နေပြည်တော် မတ် ၁၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီ ရိဗိမာန် ဧည့်ခန်းမ ဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Zonshine အား လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်အချင်းချင်း ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပိုမိုခိုင် မာအောင် ဆောင်ရွက်ရေး၊
လေ့လာရေးခရီးစဉ်များနှင့် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:
Post a Comment