Thursday, March 19, 2015

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နယူးဇီလန်နိုင်ငံ အော့ကလန်နည်းပညာတက္ကသိုလ် Auckland University of Technology ၏ Pro-Vice Chancellor ၊ ပါမောက္ခ Nigel Hemmington ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်   မတ်   ၁၉
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် နယူးဇီလန်နိုင်ငံ အော့ကလန် နည်းပညာ တက္ကသိုလ် Auckland  University  of  Technology ၏ Pro-Vice  Chancellor ၊ ပါမောက္ခ Nigel  Hemmington ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် အမျိုးသား လွှတ်တော်၊ ဗီယက်နမ်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးနေ၀င်းထွန်း၊ လွှတ်တော်အခွင့် အရေးကော်မတီ အတွင်းရေးမှူး ဒေါ်နန်းနီနီအေး၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်ရှန်၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ် ဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးကံညွန့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment