Monday, March 23, 2015

တတိယအကြိမ် တောင်သူလယ်သမား ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲကျင်းပမည်


နေပြည်တော် မတ် ၂၃
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် တောင်သူလယ်သမား ဂုဏ်ပြု တေးသီချင်းများ  ကိုယ်တိုင်ရေးစပ်၊  သီဆို လျက်ရှိသည့် ဂီတစာဆို တေးသံရှင် ဦးသန်းမြတ်စိုးအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး   ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုငွေ၊ ဂုဏ်ပြုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် ဦးသန်းမြတ်စိုးမှ ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍဂုဏ်ပြုတေးသီချင်းများအား သီကုံး စပ်ဆိုခဲ့ခြင်းအပေါ် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံနှင့်အဝန်း တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူများ၏ လယ်ယာ လုပ်ငန်းခွင်အတွင်း ပိုမို သာယာလှပသော အနာဂတ်ရောင်ခြည် များ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးအတွက် တတိယအကြိမ် လယ်ယာကဏ္ဍနှင့် တောင်သူ လယ်သမား ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲများ” ကျင်းပသွားနိုင်ရေး အစီအစဉ်များကို ညှိနှိုင်း ဆောင်ရွက်မှု  ပြုလုပ်သည်။

အစည်းအဝေးပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့တောင်သူပညာပေး စိုက်ခင်း၊ ဇမ္ဗူသီရိ မြို့နယ် တဲကြီးကုန်း ရွာရှိ  ပုလဲသွယ် စပ်မျိုးစပါး၊ နွေစပါး စိုက်ခင်းများအားလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအနီးရှိ နွေစပါး တဆက် တစပ်တည်း စိုက်ခင်းများအားလည်းကောင်း  ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment