Sunday, March 15, 2015

တရားမ၀င်မှောင်ခိုသစ်များကို ရထားဖြင့် တင်ပို့ရောင်းချမှုများပြားလာ


ကသာ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့၏မီးရထား ဘူတာတွင် တရားမဝင် တမလန်းသစ်များကို ပါဆယ် ထုပ်များပြုလုပ်ကာ မီးရထားတွဲပေါ်သို့ တင်ဆောင်၍ မှောင်ခိုတင်ပို့ ရောင်းချရန်အတွက် ကုန်သည် များက လုပ်ဆောင်နေကြောင်း သိရသည်။
မတ် ၁ဝ ရက် နံနက် ၁၁ နာရီ ခွဲက မြစ်ကြီးနားမှ မန္တလေး
သို့ အမှတ် (၄၂) ဒုတိယအမြန်ရထား အင်းတော် ဘူတာသို့ ပုံမှန်ဝင်ချိန်၌ မီးရထား ပါဆယ်တွဲပေါ်သို့ တရားမဝင်တမလန်းသစ် ပါဆယ်ထုပ်များ တင်နေသည်ကို တွေ့ရှိရသည်။
မြန်မာ့အဖိုးတန် သစ်ပင်နှင့်သစ်တောများ မပျက်စီးမပပျောက်စေရန် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောများ စိမ်းလန်း စိုပြည်ရေးတို့ကို အရှိန်အဟုန်မြှင့်တင် လျက်ရှိသော်လည်း တရားဥပဒေပိုင်း ဆိုင်ရာလိုက်နာမှု အားနည်းနေသေး သည်ကို တွေ့ရသည်။
တရားမဝင် ကျွန်းသစ်နှင့်တမလန်းသစ်ပါဝင်သော ပါဆယ်ထုပ်များကို မီးရထားကုန်တင် ပါဆယ်တွဲပေါ်သို့ တင်ဆောင်နေမှုနှင့် ပတ်သက်၍ အင်းတော်မြို့ မီးရထားဘူတာရုံမှ တာဝန်ရှိသူက၎င်းအနေ ဖြင့် ယခုလို တရားမဝင် တမလန်းသစ်များ၊ ကျွန်းသစ်တွေပါဝင်သော ပါဆယ်ထုပ်များကို သယ်ယူခွင့် တင်ဆောင်ခွင့် ပေးမထားပါကြောင်း၊ ယခုတင်ဆောင်နေသော တရားမဝင် သစ်ခွဲသားကိစ္စမှာ ၎င်းတို့အနေဖြင့် သက်ဆိုင်မှု မရှိပါကြောင်း၊ အကယ်၍ ရထားပါဆယ်တွဲပေါ်တွင် တင်ဆောင်ပြီးသား ရှိနေသည်ဆိုလျှင်လည်း သွားရောက် စစ်ဆေးကြည့်ရှုကာ ပြန်ချခိုင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားမဝင်သစ်များမှာ လမ်းကြောင်းမျိုးစုံဖြင့် မှောင်ခိုထွက်နေခြင်းကြောင့် ကသာခရိုင်အတွင်းရှိ အမြဲစိမ်း သစ်တော ကြီးများနှင့် သစ်တောကြိုးဝိုင်းကြီးများမှ အဖိုးတန်သစ်များ တဖြည်းဖြည်း ပြုန်းတီးလာပြီး ရာသီဥတုသည်လည်းဆိုး ရွား ပြောင်းလဲ လာသဖြင့် ဒေသခံပြည်သူများက သစ်တောသစ်ပင် ပျက်စီးဆုံးရှုံး မှုမရှိစေရန် မှောင်ခိုသစ်ခိုးထုတ်မှုများအား ကြပ်ကြပ်မတ်မတ် ဖမ်းဆီး အရေးယူပေးစေလိုကြောင်း သိရသည်။
ဖိုးနိုင်(ကသာ)

No comments:

Post a Comment