မှတ်စုတို-၉
အများပြည်သူ ဝန်ဆောင်မှု သို့မဟုတ် နိုင်ငံပိုင် ရုပ်သံလွှင့် ဌာနများ (Public
Service Broadcasting-PSB)သည် မီဒီယာ မျက်နှာစာတွင် မရှိမဖြစ် ကဏ္ဍတစ်ခု ဖြစ်သည်။ ၄င်းတို့သည်
မျိုးစုံကွဲပြားခြင်းနှင့် အရည်အသွေးမြင့် အစီအစဉ်များ၏
အခြေခံအုတ်မြစ်အဖြစ် အလုပ်အကျွေးပြု
နိုင်သည်။ အထူးသဖြင့် ဈေးကွက်သို့ ချဉ်းကပ်ရန် အတွက် နည်းလမ်းများက ၄င်းတို့အား အမှန်တကယ်
အထောက် အကူမပြုပေ။ PSB များသည် လူနည်းစု၏ အလေးဂရုပြုရေး စီမံချက်ဘောင် အတွင်းမှနေ၍
အမျိုးသား အမှတ် လက္ခဏာကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် လူမှုရေးမူဘောင် အတွင်း ပါဝင်လာနိုင်ရေးနှင့်
လူ့အခွင့်အရေး တန်ဖိုးများလေးစား လိုက်နာမှုကို မြှင့်တင်ပေးရန်လည်း အလုပ်အကျွေး ပြုနိုင်သည်။
ကျယ်ပြန့်လာသော မီဒီယာမြင်ကွင်း၌ အစိုးရ ရုပ်သံလွှင့် ဌာနများသည် မကြာခဏဆိုသလို အရည်အသွေးများ
ချပြနိုင်သဖြင့် စီးပွားဖြစ် လုပ်ကိုင်သူများမှလည်း အရည် အသွေးမြင့်ပြီး ပိုမိုခေတ်မီ
ဆန်းသစ်သော အစီအစဉ်များ ထုတ်လုပ်ခြင်းဖြင့် တန်ပြန်ရန် တွန်းအားပေးသည်။
လုပ်ပိုင်ခွင့်
အစိုးရ ရုပ်သံလွှင့်ဌာနများသည် စီးပွားဖြစ် ရုပ်သံလွှင့်သူများ၏ အစီအစဉ်များကို ဖြည့်စွက်တိုးချဲ့ကာ အများ ပြည်သူ စိတ်ဝင်စားမည့် အစီအစဉ်များကို ထုတ်လွှင့်ခြင်းအားဖြင့် မီဒီယာ၌ မျိုးစုံကွဲပြားမှု တိုးမြှင့်လာစေရန် အလုပ် အကျွေးပြုသည်။ ပြည်သူများ၏ စိတ်ဝင်စားမှုကို တုံ့ပြန်နိုင်သည့် အစီအစဉ်များ ထုတ်လွှင့်နိုင်ရန်နှင့် ထုတ်လွှင့်သည့် အစီစဉ်အပေါ် တာဝန်ခံနိုင်ရန် အတွက် အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့် ဌာနများသည် ဥပဒေနှင့် စည်းမျဉ်းများ အရ ရှင်းလင်းသော အများပြည်သူ ဝန်ဆောင်မှု ဆိုင်ရာ လုပ်ပိုင်ခွင့် ချမှတ်ရန်သည် အရေးကြီးသည်။ ၄င်းလုပ်ပိုင်ခွင့်သည် အစိုးရ ရုပ်သံလွှင့်ဌာနများ အတွက် လွန်လွန်ကဲကဲ ထိန်းချုပ်ထားခြင်း မရှိဘဲ အသေးစိတ် ကျသင့်သည်။
အစိုးရ ရုပ်သံလွှင့်ဌာနများသည် စီးပွားဖြစ် ရုပ်သံလွှင့်သူများ၏ အစီအစဉ်များကို ဖြည့်စွက်တိုးချဲ့ကာ အများ ပြည်သူ စိတ်ဝင်စားမည့် အစီအစဉ်များကို ထုတ်လွှင့်ခြင်းအားဖြင့် မီဒီယာ၌ မျိုးစုံကွဲပြားမှု တိုးမြှင့်လာစေရန် အလုပ် အကျွေးပြုသည်။ ပြည်သူများ၏ စိတ်ဝင်စားမှုကို တုံ့ပြန်နိုင်သည့် အစီအစဉ်များ ထုတ်လွှင့်နိုင်ရန်နှင့် ထုတ်လွှင့်သည့် အစီစဉ်အပေါ် တာဝန်ခံနိုင်ရန် အတွက် အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့် ဌာနများသည် ဥပဒေနှင့် စည်းမျဉ်းများ အရ ရှင်းလင်းသော အများပြည်သူ ဝန်ဆောင်မှု ဆိုင်ရာ လုပ်ပိုင်ခွင့် ချမှတ်ရန်သည် အရေးကြီးသည်။ ၄င်းလုပ်ပိုင်ခွင့်သည် အစိုးရ ရုပ်သံလွှင့်ဌာနများ အတွက် လွန်လွန်ကဲကဲ ထိန်းချုပ်ထားခြင်း မရှိဘဲ အသေးစိတ် ကျသင့်သည်။
ရှင်းလင်းတိကျသော လုပ်ပိုင်ခွင့်များသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ခြားနား
ကွဲပြားသော်လည်း အချို့သော သွင်ပြင် လက္ခဏာများကိုမူ နိုင်ငံအများစုတွင် တွေ့ရှိနိုင်သည်။
ကျယ်ပြန့်သော သတင်း အစီအစဉ်များနှင့် မျက်မှောက်ရေးရာ အစီအစဉ်များသည် အစိုးရ ရုပ်သံလွှင့်ဌာနများ၏
အမှတ်လက္ခဏာ ဖြစ်ပြီး မှန်ကန်တိကျမှု၊ ဘက်မလိုက်မှုနှင့် ညီမျှမှုရှိရန် အရေးကြီးသည်။ ကိစ္စရပ်အများစုတွင်
နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနများသည် အဓိကဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့်အဖွဲ့အစည်း
အထူးသဖြင့် ဥပဒေပြု သူများ၏ အစီအစဉ်များအား အကာအကွယ် ပေးပြီး ဖွံ့ဖြိုး တိုးတက်မှုများအား
နိုင်ငံတော်အဆင့် သာမက နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံနိုင်ရန်
ဖြည့်ဆည်း ပေးသည်။
အစိုးရ ရုပ်သံလွှင့် ဌာနများအား ပုံမှန်အားဖြင့် အများကြိုက် အစီအစဉ်များနှင့်
သီးသန့် ပရိသတ်များအတွက် ထူးထူး ခြားခြား အစီအစဉ်များ ဖန်တီးပေးရန် ရံဖန်ရံခါ အစဉ်အလာ
အတိုင်း လျစ်လျူရှုခဲ့ကြသည့် ပညာပေး အစီအစဉ် ကဲ့သို့သော နယ်ပယ်များနှင့် လူနည်းစုများ
အကြောင်း တင်ဆက်ထားသည့် ရုပ်သံ အစီအစဉ်မျာကို တစိုက်မတ်မတ် တင်ဆက်ပေးရန် မျှော်လင့်သည်။
အစိုးရ ရုပ်သံလွှင့်ဌာနများ အတွက် ၄င်းတို့ ထုတ်လွှင့်လိုက်သော ရုပ်သံလွှင့်မှုများကို
လူအများထံ ဖြစ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် ရောက်ရှိစေရေးသည် ယေဘုယျ လိုအပ်ချက် တစ်ခု
ဖြစ်သည်။ ၄င်းတို့သည် ပြည်သူ့ အခွန်ငွေဖြင့် ရပ်တည်နေခြင်း ဖြစ်သောကြောင့် ဤလိုအပ်ချက်ကို
ဖြည့်ဆည်း ရမည်မှာ သဘာဝကျသည်။
လွတ်လပ်မှုရှိခြင်း
အစိုးရရုပ်သံလွှင့်ဌာနများအား အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်၍ အကာအကွယ် မပေးပါက ဆိုလိုသည်မှာ ၄င်းတို့သည် အမှီအခိုကင်းခြင်း မရှိပါက ၄င်းတို့၏ ပြည်သူအများ၏ ထောက်ခံမှုအရ ရရှိသော ဝန်ဆောင်မှု လုပ်ပိုင်ခွင့်ကို ထိထိ ရောက်ရောက် ကျေပွန်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
အစိုးရရုပ်သံလွှင့်ဌာနများအား အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်၍ အကာအကွယ် မပေးပါက ဆိုလိုသည်မှာ ၄င်းတို့သည် အမှီအခိုကင်းခြင်း မရှိပါက ၄င်းတို့၏ ပြည်သူအများ၏ ထောက်ခံမှုအရ ရရှိသော ဝန်ဆောင်မှု လုပ်ပိုင်ခွင့်ကို ထိထိ ရောက်ရောက် ကျေပွန်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
ဤအချက်၏ အရေးပါမှုကို ဂါနာနိုင်ငံ၏ တရားရုံးချုပ်၌ မျိုးချစ်ပါတီသစ်New
Patriotic Party နှင့် Ghana Broadcasting Corp ဂါနာရုပ်သံ ကော်ပိုရေးရှင်းတို့ကြား
ဖြစ်ပွားသော အမှုတွင် သိသာ ထင်ရှားစွာ ဖော်ပြထားသည်။
နိုင်ငံတော်ပိုင် မီဒီယာဟူသည် အမျိုးသားပိုင် ပစ္စည်း တစ်ခုဖြစ်ပြီး ရပ်ရွာ အဖွဲ့အစည်း
တစ်ခုလုံးမှလည်း ပိုင်ဆိုင် သည်။ နိုင်ငံဟူသော အကောင်အထည် မရှိသည့် စိတ္တဇနာမ် တစ်ခုမှ
သော်လည်းကောင်း၊ အစိုးရ ရုံးအဖွဲ့တစ်ခုမှ သော်လည်းကောင်း၊ နိုင်ငံရေးပါတီမှ သော်လည်းကောင်း
မပိုင်ဆိုင်နိုင်ပေ။ အဆိုပါ အမျိုးသားပိုင် ပစ္စည်းတစ်ခုသည် တစ်စုံတစ်ယောက်၏ စကားပြောခွက်
တစ်ခု (သို့မဟုတ်) ပါတီများ၏ နိုင်ငံရေး အာဏာ ပြိုင်ဆိုင်မှု အတွက် ပေါင်းစပ်မှု တစ်ခုကဲ့သို့
ဖြစ်လာပါက ဒီမိုကရေစီစနစ်သည် အတုအယောင်မျှသာ ဖြစ်တော့မည် ဖြစ်သည်။
အစိုးရ ရုပ်သံလွှင့်ဌာနများကြား၌ အမှီအခိုကင်းရန် လိုအပ်မှုသည် လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်၏ နိုင်ငံတကာ အာမခံချက်များမှ စတင်ခြင်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး
ကော်မတီ၏ အထွေထွေ သုံးသပ်ချက် အမှတ် ၃၄ ၌ နိုင်ငံများသည် အစိုးရ ရုပ်သံလွှင့် ဌာနများ၏
အမှီအခိုကင်းစွာ ရပ်တည်ကြောင်း သေချာစေရမည်။ ဤအချက်နှင့် ပတ်သက်၍ နိုင်ငံများသည် ၄င်းတို့၏
လွတ်လပ်မှုနှင့် ရွေးချယ် တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အာမခံချက်ပေးရမည်။ နိုင်ငံများသည်
ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နိုင်သော်ငြား ဤလုပ်ဆောင်ချက်သည် လွတ်လပ်မှုကို လျော့ကျစေခြင်း
မရှိစေရ။ UNESCO ၏ လမ်းညွှန်မှုအောက်မှ များစွာသော ကြော်ငြာချက်များတွင်လည်း အစိုးရ ရုပ်သံလွှင့်ဌာနများ
အတွက် အမှီအခို ကင်းခြင်း၏ အရေးကြီးမှုအား ဖော်ပြထား သည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်
ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အထူးပြဋ္ဌာန်းချက် ၂ဝ၁၁ ခုနှစ် ပူးတွဲ ကြေညာချက်၌ ပြည်သူပိုင်
ရုပ်သံ ထုတ်လွှင့်သူများသည် နိုင်ငံရေးအရ လွှမ်းမိုး ထိန်းချုပ်ခံရပါက အများပြည်သူတို့
အကျိုးစီးပွား အတွက် ရပ်တည် လည်ပတ် ဆောင်ရွက်ရမည့် အစား အစိုးရ၏စကား ပြောခွက်သဖွယ်
ဖြစ်လာမည်ဟု ဖော်ပြထားသည်။
အထူးသဖြင့် ရုပ်သံထုတ်လွှင့်သူများ၏ အမှီအခိုကင်းမှုကို အကာအကွယ် ပေးခြင်းသည် ရုပ်သံလွှင့်မှုဆိုင်ရာ
စည်းကမ်း ထိန်းသိမ်းသူများ၏ အမှီအခိုကင်းမှုကို ကာကွယ် ပေးခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည်
(မှတ်စုတို ၇ ကို ကြည့်ရန်)။ ဤအချက်သည် စီမံအုပ်ချုပ်သည့် အဖွဲ့အစည်းမှ ပြည်သူပိုင်
ရုပ်သံ ထုတ်လွှင့်သူများအား စောင့်ကြပ် ကြည့်ရှုနေကြောင်း သေချာစေရန် အလွန်အရေးကြီးပြီး
အဆိုပါ အဖွဲ့အစည်း၏ အဖွဲ့ဝင်များကို ခန့်အပ်ရာတွင်လည်း လွတ်လပ်မှု ရှိရန်လိုသည်။
အစိုးရ ရုပ်သံလွှင့်ဌာနများအား ကာကွယ်မှု ပြုရာတွင် ထပ်မံ ထည့်သွင်းရမည့် အချက်တစ်ချက်မှာ
ရွေးချယ် တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့် ဖြစ်သည်။ ဤအတွေးအမြင်၏ အဓိကညွှန်းဆိုချက်မှာ
ရွေးချယ် တည်းဖြတ်မှု ဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျွမ်းကျင် ဝန်ထမ်းများဖြစ်သည့် အယ်ဒီတာများမှ
အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဆောင်ရွက်ရမည် ဖြစ်သည်။ အုပ်ချုပ်မှုအဖွဲ့ (အဖွဲ့အစည်း တစ်ခုလုံးအတွက်
တာဝန်ရှိသူများ)နှင့် မန်နေဂျာနှင့် အယ်ဒီတာများ (နေ့စဉ် ဆုံးဖြတ်ချက် ချမှတ်ရန် တာဝန်ရှိသူများ)
အကြားရှင်းလင်းစွာ ခွဲခြားထားလိုက်ခြင်းဖြင့် ရွေးချယ် တည်းဖြတ်မှု ဆိုင်ရာ လွတ်လပ်ခွင့်အား
ရနိုင်မည် ဖြစ်သည်။ ကျွမ်းကျင် ဝန်ထမ်းများမှ အဖွဲ့အစည်း တစ်ခုလုံး၏ လုပ်ငန်းလည်ပတ်မှုကို
စီမံခန့်ခွဲနေစဉ်တွင် အုပ်ချုပ်မှုအဖွဲ့မှ လုပ်ငန်းများကိုကြီးကြပ် ကွပ်ကဲခြင်းနှင့်
အစိုးရအား တင်ပြခြင်းတို့ကို ဆောင်ရွက်သည်။ ဤဆောင်ရွက်မှုသည် အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုကို
အလွှာနှစ်လွှာစနစ်ဖြင့် ဆန့်ကျင် ကာကွယ်ထားခြင်း ဖြစ်ပြီး၊ တစ်စုံတစ်ဦးသည် ရုပ်သံ ထုတ်လွှင့်မှုကို
ဝင်ရောက် စွက်ဖက်လာမည် ဆိုပါက အုပ်ချုပ်မှုအဖွဲ့နှင့် အယ်ဒီတာ အဖွဲ့နှစ်ခုစလုံးကို ကျော်ဖြတ်ရမည်ဖြစ်သည်။
ရန်ပုံငွေရရှိခြင်း
၎င်းတို့၏ လုပ်ပိုင်ခွင့်များအား သင့်တင့် လျောက်ပတ်သော နည်းလမ်းဖြင့် ရယူရာတွင် စီးပွားဖြစ် ရုပ်သံထုတ်လုပ် သူများထက် ပိုမို သာလွန် ကောင်းမွန်သော ထွက်ကုန်များ၊ ထုတ်လွှင့်မှုများ ပေးအပ်ခြင်းသည်လည်း ပါဝင်ပြီး ပြည်သူပိုင် ရုပ်သံလွှင့်ဌာနများသည် အချို့သော အများပြည်သူ ရန်ပုံငွေ များမှ အကျိုးအမြတ် ရရှိရန် လိုအပ်သည်။ တစ်ချိန်တည်း၌ပင် ဤရန်ပုံငွေများအား ပြည်သူပိုင် ရုပ်သံလွှင့် ဌာနများ၏ လွတ်လပ်မှုကို ကာကွယ်ထားသည့် စနစ်အရ အစိုးရ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် နည်းလမ်းဖြင့်သာ ပေးအပ်ရမည်။
၎င်းတို့၏ လုပ်ပိုင်ခွင့်များအား သင့်တင့် လျောက်ပတ်သော နည်းလမ်းဖြင့် ရယူရာတွင် စီးပွားဖြစ် ရုပ်သံထုတ်လုပ် သူများထက် ပိုမို သာလွန် ကောင်းမွန်သော ထွက်ကုန်များ၊ ထုတ်လွှင့်မှုများ ပေးအပ်ခြင်းသည်လည်း ပါဝင်ပြီး ပြည်သူပိုင် ရုပ်သံလွှင့်ဌာနများသည် အချို့သော အများပြည်သူ ရန်ပုံငွေ များမှ အကျိုးအမြတ် ရရှိရန် လိုအပ်သည်။ တစ်ချိန်တည်း၌ပင် ဤရန်ပုံငွေများအား ပြည်သူပိုင် ရုပ်သံလွှင့် ဌာနများ၏ လွတ်လပ်မှုကို ကာကွယ်ထားသည့် စနစ်အရ အစိုးရ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် နည်းလမ်းဖြင့်သာ ပေးအပ်ရမည်။
ဤဖော်ပြချက်၌ ကောင်းမွန်သော အလေ့အကျင့် တစ်ခုမှာ ရန်ပုံငွေများကို အစိုးရဘတ်ဂျက်မှ
တိုက်ရိုက် ပေးအပ်ခြင်းထက် လုပ်ငန်းခွင့်ပြုမိန့် (သို့မဟုတ်) အခြားသော အခွန်အခတို့မှ
တစ်ဆင့် ပေးအပ်ခြင်းဖြစ်သည်။ အချို့နိုင်ငံများ၌ ပြည်သူပိုင် ရုပ်သံလွှင့် ဌာနများသည်
ရေဒီယို (သို့မဟုတ်) ရုပ်မြင်သံကြား စက်ရှိသော အိမ်ထောင်စု အားလုံးမှ မဖြစ်မနေ စည်းကြပ်
ရရှိသော အခွန်ငွေများမှ တစ်ဆင့် ရန်ပုံငွေများကို ရရှိသည်။ ဤနည်းလမ်းသည် အချိန်နှင့်အမျှ
ပြောင်းလဲမှုမရှိသည့် ရန်ပုံငွေများ ပေးအပ်နိုင်သည့် အကျိုးကျေးဇူးရှိပြီး အစိုးရ၏ ဝင်ရောက်
စွက်ဖက်မှုမှ ဟန့်တားနိုင်သော်ငြား ၎င်းအခွန်အခများကို ကောက်ယူရန်မှာမူ ခက်ခဲသည်နှင့်/
သို့မဟုတ် ကုန်ကျစရိတ် များပြားသည်။ အခြား နည်းလမ်းတစ်ခုမှာ ဤအခွန်အခများကို သီးသန့်
ကောက်ယူမည့် အစား လျှပ်စစ်မီတာခ ကဲ့သို့သော အခြားအခွန်အခတစ်ခုနှင့် တွဲ၍စည်းကြပ်ပါက
လိုက်လံ ကောက်ယူရမည့် ကုန်ကျစရိတ် သက်သာနိုင်သည်။ အခြား ထူးခြား ဆန်းသစ်သည့် ချဉ်းကပ်မှုများလည်း
ရှိသည်။ ဥပမာ ထိုင်းနိုင်ငံတွင် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနများ အတွက် ရန်ပုံငွေ များကို
အရက်နှင့် ဆေးလိပ်များ တင်သွင်းလာသော အကောက် ခွန်များမှ ရရှိသည်။
နိုင်ငံ အများအပြားတွင် ပြည်သူပိုင် ရုပ်သံလွှင့်ဌာနများသည် ရောယှက် ရန်ပုံငွေပုံစံကို
အားထားကြသည်။ ဤရန်ပုံ ငွေများကို အများပြည်သူ အရင်းအမြစ်များနှင့် အချို့သော ကြော်ငြာများ
အပါအဝင် စီးပွားရေး လုပ်ငန်းများမှ ရရှိသည်။ ဥရောပပါလီမန် အစည်းအဝေး ကောင်စီ၏ ထောက်ခံချက်
အမှတ် ၁၈၇၈ (၂ဝဝ၉) တွင် ရန်ပုံငွေရရှိရန် ဖြစ်နိုင်သော အရင်းအမြစ်များနှင့် ပတ်သက်၍
အောက်ပါအတိုင်း ညွှန်းဆို ထားသည်။
အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့်ဌာနများ၏ ရန်ပုံငွေများသည် ဤအချက်များမှ ရရှိစေသည်။
၎င်းတို့မှာ တည်ငြိမ်သော ရုပ်သံထုတ်လွှင့်ခွင့် ခွင့်ပြုမိန့် ဝန်ဆောင်ခ၊ အခွန် အကောက်များ၊
နိုင်ငံတော်မှ ထောက်ပံ့ငွေ၊ နှစ်စဉ် ကြေး၊ ကြော်ငြာခနှင့် ကမကထပြုမှု အတွက် ရရှိသော
ဝန်ဆောင်ခ၊ တစ်ဦးချင်း ကြည့်ရှုမှု ဝန်ဆောင်ခနှင့်အခြား ဆက်စပ်နေသော ထုတ်လုပ်မှုများ
ဖြစ်သည့် စာအုပ်စာတန်း၊ ဗီဒီယိုနှင့် ရုပ်ရှင်၊ ၄င်းတို့၏ ရုပ်သံ မော်ကွန်းတိုက် အသုံးပြုမှုအတွက်
ရရှိသော ဝန်ဆောင်ခတို့ ဖြစ်သည်။
ရောယှက် ရန်ပုံငွေပုံစံသည် အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့် ဌာနများ အတွက်
အရင်းအမြစ်များ ပိုမိုရရှိစေပြီး ၄င်းတို့၏ လွတ်လပ်စွာ တည်ရှိမှုကို တိုးမြှင့်အောင်
ကူညီနိုင်သည်။ စီးပွားရေးဆိုင်ရာ ရင်းမြစ်များမှ ရန်ပုံငွေများကို အလွန် အားကိုး အားထားပြုခြင်းသည်
စီးပွားဖြစ်နှင့် အများ ပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့်ဌာနများ ကြားရှိ ကွာခြားမှုကို
လျော့ပါးစေသည်။ အဆုံးသတ်အားဖြင့်၊ ပြည်သူများမှ ပြည်သူပိုင် ရုပ်သံလွှင့်ဌာနများအား
စီးပွားဖြစ် ရုပ်သံထုတ်လွှင့်မှုများ ထံမှရရှိသော ဝန်ဆောင်မှုများထက် ပိုမိုသော ဝန်ဆောင်မှုများ
ပေးစေလိုပါက ၄င်းကို စွမ်းဆောင်ရန် သင့်တင့် လျောက်ပတ်သော ပြည်သူ့ရန်ပုံငွေများ ပေးအပ်ရမည်
ဖြစ်သည်။
တာဝန်ခံမှုရှိခြင်း
အစိုးရထံမှ လွတ်လပ်ခွင့် ရရှိသည် ဆိုသည်မှာ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနများသည် နောက်ဆုံး၌ ပြည်သူများအထိ အားလုံး အပေါ်၌ တာဝန်ခံမှု ရှိရန်မလိုဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤအချက်သည် အများပြည်သူထံမှ ရန်ပုံငွေရရှိကာ ၄င်းရန်ပုံငွေဖြင့် အများပြည်သူ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ထိုဖြစ်ရပ် နှစ်ခုလုံးသည် အရေးပါသော ပြည်သူ့ အင်အားဖြစ်သည်။
အစိုးရထံမှ လွတ်လပ်ခွင့် ရရှိသည် ဆိုသည်မှာ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနများသည် နောက်ဆုံး၌ ပြည်သူများအထိ အားလုံး အပေါ်၌ တာဝန်ခံမှု ရှိရန်မလိုဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤအချက်သည် အများပြည်သူထံမှ ရန်ပုံငွေရရှိကာ ၄င်းရန်ပုံငွေဖြင့် အများပြည်သူ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ထိုဖြစ်ရပ် နှစ်ခုလုံးသည် အရေးပါသော ပြည်သူ့ အင်အားဖြစ်သည်။
အစိုးရ ရုပ်သံလွှင့်ဌာနများအတွက် ပါလီမန်တွင် တာဝန် ခံမှုရှိခြင်းသည် အစိုးရနှင့်
တိုက်ရိုက် ဆောင်ရွက်ခြင်းထက် ပိုမိုကောင်းမွန်သော အလေ့အကျင့်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်
အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့်ဌာန များသည် ဥပမာအားဖြင့် ၄င်းတို့၏ ငွေစာရင်းများကို
ပြင်ပစာရင်းစစ်ဖြင့် စစ်ဆေးထားမှု အပါအဝင် နှစ်စဉ် အစီရင်ခံစာအား ပြန်လည် ဆန်းစစ်မည့်
ဥပဒေပြုအမတ်ထံ တင်ပြရမည်။ ဤအချက်ကို အများပြည်သူ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် တာဝန်ယူခြင်း၊
စစ်တမ်းများ ကောက်ယူခြင်းနှင့် အခြားသော နည်းလမ်းများဖြစ်သည့် ပြည်သူပိုင် ရုပ်သံလွှင့်
ဌာနများထံသို့ ပြည်သူတို့မှ တိုက်ရိုက် တုံ့ပြန်မှုများပေးပို့ခြင်း အစရှိသည့် ပိုမို
တိုက်ရိုက်ကျသော အများပြည်သူထံ တာဝန်ခံမှု နည်းလမ်းများဖြင့်လည်း ဖြည့်စွက်နိုင်သည်။
အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့်ဌာနများသည် သတင်းအချက်အလက် ဥပဒေကို အမှီပြုသင့်သည်။
ထို့ကြောင့် ပြည်သူများသည် ပြည်သူပိုင် ရုပ်သံလွှင့်ဌာနတို့မှ တစ်ဆင့် သတင်း အချက်အလက်များ
တောင်းခံရယူနိုင်သည်။ တရားဥပဒေ ခြွင်းချက်များမှလွဲ၍ (မှတ်စုတို ၃ ကို ကြည့်ရန်) တိုက်ရိုက်တာဝန်ခံမှု၏
အခြားပုံစံတစ်မျိုးမှာ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့်ဌာနများသည် ၄င်းတို့၏ ပြုမူ
ဆောင်ရွက်ချက်များနှင့် ထုတ်လွှင့်ရန် အစီအစဉ် ရွေးချယ်မှုများပါဝင်သည့် လုပ်ငန်းကျင့်ထုံး
စည်းကမ်းများကို ချမှတ်ထားရန် လိုအပ်ပြီး ရုပ်သံလွှင့်ဌာနသည် အဆိုပါ ကျင့်ထုံးများကို
ချိုးဖောက်ပါက ပြည်သူများမှ တိုင်တန်းနိုင်သည်။
မှတ်ချက်။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကျင့်သုံးရာ၌ လိုက်နာရမည့် စံနှုန်းများ၊
ကျင့်ဝတ်များ၊ တာဝန် ဝတ္တရားများကို သိရှိနိုင်ရန်အတွက် ဥပဒေနှင့် ဒီမိုကရေစီဗဟိုဌာန
(Centre for Law and Democracy) နှင့် နိုင်ငံတကာ မီဒီယာ ထောက်ပံ့ကူညီရေး အဖွဲ့
(International Media Support-IMS) တို့မှ ပြုစုထုတ်ဝေသည့် ''အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သော
လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်'' (လမ်းညွှန်မှတ်စုအတွဲများ)၊ Briefing Note
Series " Freedom of Expression''စာအုပ်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖော်ပြသွားမည်
ဖြစ်ပါသည်။ ဆောင်းပါးပါ မြန်မာဘာသာ ပြန်ဆိုချက်များနှင့် အသုံးအနှုန်းများမှာ မူရင်းဘာသာပြန်ဆိုသည့်
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အာဘော်သာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
No comments:
Post a Comment