူးဖော်စက်အား အသုံးပြုတူးဖော်ရန်နှင့် တစ်ချိန်တည်း၊
တစ်ပြိုင်တည်း၌ တောင်သူ လယ်သမားများကို ပညာပေး ပြသခြင်းလုပ်ငန်း၊ စိုက်ပျိုးချိန်ကပင်လျှင်
စက်အသုံးပြု တူးဖော်နိုင်ရေး အတွက် ပင်ကြား၊ တန်းကြား အကွာအဝေးကိုက်ညီပြီး၊ သိပ္ပံနည်းကျ
ပေါင်စနစ်ဖြင့် စိုက်ပျိုး တတ်စေရေး နည်းပညာပေးလုပ်ငန်းများကို တောင်သူပညာပေး စိုက်ကွင်းများဖြင့်
ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ပြသ ဆောင်ရွက်ကြရန် လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
ကန်စွန်းဥ ၊ ပိန်းဥ က ကမ္ဘာဈေးကွက် ဝင်တာ ဆိုတော့လဲ အလေ့ထား ဆောင်ရွက်ကြတာပါ ၊၊ စူးရောက်တဲ့ ရွှေဥာဏ်တော် ပိုင်ရှင်ကြီးတွေပေါ့။ ဒါက လယ်ယါ နဲ့ စိုက်ပျိုးရေး ဖွံဖြိုးရေးဆိုတာ ဒါကြီးလား။..ပုံ..♡ Kyaw Myint Oo.♡ .
ReplyDeleteအလည်လာသွားတယ်နော်..ပုံ..♡ Kyaw Myint Oo.♡ .
ReplyDelete