Wednesday, March 18, 2015

ABU Radio Song Festival(2015) တွင် အသုံးပြုမည့် Logo ပြိုင်ပွဲတွင် ဆုရရှိသည့် အမည်စာရင်း ထုတ်ပြန်ကြေညာ


နေပြည်တော် မတ် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အာရှပစိဖိတ်ဒေသတွင်းရုပ်သံလွှင့်လုပ်ငန်း ဆိုင်ရာအဖွဲ့အစည်း (ASIA-PACIFIC BROAD- CASTING UNION-ABU) တို့ ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ် မေလအတွင်းRadio Asia Conference 2015 နှင့် Radio Song Festival 2015 ကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပွဲတော်နှင့်အခမ်းအနားများတွင် Banner များ၊ လက်ကမ်းစာစောင်များနှင့်Backdrop များတွင် အသုံးပြုမည့် Logo ကို ပြိုင်ပွဲပြုလုပ်ရွေးချယ်ပြီး ဆုချီးမြှင့်နိုင်ရန် စိတ်ပါဝင်စားသည့် ဒီဇိုင်းပညာရှင်များအား တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်းကို မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများ၊ MRTV နှင့် မြန်မာ့အသံရေဒီယိုအစီ အစဉ်တို့မှ ဖိတ်ခေါ်ခဲ့ပြီး ပြိုင်ပွဲ၏ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပေးပို့ယှဉ်ပြိုင်လာသည့်ပြိုင်ပွဲဝင် ၂၁ ဦး၏ လက်ရာ Logo 3 ၃၂ ခုအနက် ပွဲတော်နှင့် အကိုက် ညီဆုံး၊ Logo တစ်ခုကို မြန်မာနိုင်ငံပန်းချီ၊ ပန်းပု အစည်း အရုံးဗဟိုမှ ပညာရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ကိုယ်စားလှယ်များပါဝင်သည့် စိစစ်ရွေးချယ် ရေးဒိုင်အဖွဲ့က ရွေးချယ်ခဲ့သည်။

ပြိုင်ပွဲဝင် Logo များထဲမှ ရွေးချယ်သော Logo ၏ အဓိပ္ပာယ်မှာ မြန်မာကိုယ်စားပြုစောင်းကောက်နှင့် တေးသီချင်းကိုယ်စားပြု ဂီတသင်္ကေတဖြင့် ဖွဲ့စည်းထားပါ သဖြင့် ရေဒီယိုသီချင်းပွဲတော်(Radio Song Festival 2015) အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း Logo အား ရေးဆွဲသူလက်ရာရှင်မှာ မောင်အောင်ကျော်ခင် (ဘ) ဦးအောင်ကျော်ညွန့်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment