နေပြည်တော် မတ် ၂ဝ
တပ်မတော်စစ်ကြောင်းများက လော်ကွားကျိုင်း
မြောက်ဘက်ရှိ သောင်းကျန်းသူများအခိုင်အမာ ခြေကုပ်ယူ ခုခံလျက်ရှိသော ပွိုင့်-၁၉၆၅ တောင်ကုန်း
အား ယနေ့နံနက်ပိုင်းမှစတင်၍ထိုးဖောက်တိုက်စစ် ဆင်နွှဲခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး
မွန်းလွဲ ပိုင်းတွင် ၎င်းတောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။ ၎င်းတောင်ကုန်းပေါ်တွင် လူ ၂ဝဝ
ခန့်ကောင်းစွာ တပ်ဖြန့်နိုင်သော ဗုံးခိုကျင်းများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ မြေခွေးကျင်းများနှင့်
လူနေတဲကြီး ၁ဝ လုံးခန့်တို့အား တည်ဆောက်အခြေပြုထားကြောင်း သိရှိရသည်။ အလားတူ ပွိုင့်-၁၉၆၅
၏ မြောက်ဘက်ရှိ ပွိုင့်-၁၉၅၁ နှင့် ပွိုင့်-၁၉၆၈ အပါအဝင် အနီးပတ်ဝန်းကျင်ရှိတောင်ကုန်းများအား
လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့သည်။
ထို့ပြင် မတ် ၁၉ ရက်က နှစ်နိုင်ငံနယ်စပ်နှင့်
မီတာ ၁၅ဝဝ ခန့်အကွာရှိ သောင်းကျန်းသူတို့အတွက် အရေး ကြီးသော စစ်နည်းဗျူဟာအရ အရေးကြီးသော
တောင်ကုန်းများဖြစ်သည့် ပွိုင့်-၁၅၆၄ နှင့် ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောတို့အား
ထိုးစစ်ဆင် တိုက်ခိုက်၍ သောင်းကျန်းသူ အင်အားစုများအား ရင်ဆိုင်ထိန်းချုပ်တိုက်ခိုက်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် ကိုးကန့်
သောင်းကျန်းသူများထံမှ တရုတ်စက်လတ် တစ်လက်၊ ကျည်မျိုးစုံ အတောင့် ၇၁ဝ၊ လက်ပစ်ဗုံး ခြောက်လုံးTNLA
ယူနီဖောင်း တစ်စုံ၊ ကိုးကန့်သောင်းကျန်းသူ ယူနီဖောင်း ၁ဝ စုံ၊ မြန်မာ/ရခိုင်ဘာသာ မှတ်စုစာအုပ်
တစ်အုပ်နှင့် လူ ၂ဝဝ ခန့် အသုံးပြုနိုင်သော အုပ်ချုပ်မှု အထောက်အကူပြု ပစ္စည်းမျိုးစုံတို့အား
သိမ်းဆည်းရရှိခဲ့ သည်။ တပ်မတော်မှ စစ်သည်သုံးဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး
အရာရှိစစ်သည် ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment