စစ်တွေ မတ် ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် မင်းပြားမြို့ သို့ရောက်ရှိပြီး ပေါက်တော-မင်းပြားလမ်း
မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံရှိ စွန်းရဲတံတားနှင့် မိုင်တိုင်အမှတ် ၅ မိုင် ၄ ဖာလုံရှိ
ဆင်ခုံတိုင်တံတားဖွင့်ပွဲ များသို့ တက်ရောက်သည်။
အဆိုပါတံတားဖွင့်ပွဲများသို့ ဒုတိယသမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဒေါက်တာသန်းအောင်၊ ဦးကျော်လွင်၊ ပြည်နယ် ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ အသင်းအဖွဲ့အသီးသီးမှကိုယ်စားလှယ်များ၊
ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
နံနက်ပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် တံတားဖွင့်ပွဲများကျင်းပမည့်
မင်းပြား မြို့နယ် ပေါက်တော-မင်းပြားလမ်းရှိ မင်္ဂလာမဏ္ဍပ်သို့ရောက်ရှိရာ ဒေသခံပြည်သူများ၊
အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုနှုတ် ဆက်ကြသည်။
ဖွင့်ပွဲအခမ်းအနား၌ ဒုတိယသမ္မတ က အမှာစကားပြောကြားရာတွင်
ယနေ့သည် ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှသည့်
စွန်ရဲတံတားနှင့် ဆင်ခုံတိုင်တံတား နှစ်စင်းကို ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့်
ရခိုင်ပြည်နယ်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့သစ် တစ်နေ့ပင်ဖြစ်ပါ ကြောင်း။
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက်
လမ်းပန်းဆက်သွယ်မှုသည် အခြေခံလိုအပ် ချက်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်နှင့်အမျှ
ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများသည် ကျွဲကူးရေပါ တိုးတက်ကောင်းမွန်
လာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့အစိုးရသည် တာဝန်ယူချိန်ကစပြီး
တစ်နိုင်ငံလုံးလမ်းပန်း ဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် တစ်စိုက်မတ်မတ်ကြိုးပမ်း
ဆောင်ရွက်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရည်ရွယ်ပြီး ပြည်ထောင်စုတစ်နံတစ်လျား အကြားအလတ်မရှိ ဖြန့်ကျက်ချိတ်ဆက်ပေး နိုင်မည့်
လမ်းကွန်ရက်စနစ် ပင်မစီမံချက်ကြီးကိုရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ စီမံချက်ကြီးကို အခြေခံပြီး
ကာလတိုစီမံကိန်း၊ ကာလလတ်စီမံကိန်းများ ရေးဆွဲကာ လမ်းပန်းဆက်သွယ် မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်
စနစ်တကျအကောင်အထည်ဖော်လျက်ရှိပါကြောင်း။
မိမိတို့နိုင်ငံသည် မဟာဗျူဟာအချက်အချာကျသည့်
ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား၊ အိမ်နီးချင်းနိုင်ငံများ
အကြား၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အကြား ဆက်သွယ်ပေးမည့်လမ်းကြောင်းများသည်
မိမိတို့နိုင်ငံ အတွက်ရော ဒေသတွင်း နိုင်ငံများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် စီးပွာရေးစင်္ကြံကြီးများဖြစ်ပါကြောင်း၊
အဆိုပါ စီးပွားရေးစင်္ကြံကြီးများ၏ အိန္ဒိယသမုဒ္ဒရာဘက်သို့ထွက်မည့် အနောက်ဘက်ဂိတ်တံခါး များသည်
ရခိုင်ကမ်း ရိုးတန်းတစ်လျောက်တွင် အစီအရီရှိနေပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏
လမ်းပန်း ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်
အလွန် အရေးပါ လှပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်
လမ်းပန်းဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ၂၀၁၁-၂၀၁၂တွင်
တံတား ကြီး (၁၈)စင်း၊ ကတ္တရာလမ်းမိုင်ပေါင်း (၁၉၁)မိုင်၊ ၂၀၁၂-၂၀၁၃တွင် တံတားကြီး (၃၂)
စင်း၊ ကတ္တရာလမ်းမိုင်ပေါင်း (၁၀၄)မိုင်၊ ၂၀၁၃-၂၀၁၄တွင် တံတားကြီး (၉)စင်း၊ ကတ္တရာ လမ်းမိုင်ပေါင်း
(၃၆)မိုင်၊ ၂၀၁၄-၂၀၁၅တွင် တံတားကြီး (၁၂)စင်း၊ ကတ္တရာလမ်းမိုင်ပေါင်း (၄၂)မိုင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ယနေ့ဖွင့်လှစ်သည့် စွန်ရဲတံတားနှင့် ဆင်ခုံတိုင်တံတားတို့သည်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ လက်ထက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပေ(၁၈၀)
အထက် တံတားအမှတ် (၈၂)နှင့် တံတား အမှတ်(၈၃)တို့ပင်ဖြစ်ပါကြောင်း၊ တောတောင် ထူထပ်ပြီး
မြစ်ချောင်းများပေါများသည့် ပထဝီဝင်စိန်ခေါ် ချက်များကို ရင်ဆိုင်ကျော်လွှား ပြီး ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်မှုတိုးတက်ရေးအတွက်
လိုအပ်နေသည့် လမ်းတံတား များကို ကြိုးပမ်းတည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပါကြောင်း၊
လမ်းတံတားများ တည်ဆောက်ရာတွင် ပင်လယ်ဆားငံရေနှင့် သဘာဝရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့်
ဆောက်လုပ်ရေးပစ္စည်းများနှင့် အင်ဂျင်နီယာ နည်းပညာများ အသုံးပြုနိုင်ရန်လိုအပ်ပါ ကြောင်း၊ ထို့သို့သောလိုအပ်ချက်ကို ဖြည့်ဆည်း ဖြေရှင်းပေးနိုင်ရန်
ဂျပန်နိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ပြင် ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း၍ မင်းဘူး-အမ်း အဖြောင့်ဆက်သွယ်နိုင်မည့်
လမ်းကြောင်းကိုလည်း တံတားများ၊ ဥမင်လိုဏ်ခေါင်းများအပါအဝင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှု
ဆောင်ရွက် ထားပြီးဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုးရေးကို
နိုင်ငံတကာနှင့်လည်း ပူပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
နေပြည်တော်-မကွေး-မင်းဘူး-အမ်း- ကျောက်ဖြူလမ်းမကြီးကိုလည်း
ပုဂ္ဂလိက ကဏ္ဍမှ ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာ
လျက်ရှိပါကြောင်း၊ နောင်တွင် အဆိုပါလမ်းမကြီးသည် ခေတ်မီအဆင့်မြင့်လမ်းမကြီး အဖြစ်ပေါ်ထွက်လာတော့မည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်းဝင်ရောက်လာနိုင်မည့် လမ်းမကြီးသုံးသွယ်ဖြစ်သည့်
မင်းဘူး-အမ်း-စစ်တွေလမ်းမကြီး၊ ပြည်-ပန်းတောင်း-တောင်ဂုတ်- သံတွဲလမ်းမကြီး၊ ငသိုင်း
ချောင်း-ဂွ-သံတွဲလမ်းမကြီးများကိုလည်း ကြံ့ခိုင် ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုလုပ်ငန်း
များ အဓိကထားဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် ကျောက်တော်-ပလက်ဝလမ်းကိုလည်း အဆင့်မြှင့်ဖောက်လုပ်နေပြီဖြစ်ပါကြောင်း။
အဆိုပါလမ်းသည် ချင်းပြည်နယ်မှ ဖောက်လုပ်နေသည့်
ပလက်ဝ-မတူပီ-ဟားခါး လမ်းနှင့် ချိန်ဆက်မိပြီး ရခိုင်ပြည်နယ်သို့ ချင်းပြည်နယ်မှ ဝင်ရောက်နိုင်မည့်
လမ်းမကြီး တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဤလမ်းမကြီးသည် အိန္ဒိယနိုင်ငံ
မီဇိုရမ်ပြည် နယ်ကိုဆက်သွယ်မည့် ပလက်ဝ- ကလေးဝ-မြိတ်ဝလမ်းနှင့် ချိတ်ဆက်မိပြီး အိန္ဒိယနိုင်ငံ
နှင့်လည်း စီးပွားရေးကုန်သွယ်မှုလမ်းကြောင်းပွင့်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေနှင့် ဘူးသီးတောင်-အလယ်သံကျော်-
အငူမော်လမ်း ကိုလည်း အဆင့်မြှင့် တင်ဖောက် လုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု
ကဏ္ဍသာမက လျှပ်စစ်မီးရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်မှုရရှိရေးဆိုင်ရာ ကိစ္စများကို လည်း ဆောင်ရွက်ပေးနေသည်ကို
အားလုံးမြင်တွေ့ သိရှိပြီးဖြစ် ပါကြောင်း။
လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်လာလျှင်
ပြည်ထောင်စု၏ နေရာအနှံ့တွင် ရှိသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား သွားလာကူးလူးဆက်ဆံမှုများ
မျာပြားလားသည်နှင့်အမျှ ချစ်ခင်ရင်းနှီးမှုနှင့် သံယောဇဉ်တရား ကြီးမားခိုင်မာလာမည် ဖြစ်ပါကြောင်း။
ယခုလို နိုင်ငံတော်ကဆောင်ရွက်ပေးသည့် ဖွံ့ဖြိုးမှုအခြေခံကောင်းများကို
အမိအရဆုပ်ကိုင်ပြီး ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ကောင်းသည်ထက် ပိုမိုကောင်းလာအောင် ခိုင်မာ သည်ထက် ပိုမိုခိုင်မာလာအောင် အရှိန်အဟုန်မပျက်
ရှေ့သို့ ဆက်လက်ချီတက်နိုင်အောင် ဒေသခံမိ ဘပြည်သူများ၏ အား သည် အဓိကဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း
က စွန်ရဲတံတားနှင့် ဆင်ခုံ တိုင်တံတားနှစ်စင်းကို တည်ဆောက် ဖွင့်လှစ်နိုင်မှုကြောင့်
ပေါက်တောမြို့သို့ ရေလမ်းခရီးအပြင် ကုန်းလမ်းခရီးဖြင့်ပါ ဆက်သွယ် သွားလာနိုင်ပြီဖြစ်ပါကြောင်း၊
ထို့ကြောင့် ပေါက်တောမြို့သာမက မြို့နယ်အတွင်းရှိကျေးရွာ (၅၃)ရွာအပါအဝင် ဒေသအတွင်းနေ
ထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများ
အဆင့်ဆင့်တိုးတက်လာမည်ဖြစ်ပြီး လူနေမှုစနစ်များပါ မြင့်မား တိုးတက်လာမည်ဖြစ်ပါကြောင်း၊
ထို့ပြင် မကြာမီတွင် ပေါက်တောနှင့် ပုဏ္ဏားကျွန်း ကိုလည်း ကစ္စပနဒီမြစ်ကိုဖြတ်ကျော်၍
တံတားတည်ဆောက်ရန် စီစဉ်ဆောင် ရွက် လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးက
လမ်းနှင့် တံတားများ အဆင့်မြှင့် တင်ပေးခြင်းနှင့် လိုအပ်သောနေရာများတွင် အသစ် ဆက်သွယ်ဖောက်လုပ်ခြင်း၊
ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တစ်စိုက်မတ်မတ်ဆောင်ရွက်
လျက်ရှိပါကြောင်းဖြင့် အသေးစိတ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ
ဦးစံသာကျော်က မိမိတို့ဒေသသည် ပထဝီအနေအထားအရ မြစ်ချောင်းများပေါများ၍ လမ်းပန်းဆက်သွယ်မှုတွင်
ရေလမ်း ကြောင်းကိုသာ အဓိကအားကိုးနေရသဖြင့် လမ်းပန်းဆက်သွယ်ရေးအလွန် ခက်ခဲခဲ့ပါ ကြောင်း၊
ယခုလို နိုင်ငံတော်အစိုးရက လမ်းတံတားများအား ကွန်ရက်သဖွယ်တည် ဆောက်ဖွင့်လှစ်ပေးခဲ့သောကြောင့် မင်းပြားနှင့်ပေါက်တော အလွယ်တကူဆက်သွယ် သွားလာနိုင်ပြီဖြစ်သည့်အပြင်
ရန်ကုန်-စစ်တွေပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် မြန်မာနိုင်ငံအနှံ့ သွားလာ နိုင်ပြီဖြစ်၍
ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးကဏ္ဍများနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ
ဖြစ်ထွန်း လာတော့မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများကိုယ်စား
အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် စွန်ရဲတံတားအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် ဦးမောင်ကျော်ဇံတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့်
ဧည့်သည်တော်များနှင့်အတူ အဆိုပါ တံတားမုဒ်ဦးရှေ့၌ စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး
တံတား ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေး ကာ တံတားအားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆင်ခုံတိုင်တံတားသို့ရောက်ရှိပြီး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ ဦးကျော်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်တို့က တံတားအား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့်
ဧည့်သည်တော်များနှင့်အတူ အဆိုပါ တံတားမုဒ်ဦးရှေ့၌ စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး
တံတား ကမ္ဗည်းမော်ကွန်း ကျောက်စာ တိုင်အား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေး ကာ တံတားအားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ယနေ့ဖွင့်လှစ်လိုက်သည် စွန်ရဲတံတားသည် ပင်မတံတားအရှည်
(၁၂၁၆)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ R.C Grider, Plate Grider R.P.T သံပေါင်နှင့်
R.C ကြမ်းခင်းဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ တန်(၆၀)၊ ရေလမ်းကင်းလွတ် အကျယ်
(၁၃၄)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၃)ပေ၊ လူသွားလမ်းအကျယ် တစ်ဘက် (၃)ပေ စီပါဝင်၍ စွန်ရဲဘက်ချဉ်းကပ်လမ်း
ပေ(၈၂၀)၊ ပေါက်တောဘက်ချဉ်းကပ်လမ်း ပေ(၈၂၀) ဖြစ်ကြောင်း။
ဆင်ခုံတိုင်းတံတားသည် ပင်မတံတားအရှည် ပေ(၉၀၀)
ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ R
R.C Grider, Plate Grider R.P.T သံပေါင်နှင့် R.C ကြမ်းခင်းဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ
တန်(၆၀)၊ ရေလမ်းကင်း လွတ်အကျယ်(၁၀၈)ပေ၊ ရေလမ်း ကင်းလွတ်အမြင့်(၁၃)ပေ၊ လူသွားလမ်းအကျယ်
တစ်ဘက်(၃)ပေစီပါဝင်၍ မင်းပြား ဘက်ချဉ်းကပ်လမ်း ပေ(၆၆၀) ၊ ပေါက်တောဘက်ချဉ်းကပ်လမ်း ပေ(၆၆၀)ဖြစ်ကြောင်း
သိရသည်။
ယနေ့ဖွင့်လှစ်လိုက်သည့် စွန်ရဲတံတားနှင့် ဆင်ခုံတိုင်တံတားမှ
ရခိုင်ပြည်နယ် တစ်ခုလုံးသို့လည်းကောင်း၊ ရန်ကုန်-စစ်တွေလမ်းမှတစ်ဆင့် မြန်မာပြည်တစ်နှံတစ်လျားသို့
ရာသီမရွေး အချိန်အခါမရွေး သွားလာ နိုင်တော့မည်ဖြစ်သည်။ ထိုသို့လမ်းပန်းဆက် သွယ်မှု လွယ်ကူလျင်မြန်လာသည်နှင့်အမျှ
လူမှုရေးအခြေအနေ၊ စီးပွားရေး၊ ပညာရေး စသည့်ကဏ္ဍများ ကွာဟမှုကျဉ်းမြောင်းလာကာ မကြာမီကာလအတွင်း
ဒေသတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်သည်။
ယင်းနောက် ဒုတိယသမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့မှ အထူးလေ ယာဉ်ဖြင့် ထွက်ခွာလာရာ မွန်းလွဲ ပိုင်းတွင်
နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။



No comments:
Post a Comment