ထားဝယ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နှစ်(၇၀)ပြည့်
တပ်မတော်နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆိပ်ကမ်းသာ လမ်းပေါ် ရှိ ဘုမ္မော်ချောင်းကူး
သံကူ ကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို မတ် ၁၈ ရက်နံနက် (၉း၀၀) နာရီ အချိန် ယင်း
ဘုမ္မော် ချောင်းကူး သံကူကွန်ကရစ် တံတားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြတ်ကိုနှင့်
အစိုးရဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော်၊ တိုင်းအဆင့်
ဌာနဆိုင်ရာ အကြီးအကဲများ လူမှုရေး အသင်းအဖွဲ့ ၀င်များ၊ ရပ်ကွက်သူ/ သားများ တက်ရောက်
အားပေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထားဝယ်မြို့နယ် စည်ပင်သာယာရေး
ကော်မတီ ဥက္ကဌ ဦးလှရွှေ က ကျေးဇူးတင်စကား ပြောကြားပြီး နယ်စပ် ဒေသနှင့် တိုင်းရင်းသား
လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊
စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ ဦးလှရွှေနှင့် ကြက်စားပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့က
ဘုမ္မော် ချောင်းကူး သံကူကွန်ကရစ် တံတတားသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ တိုင်းဒေသကြီး
အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက တံတားသစ်မုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး
ကာ တံတားသစ်အားဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တံတားသည် တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အနက် ထားဝယ်မြို့နယ်
စည်ပင် သာယာရေး ကော်မတီမှ ကြီးကြပ်ကာ ရပ်ရွာပြည်သူလူထုများ အကျိုး မျှော်ရည်လျက် ခရီးသွားလာ
ရေး အဆင်ပြေစေရန် ၂၀၁၄-ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅-ခုနှစ်၊
မတ်လ ၅ ရက်နေ့ ပြီးစီးခဲ့ကာ တံတားအကျယ် ၂၂ပေ၊ အရှည် ၈၇ ပေ၊ ခံနိုင်ဝန်တန် ၆၀၊ ကုန်ကျ
တန်ဖိုး ၁၃၇.၇၀၅ သန်းကျပ် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment