Thursday, March 19, 2015

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ အခြေခံ စာကြည့်တိုက် ပညာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ရေဖြူ မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည် သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ စာကြည့်တိုက် ပညာသင် တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ရေဖြူမြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်ခန်းမတွင် မတ်လ (၁၇) ရက်၊ နံနက်(၉း၀၀)နာရီက ကျင်းပရာ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် မြို့နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ စာကြည့်တိုက် တာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်မှူး များ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်က အမှာ စကား ပြောကြားပြီး ကော့သောင်းခရိုင် ဦးစီးအရာရှိ ဒေါ်ကြင်ကြင်သန်းက စာကြည့်တိုက် အလုပ်ရုံ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သင်တန်းတွင် ခရိုင်/မြို့နယ် ဦးစီးမှူးများက စာကြည့်တိုက်စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ မျိုးတူစု၊ စာပြုလုပ်ငန်း၊ စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် ပတ်သက်၍ သင်ကြား ပို့ချမည်ဖြစ်ပြီး စာကြည့်တိုက်နှင့် ပတ်သက်၍ သင်ကြားပို့ချမည်ဖြစ်ပြီး စာကြည့် တိုက်နှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ ကို မတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(ရေဖြူမြို့နယ်ပြန်/ဆက်)

No comments:

Post a Comment