Monday, March 9, 2015

မင်းသမီး Emma Watson က အမျိုးသားများအနေဖြင့် ကျားမ တန်းတူ အခွင့်အရေး ရရှိရေးအတွက် ပါဝင်ဖို့တိုက်တွန်း


ကျားမ တန်းတူ အခွင့်အရေး ရရှိဖို့အတွက် အမျိုးသမီးတွေဘက်က ပါဝင်တောင်းဆိုပေးကြဖို့ အမျိုးသားတွေကို ဗြိတိန် မင်းသမီး Emma Watson က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အမျိုးသမီး ကိုယ်စားလှယ် ဖြစ်သူ အသက် ၂၄ ရှိ Watson ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ကို HeForShe လှုံ့ဆော်မှုအတွက် တွန်းအားအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီလှုံ့ဆော်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခွင့်အရေး တန်းတူညီမျှမှုအတွက် လုပ်ဆောင်ရာမှာ အမျိုးသားတွေ ပိုမိုပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခုလက်ရှိအချိန်ထိ အမျိုးသား  ၂သိန်း လေးသောင်းလောက်ဟာ အွန်လိုင်းမှာ ကတိပြုခဲ့ကြပြီးဖြစ်တယ်လို့ HeForShe website အရ သိရပါတယ်။ ဒီလို ကတိပြုခဲ့ကြသူတွေထဲမှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ မင်းသား Matt Damon တို့ ပါဝင်တယ်လို့ သိရပါတယ်။


အခုနှစ် ၇ လပိုင်းမှာ အမျိုးသား ၁ ဘီလျံ အထိ ရောက်ရှိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ လူအများ ထောက်ခံမှု တစ်ရှိန်ထိုး မြင့်တက်လာပေမယ့်  ကျားမ အခွင့်အရေး တန်းတူရရှိမှုအတွက် ပိုမိုများပြားတဲ့ အမျိုးသားတွေရဲ့ ထောက်ခံမှု လိုအပ်သေးတယ်လို့ သူမက ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အမျိုးသားအများစုက အမျိုးသမီးအရေးလှုပ်ရှားမှုဆိုတာ မိန်းကလေးတွေနဲ့သာ သက်ဆိုင်တဲ့ စကားလုံးလို့ ယူဆကြတဲ့အကြောင်း၊ ဒါပေမယ့် ကျားမ အခွင့်အရေး တန်းတူရရှိမှု အတွက် ရပ်တည်မယ်ဆိုရင်တော့ သင်ဟာလည်း အမျိုးသမီးအရေး လှုပ်ရှားသူဖြစ်လာမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ နာမည်ကျော် မင်းသမီးက ဒီလှုံ့ဆော်မှုဟာ အမျိုးသမီးတွေကို အမျိုးသားတွေကယ်တင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့် အမျိုးသမီး တွေလည်း ထောက်ခံ အားပေး သင့်ကြောင်း ပြောခဲ့ပါသေးတယ်။ ဆွီဒင်နိုင်ငံ၊ နယ်သာလန်နဲ့ Sierra Leone စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံအများစုက ဒီလှုံ့ဆော်မှုမှာ ပါဝင်နေကြပြီလို့ သူမက ပြောကြားခဲ့ကြောင်း Channel News Asia မှ သတင်းတစ်ရပ်အား ကိုးကားတင်ဆက်လိုက်ပါတယ်။ 

No comments:

Post a Comment