Monday, March 16, 2015

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကို အောက်တိုဘာလကုန် နိုဝင် ဘာလ ဆန်းတွင် ကျင်းပသွားမည်ဖြစ်ရာ အချိန်ကာလအားဖြင့်
ခုနစ်လသာ ကျန်ရှိပါတော့ သည်။ ရွေးကောက် ပွဲ များ နီးလာသည်နှင့်အမျှ ပါတီများ မဲဆွယ်စည်းရုံးခွင့်ရရှိရန်အလို့ငှာ နိုင်ငံရေးပါတီ တည်ထောင် ခွင့်လျှောက် ထားခြင်းကိုလည်း ဧပြီ်လကုန်နောက်ဆုံး ထားလျှောက် ထားကြ ရန် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်က အသိပေးကြေညာ လိုက်ပြီဖြစ်ပါသည်။ မဲဆွယ်စည်းရုံးရာတွင် တည်ဆဲဥပဒေများကိုလိုက်နာဆောင်ရွက်ရေးသည် အရေးကြီး ဆုံးဖြစ် ပါသည်။
ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ ပါတီအောင်နိုင်ရေးအတွက် စည်းရုံး လှုပ်ရှားမှုများ ပြု လုပ်နေကြပြီဖြစ် သည်ကို တွေ့မြင်ကြားသိနေရပါ သည်။နိုင်ငံရေးပါတီ အသီးသီးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ဝ၆ အရ နိုင်ငံတော်အတွင်း ဥပဒေနှင့် အညီ လွတ်လပ်စွာ စည်းရုံးခွင့်ရှိပြီး နိုင်ငံသားတိုင်းသည် ပုဒ်မ ၃၅၄ အရလည်း ဥပဒေနှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာဖော်ထုတ်ပြောဆိုရေး သားခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်ရှိပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုတွေ့ဆုံရှင်းလင်းပွဲများပြု လုပ်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ပါသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အမည် စာရင်း တင်သွင်းပြီးနောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ စိစစ်အတည်ပြုပြီးလျှင် မဲဆွယ်စည်းရုံးမှု ကာလ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်မဲ ဆွယ်စည်းရုံးခွင့် စည်းကမ်း များအား လိုက်နာကြရမည်ဖြစ်ပါသည်။
ထို့အပြင် ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ရွေးကောက် ပွဲပြစ်မှုနှင့်ပြစ်ဒဏ် များ၊ အခန်း ၁၄ ပါ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေး လိုက်နာစောင့်ထိန်းရန် လိုအပ်မည်ဖြစ် ပါသည်။ ရွေးကောက်ပွဲမဲ ဆွယ်စည်းရုံးဟောပြောရာတွင် လွှတ်တော်ကိုယ်စား လှယ်လောင်း၊ ယင်း ၏ရွေးကောက်ပွဲ ကိုယ်စားလှယ်၊သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်နှင့် ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းတို့က အခွင့်အာဏာလွှဲအပ်ခြင်း ခံရသော ပုဂ္ဂိုလ်တို့ သည် မဲဆွယ်စည်းရုံးရန်အတွက် စုဝေးဟောပြောရာ တွင်ဖြစ်စေ၊ရေးသား ပုံနှိပ်ဖြန့်ချိရာ တွင်ဖြစ်စေ တည်ဆဲဥပဒေများကို လိုက်နာရမည့်အပြင် သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေအခန်း(၁၃)နှင့် (၁၄)တို့တွင် ပြဋ္ဌာန်းထားသည့်ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြု ကျင့်မှုများကို သိရှိနားလည်ပြီး ဥပဒေချိုးဖောက်မှုမျိုးမဖြစ်စေရေး သတိပြုဆောင် ရွက်ရ မည်ဖြစ်ပါသည်။

မိမိ၏ဟောပြောချက်များသည် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို ဖောက်ဖျက် လျှင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရဖွယ်ရှိပါသည်။ ထိုနည်းတူ အခန်း (၁၄)တွင် ပါရှိသည့် တရားမဲ့ပြုကျင့်မှု တစ်ရပ် ရပ်ဖောက်ဖျက်ပါက ရွေးကောက်ပွဲတွင် အနိုင်ရသည့်တိုင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက ကန့်ကွက် လွှာတင်သွင်းခဲ့လျှင် အရေးယူဆောင်ရွက်ခြင်း ကိုခံရနိုင်ပါသည်။ သို့ပါ၍ လာမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးသည် တရားသောရွေးကောက် ပွဲကြီးဖြစ်ရန် ကြိုးပမ်းလျက်ရှိသည့်နည်းတူ တရားသဖြင့် လည်း မဲဆွယ်စည်းရုံးယှဉ်ပြိုင်ကြရန်လည်း လိုအပ်လိမ့်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment