နေပြည်တော် မတ် ၉
လောက်ကိုင်- ချင်းရွှေဟော်ကားလမ်းအား
ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်စေရေးအတွက် အဆိုပါကားလမ်းအား မကြာခဏ နှောင့်ယှက်ပစ်ခတ်
တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ခြေကုပ်ယူထားသည့်
လုံထန်ကျေးရွာအနီး ကားလမ်း အရှေ့ဘက်ခြမ်းရှိ ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်
တောင်ကုန်း များအား တပ်မတော်စစ်ကြောင်းများက မတ် ၇ ရက် မွန်းလွဲပိုင်းမှစတင်၍ တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများ၏
လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ များရယူ၍ ရဲဝံ့စွန့်စားစွာ အဆင့်ဆင့် ခြေကုပ်ယူ ချီတက် ရှင်းလင်း
တိုက်ခိုက်မှုကြောင့် မတ် ၈ ရက် ညပိုင်းအထိ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ နှင့်
တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းအချို့ကို
သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
အထက်ပါ တိုက်ပွဲဖြစ်စဉ်တွင်
တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကာ အရာရှိ၊ စစ်သည် ၅၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရ အရာရှိ၊
စစ်သည်များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက်
ရှိသည်။
ကိုးကန့်သောင်းကျန်းသူများအနေဖြင့်
လုံထန်ကျေးရွာအနီးရှိ ပွိုင့်-၁၇၅၃ တောင်ကုန်းအပါအဝင် ၎င်းမှ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ်
(၁၄၁) အတွင်း တောင်ကုန်းများတွင် အင်အားစုများဖြန့်ခွဲ၍ အခိုင်အမာ အခြေပြု ကာ လောက်ကိုင်-ချင်းရွှေဟော်
ကားလမ်းကြောင်း တစ်လျှောက် သွားလာလျက် ရှိသော ဒေသခံ ပြည်သူများ နှင့် တပ်မတော်ယာဉ်တန်းများအား
မကြာခဏနှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလအတွင်း
စစ်ဘက်နှင့် မသက်ဆိုင်သော ကြက်ခြေနီအလံလွှင့်ထူ၍
ကြက်ခြေနီအဖွဲ့များ လိုက်ပါ လာသည့် ယာဉ်တန်း၊
သတင်းမီဒီယာများ လိုက်ပါလာသည့်ယာဉ်တန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်ပါလာ သည့် ယာဉ်တန်းတို့ကို
ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း သိရှိရသည်။
(9-3-2015).jpg)
No comments:
Post a Comment