Saturday, March 14, 2015

လောက်ကိုင်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၄
လောက်ကိုင်ဒေသအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်း လင်း ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့ အနောက်တောင်ဘက် တစ်ဝိုက်၌ ကိုးကန့်သောင်း ကျန်းသူ အင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးရာ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိသည်။


အထက်ပါတိုက်ပွဲတွင် ကိုးကန့်သောင်းကျန်းသူများထံမှ MNDAA ယူနီဖောင်းဝတ် အလောင်း ၂ လောင်း၊ ပစ္စတို ၂ လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည်။
ထို့အပြင် ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်သည့်နေရာ များအား တပ်မတော်စစ်ကြောင်း များနှင့် လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့၊ ရွှေစင်မြို့သစ်ရှိ အဆောက်အအုံအတွင်းမှ MNDAA ဘက်တံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ စုံ၊ စစ်စိမ်းရောင် အနွေးထည် အရှည် ၁ ထည်၊ စစ်စိမ်းရောင် ယူနီဖောင်း (ဘက်မပါ) ၄ စုံ၊ ကြယ် ၃ ပွင့် အဆင့်တံဆိပ်ပါ ယူနီဖောင်းအင်္ကျီ ၁ ထည် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment