ရန်ကုန်
မတ် ၁၄
ဘာသာပြန်မြန်မာစာရေးဆရာ မျိုးဆက်သစ်များ
ပေါ်ပေါက်လာရန်နှင့် ဘာသာပြန်စာပေထွန်းကား လာစေ ရေး အတွက် မြန်မာ စာရေးဆရာများ ဖွဲ့စည်းထားသည့်
ပဲန်မြန်မာနှင့်ဗြိတိသျှကောင်စီတို့ စီစဉ်ကျင်းပသည့် ရသ တံတားအမည်ရှိ ဘာသာပြန်ပွဲ ကျင်းပမည်ဖြစ်ကြောင်း
သိရ သည်။
ဘာသာပြန်ဆိုရာတွင် အင်္ဂလိပ်ဘာသာမှ မြန်မာ
ဘာသာနှင့်မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ခြင်းတို့ပါဝင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ
စိတ်ပါဝင်စားသူ များ ဧပြီ ၃ဝ ရက်အထိ ပဲန်မြန်မာသို့လျှောက်ထား နိုင်ကြောင်းနှင့် ၂ဝ
ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရ သည်။
ဆွေးနွေးပွဲများတွင် နိုင်ငံတကာစာရေး
ဆရာများ၊ ဘာသာပြန်ဆရာများ၊ တည်းဖြတ်သူများနှင့် ထုတ်ဝေသူ များ၊ စာပေပညာရှင်များက စာပေရေးရာများ
ဆွေးနွေးသွား မည်ဖြစ်သည်။
အဆိုပါဘာသာပြန် စာပေနှီးနှောဖလှယ်ပွဲနှင့်
အလုပ်ရုံဆွေးနွေးပွဲကို မေ ၂၇ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ပြည် လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌
ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်များ သိရှိလိုပါက ပဲန်မြန်မာရုံးခန်း၊
အမှတ် ၃၁၊ တတိယထပ် အထက်ပုဇွန်တောင်လမ်း၊ ဖုန်း -ဝ၁-၃၉၆၂၁၁ သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။
မွန်းဦးနဒီ
No comments:
Post a Comment