Saturday, March 14, 2015

RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်အချို့ သတ္ထုစမ်းသပ်တူးဖော်နေသော ကုမ္ပဏီပိုင်ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး


နေပြည်တော်၊ မတ် - ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းဒေသအတွင်း စက်ဝိုင်းအင်အား ကုမ္ပဏီမှ ခဲသတ္ထုတူးဖော်ခြင်းလုပ်ငန်း စမ်းသပ်လုပ် ကိုင်လျက်ရှိရာ မတ် ၁၂ ရက် ညပိုင်းတွင် RCSS/SSA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိ
လာခဲ့ပြီး ကုမ္ပဏီလုပ်သား ၇ ဦးအား ဖမ်းဆီးကာ ကုမ္ပဏီပိုင် ရှင်နှင့် တွေ့လိုကြောင်း ပြောကြားခဲ့ရာ လုပ်သားများမှ ကုမ္ပဏီပိုင်ရှင် မိုင်းယောင်းသို့ သွားနေကြောင်း ပြန်လည်ပြောကြားသဖြင့် RCSS/SSA အဖွဲ့က လုပ်ငန်းခွင် အတွင်းရှိ လုပ်ငန်းသုံးဆီဂါလံပုံးများအား ခြေဖြင့် ကန်ကျောက်ပြီး ၎င်းလုပ်သား ၇ ဦး တို့အား ကြိုးဖြင့် ချည်နှောင်၍ တစ်ယောက် တစ်နေရာစီခွဲကာ ဖမ်းဆီးချုပ်နှောင် ထားခဲ့သည်။
ဖမ်းဆီးခံ လုပ်သားများမှ ကြိုးများဖြေ၍ ထွက်ပြေးကာ မိုင်းယောင်း တပ်နယ် နယ်မြေခံတပ်ရင်းသို့ လာရောက်သတင်းပေး ပို့သဖြင့် နယ်မြေခံတပ်မှ အဆိုပါနေရာသို့ လိုက်လံရှင်းလင်းခဲ့ရာ ၎င်းနေရာနှင့် အနီးတစ်ဝိုက်တွင် ကုမ္ပဏီပိုင် ယန္တရားယာဉ် ၃ စီး၊ (၁၀)ဘီးယာဉ် ၁ စီး၊ တိုရိုတာဟိုင်းလပ်ယာဉ် ၁ စီးနှင့် လူနေတဲ ၂ လုံးတို့အား မီးရှို့ဖျက်ဆီး ထားခဲ့ကြောင်းတွေ့ရှိရပြီး ဆုတ်ခွာ သွားသော RCSS/SSA အဖွဲ့နောက် သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံ ပိတ်ဆို့ ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment