မန္တလေး မတ် ၂၁
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည်
မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်၊ ဒုတိယဝန်ကြီး ဦးဇင်ယော်၊ တိုင်းဒေသကြီး
ဝန်ကြီးများနှင့် အတူ ယနေ့ နံနက် ၉ နာရီတွင် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ရပ်နားလျှက်
ရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse – 2 လေယာဉ်အား ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ
လေ့လာ နေမှုများကို ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ကော်မရှင် ဥက္ကဋ္ဌသည် အပြည်ပြည်ဆိုင်ရာ
လေဆိပ် Mobile Hangar အတွင်း ထားရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar
Impulse – 2 အား ကြည့်ရှုပြီး ယာယီစခန်း
(Event Tent) အတွင်း Solar Impulse Team အုပ်ချုပ်မှုဒါ ရိုက်တာ မစ္စတာ နီကိုလပ်ပီဗင်
မှ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဆိုင်ရာ အကြောင်း အရာများနှင့် ပတ်သက်၍ ရှင်းလင်း
ပြောကြားနေမှုများ၊ လေ့လာသူ ကျောင်းသား ကျောင်းသူများနှင့်
အပြန်အလှန် မေးမြန်း ဖြေကြားမှုများအား ကြည့်ရှု အားပေးသည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုသည် တာဝန် ရှိသူများနှင့်အတူ ယာယီစခန်း
(Event Tent) အတွင်း နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဆိုင်ရာ အချက်အလက်များအား ပရိုဂျက်တာဖြင့်
ပြသရှင်းလင်းမှု၊ Mobile Hangar အတွင်း ထားရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse – 2 နှင့် လေ့လာနေသည့် ပြည်သူများအား အားပေး ကြည့်ရှုသည်။
အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse – 2 လေယာဉ်မှူး (၂)ဦးနှင့် တာဝန်
ရှိသူများအား First Myanmar Investment နှင့် Yoma Strategic Holdings ကုမ္ပဏီက ယာယီစခန်း
အတွင်း ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။



No comments:
Post a Comment