ခွင့်ပြုချက်ရယူခြင်း
မရှိဘဲ လက်ပံတန်း မြို့မဈေးရှေ့တွင် ယမန်နေ့က ဆူပူဆန္ဒပြခဲ့သည့် လက်ပံတန်းမြို့ ပင်မ
သပိတ် မှောက်အဖွဲ့မှ ကျောင်းသားလေးဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ငါးဦးကို ယနေ့တွင်
ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ
ငါးဦးအား ယမန်နေ့ညပိုင်းက သာယာဝတီရဲစခန်းမှ လက်ပံတန်း ရဲစခန်းသို့ လွှဲပြောင်း ပို့ဆောင်
ပေးခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင်
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော တာဝန်ရှိ သူများက ပင်မသပိတ်မှောက်အဖွဲ့မှ ကိုယ်စားလှယ်
များထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လက်ပံတန်းမြို့
အောင်မြေဗိမာန် ဘုန်းကြီးကျောင်း အနီးရှိ ဓာတ်အားပေးစက်ရုံ လမ်းဆုံတွင် သံဃာ သုံးပါး၊
ကျား ၄၅ ဦး၊ မ ၁၅ ဦး ပေါင်း(၆၃)ဦးမှာ ထိုင်သပိတ် ဆက်လက်ပြုလုပ် လျက်ရှိပြီး သံဃာခြောက်ပါး၊
ကျား ၂၂ ဦး၊ မ ၁၉ ဦး ပေါင်း(၄၇)ဦးမှာ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင် နေထိုင်လျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment