Thursday, March 19, 2015

စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း (၁/၂၀၁၅) ဖွင့်လှစ်


တပ်ကုန်းမတ် ၁၈

ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း (၁/၂၀၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၈) ရက် နံနက် (၉) နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ကျေးရွာစာကြည့်တိုက်များ ပိတ်ထားမှု မရှိစေရေးနှင့် ပြည်သူများ အမှန်တကယ် စာပေဖတ်ရှုမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်၏ သားကောင်း သမီးကောင်းများ ပေါ်ထွန်းလာမည် ဖြစ်ကြောင်း ပြောကြားပြီး၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

သင်တန်းတွင် စာကြည့်တိုက် ရှင်သန်ခိုင်မာရေးအတွက် စာစု၊ စာပြု၊ စာငှားလုပ်ငန်း၊ မျိုးတူစုခွဲခြင်း၊ ကက်တလောက်၊ စာပေပစ္စည်း ထိန်းသိမ်းရေး၊ ပြည်သူ့ စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းနှင့် စသည့် ဘာသာရပ် အစုစုတို့ကို သင်ကြား ပို့ချသွားမည် ဖြစ်သည်။ သင်တန်းသို့ စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသူများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများ စုစုပေါင်း သင်တန်းသား (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာ သင်ကြားပို့ချမည် ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က တက်ရောက်လာသည့် စာကြည့်တိုက်မှူးများ အတွက် ပညာခေတ်၏ရနံ့ စာစီစာကုံးစာအုပ်နှင့် ပညာမိုး(၂) စာစီစာကုံး စာအုပ်များကို သင်တန်းသား ခေါင်းဆောင်အား ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ် ပြန်/ဆက်

No comments:

Post a Comment