မကွေး
မတ် ၁၄
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့်
Save the Children တို့ ပူးပေါင်း၍ မကွေး တိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသော ရှေးဦးအရွယ်ကလေးသူငယ်
ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ် ငန်းများ အကြောင်း အသိပေးဆွေး နွေးပွဲကို
မကွေးဟိုတယ်ခန်းမ၌ မတ် ၉ ရက်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းနှင့် မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး
ဒေါ်ခင်နွဲ့တို့က အမှာစကား ပြော ကြားသည်။ ထို့နောက် Save the Children အဖွဲ့မှ မကွေးတိုင်းဒေသ
ကြီး တာဝန်ခံအရာရှိ ဦးနေမျိုးထွန်းက Save the Children အဖွဲ့ အကြောင်းနှင့် Save
the Children အဖွဲ့က ဆောင်ရွက်လျက်ရှိသော ပညာရေးအစီအစဉ်များအကြောင်း၊ ဇုန်နယ်မန်နေဂျာ
ဦးစိုးသောင်းက မကွေးတိုင်းဒေသကြီး အတွင်း ဆောင် ရွက်လျက်ရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး
နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ တိုး တက်မှုအခြေအနေများအကြောင်း၊ Save the
Children အဖွဲ့ ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေး အစီအစဉ်မှ အကြီးတန်းပရောဂျက် အရာရှိ
ဦးအောင်ကိုနိုင်က မကွေး တိုင်းဒေသကြီးအတွင်း ကလေး သူငယ်များအား အရွယ်မတိုင်မီ စစ်မှုထမ်းရန်
စုဆောင်းခြင်းမှ ကာကွယ်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ စီမံချက်လုပ်
ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေးစီမံ
ချက်မှ စီမံချက် မန်နေဂျာ ဒေါက်တာ ဦးလှိုင်းဝေအောင်က ကျန်းမာရေးစီမံ ချက်များအကြောင်း၊
ဒေါက်တာ ဦးတင့်လွင်ဦးက ငှက်ဖျားရောဂါနှင့် HIV/AIDS အကြောင်းများကို ဆက်လက်ဆွေးနွေးခဲ့သည်။
လူမှုရေးဝန်ကြီးက လုပ်ငန်း ဆောင်ရွက်ချက်များနှင့်
ပတ်သက်၍ တိုးတက်မှုများ၊ နှိုင်းယှဉ်ချက်များပြုလုပ် ထားရန်နှင့် ထိရောက်သည့် ညှိနှိုင်းဆွေးနွေးပွဲများ
ဖြစ်အောင် လုပ်ဆောင်ရန် အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက သိရှိလို သည်များကို
မေးမြန်းဆွေးနွေး အကြံပြုခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသ ကြီး၊
ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် Save the
Children မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သန်းနိုင်ဦး(ငဖဲ)

No comments:
Post a Comment