ဟားခါး မတ် ၈
၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီက ဟားခါးမြို့၊
မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက အမှာစကားပြောကြားပြီး
ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်အွမ်အွယ်က ချင်းပြည်နယ်အတွင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းဆောင်ရွက်မှုအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
အခမ်းအနားသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ချင်းပြည်နယ်
အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဒေါ်သန်းသန်းနွယ်က ဖတ်ကြားသည်။
ထို့နောက် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်တွင်
ချင်းပြည်နယ်မှ ရွှေတံဆိပ်(၁)ခုစီ ရရှိခဲ့ကြသည့် မိုင်ယင်းဝှာထောင်းလွယ်နှင့် ဒေါ်ဇုန်လဲင်ကျဲရ်တို့အား
ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ၏ ဇနီးဒေါ်ကျင်ငိုက်ဝုန်နှင့် ၂၀၁၃−၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို
ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို တာဝန်ရှိ သူများက ဂုဏ်ပြုဆုများ
အသီးသီပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်အဆင့် အဖွဲ့စည်းဝင်များနှင့်
တာဝန်ရှိသူများက ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းဆောင်ရွက်မှု ဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment