Tuesday, March 24, 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု စိစစ်ရွေးချယ်ရေးကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ




နေပြည်တော် မတ် ၂၄
နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည်ဆု စိစစ် ရွေးချယ်ရေး ကော်မတီ တတိယ အကြိမ် အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် ရုံးအမှတ်(၁၈) နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စိစစ်ရွေးချယ် ရေးကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယ၀န်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အမှာစကားပြောကြားရာတွင် ရွေးချယ်မည့်ဆုများနှင့် ပတ်သက်၍ ပြည်နယ်/တိုင်းဒေ သကြီးများ မှ ပဏာမအဆင့် ရွေးချယ်တင်ပြထားမှုများအပေါ် လုပ်ငန်းကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၂၀၁၅ မေလ ပထမအပတ် တွင်ကျင်းပဖို့ လျာထားပြီးဖြစ် သည့်အတွက် ကော်မတီအလိုက် ဆု အလိုက် ရွေးချယ်မှုလုပ် ငန်းများအား ဧပြီလ စတုတ္ထပတ်အတွင်း အချိန်မီပြီးစီး အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
စွမ်းဆောင်မှုအကောင်းဆုံး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဆုနှင့် စည်ပင်သာယာ ရေးကော်မတီဆု များ ရွေးချယ်ရာတွင် ဆွေးနွေးစီမံ ဆောင်ရွက်မှုနှင့် တိုးတက်မှုအပေါ် ဦးစားပေး အကဲဖြတ်စဉ်း စားရန် ဖြစ်ပါကြောင်း။
လူမှုရေးဆိုင်ရာဆုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များက အဆိုပြုတင်ပြချက် များအပေါ် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက သတ်မှတ်ထားသည့်မူဝါဒ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စိစစ်ပြီး တင်ပြဖို့လိုအပ်ပါ ကြောင်း။
ပညာရပ်ဆိုင်ရာဆုနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက အမှတ်ပေး စည်းမျဉ်း များနှင့်အညီ စိစစ်အကဲဖြတ်တင်ပြလာသည့် ထူးချွန်ပညာရှင် ၂၂ ဦး၏ တီထွင်အသုံးချ ဆောင်ရွက် ခဲ့သည့် သုတေသနလုပ်ငန်း များကို လုပ်ငန်းကော်မတီက အဖွဲ့များခွဲပြီး စစ်ဆေးအကဲဖြတ် အမှတ်ပေးလျက် ရှိပါကြောင်း၊ ယခုနှစ်မှာ ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်မည်ဆိုလျှင် နိုင်ငံ၏ လက်တွေ့အသုံး ချသုတေသန နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေ မှာဖြစ်သလို တက္ကသိုလ်များ၏ အနာဂတ်ရည်မှန်း ချက်ဖြစ်သော သုတေသန လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရွက်ရေး ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မြို့ပြ/ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာဆုချီးမြှင့်ရေး လုပ်ငန်းကော မတီ၊ လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ စီးပွားရေးဆိုင်ရာဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ပညာရပ် ဆိုင်ရာလုပ်ငန်းကော်မတီတို့မှ ဒုတိယ၀န်ကြီးများက ဆုများပမာဏ ရွေးချယ်ခြင်း လုပ်ငန်း၊ ကွင်းဆင်းစိစစ် အကဲဖြတ်မှုလုပ်ငန်း စသည့်အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ဆုများ ပဏာမ ရွေးချယ်ထားရှိမှု အခြေအနေများအား ဆွေးနွေး တင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားရှင်းလင်းသည်။

No comments:

Post a Comment