ဆောင်းပါး
လူနှင့်
ဥပဒေ
ဤဘဒ္ဒကမ္ဘာမြေပေါ်တွင် လူသားသည် ကမ္ဘာ့လေထုဝါယောဓာတ်၏ဖိအားကိုလည်းကောင်း၊
ကမ္ဘာ့ပထဝီ မြေထု၏ ဆွဲငင်အားကိုလည်းကောင်း ဖိစီးချည်တုပ်ခံထားရသကဲ့သို့ ဥပဒေအမျိုးမျိုး၏
စည်းနှောင်ခြင်းကို လည်းခံနေရသော သက်ရှိဖြစ်ပေသည်။
ဆင့်ကဲဖြစ်စဉ်အရ လူဝံ၏ ပျမ်းမျှဦးနှောက်ပမာဏသည်
၅ဝဝ စီစီ (ကုဗစင်တီမီတာ)ရှိ၏။ လွန်ခဲ့သောနှစ်ပေါင်း တစ်သန်းခန့်က ဂျားဗားလူ JAVA
HOMO ERECTUS ၏ ဦးနှောက်က ၉ဝဝ စီစီ၊ ပီကင်းလူ၏ ဦးနှောက်က ၁ဝ၅၄ စီစီ၊ မျက်မှောက်ခေတ်လူသား
Homo Sapiens ၏ ပျမ်းမျှဦးနှောက်သည် ၁၃ဝဝ+စီစီအထိ တစ်စစဖွံ့ဖြိုးခဲ့လေ၏။
ဒါကြောင့်လည်း ကမ္ဘာပေါ်ရှိ သက်ရှိများအကြား
ဦးနှောက်အချိုးအစား ပိုမိုကြီးမားသော လူသားကိုသာလျှင် ဤဘဒ္ဒကမ္ဘာမြေပေါ်တွင် ''လူလည်ကျခွင့်
လက်မှတ်'' ကို သဘာဝတရားကြီးက ရွေးချယ်ချီးမြှင့်ခဲ့ခြင်းပဲ ဖြစ်ပေလိမ့်မည်။
ဦးနှောက်အကြီးဆုံးလူသားသည် ကျောက်ဂူထဲမှ တရွေ့ရွေ့ထွက်လာခဲ့ပြီး နောက် မြို့ပြနိုင်ငံများ ထူထောင် လာသောအခါ ငွေကြေး၊ အာဏာ၊ ပုဂ္ဂလိက ပစ္စည်း၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးအတတ်ပညာ၊ သိပံ္ပပညာစသော နယ်ပယ်မျိုးစုံ၏ များပြားလှသော ရှုပ်ထွေးမှုများဖြင့် ခေတ်မီလိုသော ကိုယ်ဖော်သည့် ကိုယ့်ဆေးဖြင့် ရစ်ပတ်ခံရပြန်တော့၏။

ဒီတော့လည်း ဥပဒေပြုခွင့်ရသူတို့က အုပ်ချုပ်ခံများအပေါ်တွင်
လူလူချင်း ဥပဒေမျိုးစုံပြဋ္ဌာန်းရတော့၏။ ဥပဒေများကလည်း ဥပဒေပြုခွင့်ရသူတို့ ၏ စိတ်ကူး၊
ခေတ်၊ စနစ်၊ ဝါဒ၏ ဝသီဘော်အတိုင်း အရောင်မျိုးစုံ ပြောင်းကြရပြန်၏။ တစ်ဖက်တွင်လည်း အခြားသက်ရှိသတ္တဝါများနှင့်လုံးဝမတူဘဲ
(၅၂)ပါးသော စေတသိက်တို့က လူ၏စိတ်ကို အရောင်ဆိုးသောကြောင့် အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံလူသားအားလုံး၏
စိတ်တွင် ကောက်ကျစ်ခြင်း၊ ချစ်ခြင်း၊ မုန်းတီးခြင်း၊ လောဘ၊ ဒေါသ၊ မောဟစိတ်မျိုးစုံ
စိတ်ကူးကွန့်သမျှ နောက်သို့ ဘာသာတရားမျိုးစုံနှင့်အတူ ဥပဒေများက နောက်ကလိုက်၍ ပြဋ္ဌာန်းရသည်မှာ
အတောမသတ် တော့ချေ။ ဥပဒေဆိုတာ ပြင်ရမည့်အမျိုး အစားပါတကား။
ဥဒေအမျိုးအစားများ
မျက်မှောက်ခေတ် ကမ္ဘာ့ဥပဒေများကို မျိုးတူစုကြည့်ပါလျှင်
မျက်မှောက်ခေတ် ကမ္ဘာ့ဥပဒေများကို မျိုးတူစုကြည့်ပါလျှင်
၁။ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပြည်တွင်းဥပဒေ
(International Law & Municipal Law (သို့မဟုတ်) Jus Civile)
၂။ အများဆိုင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်
ပုဂ္ဂလိကဆိုင် အပြည် ပြည်ဆိုင်ရာဥပဒေ (Public International Law & Private
International Law (သို့မဟုတ်) Conflict of Laws)
၃။ ပြဋ္ဌာန်းဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေ
(Statute Law & Customary Law (သို့မဟုတ်) Unwritten Law (သို့မဟုတ်) Lex Non
Scripta)
၎။ အရင်းခံဥပဒေနှင့် လုပ်ထုံးဥပဒေ (Substantial
Law & Procedural Law )
၅။ ပြစ်မှုဥပဒေနှင့် တရားမဥပဒေ (Criminal
Law& Civil Law) ဟု ခွဲခြားနိုင်ပါမည်။ ယနေ့ကမ္ဘာတွင် ကျင့်သုံး သော ဥပဒေစနစ်များမှာ
၁။ အင်္ဂလိပ်ရိုးရာ ဥပဒေစနစ် (English
Common Law System)
စီရင်ထုံးလိုက်နာသည့်စနစ် (Doctrine
of Stare-decesis) ဖြစ်ပြီး ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ ဆိုက်ပရပ်၊ ဟောင်ကောင်၊
နယူးဇီလန်၊ ပါကစ္စတန်၊ စင်ကာပူ၊ မလေးရှား၊ တောင်အာဖရိကနိုင်ငံများတွင် ကျင့်သုံးပါသည်။
၂။ ရောမ-ဂျာမန် ဥပဒေစနစ် (Roman - Germanic Law System (သို့မဟုတ်) Civil Law System)
ဥရောပသမဂ္ဂ EU နိုင်ငံများတွင် (ဗြိတိန်မှလွဲ၍ ကျန် ၂၄ နိုင်ငံတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး I.C. J ကဲ့သို့ပင် စီရင်ထုံးလိုက်နာ ခြင်းမရှိဘဲ တစ်မှုချင်းဆုံးဖြတ်သည့်စနစ်ကိုကျင့်သုံးပါသည်။

၃။ အခြားဥပဒေစနစ်များ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများမှ
ဥပဒေစနစ်များဟု ခွဲခြားနိုင်ပါသည်။
မြန်မာပြည် ဥပဒေများ၏ ရေသောက်မြစ် ဗြိတိသျှတို့
မြန်မာပြည်ကို သိမ်းပြီးနောက် ကင်းဝန်မင်းကြီး ဦးကောင်း ပြုစုသော ဓမ္မသတ် (၃၆)စောင်တွဲနှင့်
(၃၄) စောင်တွဲကို အခြေခံ၍ တရားလွှတ်တော်၊ တရားရုံးချုပ်၊ ဗဟိုတရားရုံးများ၏ စီရင်ထုံးများဖြင့်
လိုက်နာစေသော ဥပဒေပြုအဖွဲ့က ရေးသားပြဋ္ဌာန်းခြင်းမဟုတ်သော မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသာလျှင်
မြန်မာ့ရိုးရာ ဥပဒေတစ်မျိုးသာဖြစ်ခြေ၏။ ကျန်သောပြဋ္ဌာန်းဥပဒေများကို ဗြိတိသျှကိုလိုနီအစိုးရက
ကျွန်နိုင်ငံဖြစ်သော မြန်မာပြည်၏ ဥပဒေစနစ် ကို အင်္ဂလိပ်ရိုးရာဥပဒေစနစ်ဖြင့် ပန္နက်ရိုက်ခဲ့ခြင်းဖြစ်ပေသည်။
နှစ်ပေါင်း ၁၅ဝ ကျော်က အာဏာသက်ဝင်ခဲ့ပြီး ယနေ့တိုင် မြန်မာပြည်တွင် လိုက်နာကျင့်သုံးနေရသော အသုံးများသည့် တည်ဆဲဥပဒေအချို့ကို ဖုန်ခါပိုးတောက်၍တင်ပြပါရစေ။
နှစ်ပေါင်း ၁၅ဝ ကျော်က အာဏာသက်ဝင်ခဲ့ပြီး ယနေ့တိုင် မြန်မာပြည်တွင် လိုက်နာကျင့်သုံးနေရသော အသုံးများသည့် တည်ဆဲဥပဒေအချို့ကို ဖုန်ခါပိုးတောက်၍တင်ပြပါရစေ။
၁။ တရားရေးအရာရှိများကို ကာကွယ်သည့်အက်ဥပဒေ
(၁၈၅ဝ ခုနှစ်)
၂။ အိန္ဒိယရာဇသတ်ကြီးကိုဓ ဥပဒေ(ယခုပြစ်မှုဥပဒေ)
(၁၈၆ဝ)
၃။ ပင်စင်အက်ဥပဒေ(၁၈၇၁)
၎။ ပဋိညာဉ်အက်ဥပဒေ(၁၈၇၂)
၅။ သက်သေခံအက်ဥပဒေ(၁၈၇၂)
၆။ သီးခြားသက်သာခွင့်အက်ဥပဒေ(၁၈၇၂)
၇။ ကျမ်းသစ္စာများအက်ဥပဒေ(၁၈၇၃)
၈။ မြေနှင့်အခွန်တော်အက်ဥပဒေ(၁၈၇၆)
၉။ မြန်မာပြည်အထွေထွေစကားရပ်များအက်ဥပဒေ(၁၈၉၈)
၁ဝ။ ရာဇဝတ်ကျင့်ထုံးကိုဓ ဥပဒေ(ယခုပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ)(၁၈၉၈)
၁၁။ တရားမကျင့်ထုံးဥပဒေ ကိုဓဥပဒေ(၁၉ဝ၈)
ယင်းဥပဒေအားလုံးကို အင်္ဂလိပ်တို့သည် အင်္ဂလိပ်ဘာသာဖြင့်
ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး သခင်အင်္ဂလိပ်လူမျိုးများ၏ အင်္ဂလန်နိုင်ငံတွင် ယင်းဥပဒေများကို
မူလုံးဝမကျင့်သုံးဘဲ ခွဲခြားပြဋ္ဌာန်းထားလေ၏။
ဥပမာ အားဖြင့် ဥက္ကဋ္ဌလော့မက္ကောလေး
(Lord Macaulay)၊ မက္ကလော့နှင့်အက်ဒါဆင်တို့၏ အိန္ဒိယ ဥပဒေ ကော်မရှင်က အိန္ဒိယရာဇသတ်ကြီး
ကိုဓဥပဒေမူကြမ်းကို ရေးဆွဲခဲ့ရာတွင် အင်္ဂလိပ်၊ အိန္ဒိယဥပဒေများအပြင် လူဝီဇယားနား ကိုဓဥပဒေ
Living Stone's Louisiana Code နှင့် နပို လီယံကို The Code of Napoleon တို့ကို အခြေခံပြီး
ဥပဒေကြမ်းကို (၁၄-၁ဝ-၁၈၃၇) နေ့တွင် ဘုရင်ခံချုပ်မှတစ်ဆင့် အင်္ဂလန်ပါလီမန် ဥပဒေပြုကောင်စီကိုတင်သွင်းခဲ့ရာ
(၆-၁ဝ-၁၈၆ဝ) နေ့တွင် စတင်အာဏာတည်ခဲ့ပြီး ယနေ့မြန်မာပြည်တွင် ပြစ်မှုဆိုင်ရာဥပဒေအဖြစ်
ဆက်လက်ကျင့်သုံးနေဆဲ ဥပဒေဖြစ်လေသတည်း။
သက်သေခံ အက်ဥပဒေဆိုသည်မှာ လက်တင်ဘာသာ(Evidens
Evidera) မှ ဆင်းသက်လာခဲ့ပြီး စတီဗင်(Sir James Fitz-James) က ဥပဒေကြမ်း ရေးဆွဲခဲ့၍
ဗြိတိန်ပါလီမန်က အိန္ဒိယအက်ဥပဒေ အမှတ် (၁/၁၈၇၂) တွင် ပြဋ္ဌာန်းခဲ့ရာ ယနေ့အထိ မြန်မာပြည်တရားခွင်ကပြစ်မှု၊
တရားမမှုအားလုံးတွင် အလေးထား ဆက်လက် ကျင့်သုံး လိုက်နာနေရဆဲ ဥပဒေမဟုတ်ပါလား။
ပကတိအရှိတရားအရ လွတ်လပ်ရေးရပြီး (၆၇)နှစ်အထိ
မြန်မာပြည်သည် နှစ် ၁၅ဝ ကျော်က ဗြိတိသျှကိုလိုနီ ဥပဒေဟောင်းများ၏ ချည်နှောင်မှုမှ မလွတ်နိုင်သေးချေ။
ထို့အတူ အောက်ရုံးများက ဥပဒေသဖွယ် လိုက်နာကြရသော
စီရင်ထုံးများကိစ္စကိုလည်းရှုပါ။ ၁၈၇၂ ခုနှစ် အောက်မြန်မာပြည် ရွေးချယ်စီရင်ထုံးများ(S.J.L.B)မှစ၍
၁၉၇၁ ခုနှစ်အထိ အင်္ဂလိပ်ဘာသာဖြင့် နှစ်စဉ်ထုတ်ဝေခဲ့သော စီရင်ထုံးများကလည်း ဗီရိုပေါင်းမြောက်မြားစွာတွင်
စာရွက်များနှင့်သရေဖုံးများကို ပိုးစားလျက်၊ ၁၇၈၂ ခုနှစ်မှစ၍ မျက်မှောက်၂ဝ၁၃ ခုနှစ်
ကာလအထိ စီရင်ထုံးအချင်းချင်းလွှမ်းမိုးခြင်း(case Overruled)၊ ရည်ညွှန်းခြင်း (case
Reffered)၊ လိုက်နာခြင်း (case Followed)၊ မလိုက်နာခြင်း (case Dissented)၊ ထူးခြားသော
(case distinguished)များမှာ ရှင်းမရနိုင်လောက်အောင် နှစ်ချီ၍ ရှုပ်ထွေးခဲ့ချေပြီ။
ယခုအခါ ဈေးကွက်စီးပွားရေး၊ နိုင်ငံခြားတိုက်ရိုက်မြှုပ်နှံမှု၊ အာဆီယံနှင့် FTA လွတ်လပ်သော ကုန်သွယ် ဧရိယာ၊ တရုတ်ပြည်နှင့် သီးခြားစာချုပ်များဖြင့် တံခါးဖွင့်စီးပွားရေးကာလဖြစ်ရာ တရားစီရင်ရေး မဏ္ဍိုင်နှင့် ဥပဒေပြဋ္ဌာန်း ရေးမဏ္ဍိုင်များတွင် ကိုယ်ခံဓာတ်ကောင်းဖို့ လိုနေပါသည်။ ခေတ်မီဖွံ့ဖြိုး သော ပြည်တွင်း ဥပဒေများ အမြန်ဆုံးသစ်လွင်ရန် လိုအပ်ပါသည်။

အနိမ့်ဆုံးစံနှုန်းအားဖြင့်ဉာဏပစ္စည်းကုန်အမှတ်တံဆိပ်
ဥပဒေ (Tra- demark Law)၊ တရားမနစ်နာမှု ဥပဒေ(Law of Tort)၊ အခွင့်အမိန့်အရ နေသူအားနှင်ထုတ်လိုမှုဥပဒေများ
လုံးဝမရှိသေးသည်ကို အမြန်ဆုံး အသစ် ပြဋ္ဌာန်းပေးထိုက်ပါသည်။
ကုလသမဂ္ဂ စံနှုန်းညွှန်ပြရသော UNCITRAL
MODEL LAW ၂ဝဝ၆ နှင့်အညီ ခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်းဥပဒေ(Law of Arbitra-
tion) အသစ်ကိုလည်း အိမ်နီးချင်းနိုင်ငံများကဲ့သို့ အမြန်ပြဋ္ဌာန်း ပေးထိုက် ပါပြီ။
ရွှေလမ်းနှစ်သွယ်
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်တွင်းဥပဒေအားလုံး၏ ဦးသျှောင်ဥပဒေ (The Guardian of the Laws) ဖြစ်ပါသည်။ တည်ဆဲဥပဒေ အားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မလွဲမသွေ ညီညွတ်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာစာကိုသာရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထားပါသည်။ အင်္ဂလိပ်ဘာသာကို ဒုတိယရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထား ခြင်းမရှိပါ။သို့ဖြစ်ရာ

၁။ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်ဘက်ဖြစ်သော မျက်နှာဖြူနယ်ချဲ့ အင်္ဂလိပ်ဥပဒေများနှင့်
အင်္ဂလိပ်ဘာသာစီရင်ထုံး အဟောင်းအမြင်းဟူသမျှကို မျိုးချစ်စိတ်ဖြင့် လုံးဝဖျက်သိမ်းလျက်
မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာစာဖြင့် အသစ်ရေးဆွဲသောဥပဒေသစ်များကို ပြည်သူ့ လွှတ်တော်က
ဖွဲ့စည်းပုံဥပဒေပုဒ်မ-၈ဝ (ဂ) နှင့်(ဃ)အရ ပြဋ္ဌာန်း၍ အဟောင်းများကိုအသစ်ဖြင့် အမြန်ဆုံး
အစားထိုး (Superseding) ထိုက်ပါသည်။
၂။ စက်တင်ဘာလ၂ဝ၁၄ ခုနှစ်နေ့အထိ မြန်မာပြည်တွင်တည်ရှိဆဲ
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းဆဲဥပဒေပေါင်း ၂၂၄ ခုကိုလည်းကောင်း၊ ၁၈၇၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ
အင်္ဂလိပ်ဘာသာဖြင့် ထုံးဖွဲ့ထားသော စီရင်ထုံး အားလုံးကို တစ်ပြေးညီသုတ်သင်တည်းဖြတ်၍လည်းကောင်း၊
ပြည်သူ့လွှတ်တော်က မြန်မာဘာသာသိြု့ ပန်ဆိုလျက် တည်ရှိဆဲမြန်မာဘာသာဖြင့် ရေးသား ထားသော
ဥပဒေ(၆၄၃)ခုနှင့် တစ်စုတည်းပေါင်းစုလျက် ဌာနဆိုင်ရာ အားလုံးရှိ တည်ဆဲလက်စွဲဥပဒေများ၊
နည်းဥပဒေများ၊ အမိန့်များ၊ အမိန့် ကြော်ငြာစာများကိုလည်း ထည့်သွင်းစေလျက် မြန်မာပြည်၏တည်ရှိဆဲ
ဥပဒေပေါင်းချုပ် CODIFICATION အဖြစ် ဈေးနှုန်းအရှုံးခံ၍ ပြည်သူများ လက်သို့အချိန်နှင့်တစ်ပြေးညီ
ဥပဒေစုစုပေါင်း ၈၆၇ ခုနှင့် ဥပဒေအားလုံးကို အမြန်ဆုံးဖြန့်ဖြူး ရောင်းချပေးသင့်ပါသည်။
ထိုရောအခါ ဤဥပဒေပေါင်းချုပ်ကို ထုတ်ပြန်ပေးလိုက်ပါလျှင်
ဥပဒေကိုမသိနားမလည်၍ ကျူးလွန်မိပါသည်ဟု ဆိုလျှင် ခွင့်လွှတ်၍မရဟူသော IGNORANTIA
JURIS NON EXCUSAT ဥပဒေအရ ပိုမို၍အေးချမ်း တည်ငြိမ် ပါလိမ့်မည်။
ထိုရောအခါ ရည်ညွှန်းကိုးကား စံပြုအပ်သော တရားစီရင်ထုံးများဖြင့် ကျမ်းမျိုးစုံ၍ ဉာဏ်ဟုန်ပြင်းသဖြင့် မြန်မာ့တရား စီရင်ရေးစနစ်သည် ကမ္ဘာလွှမ်းပါလိမ့်မည်ဧကန်တည်း။
ထိုရောအခါ ရည်ညွှန်းကိုးကား စံပြုအပ်သော တရားစီရင်ထုံးများဖြင့် ကျမ်းမျိုးစုံ၍ ဉာဏ်ဟုန်ပြင်းသဖြင့် မြန်မာ့တရား စီရင်ရေးစနစ်သည် ကမ္ဘာလွှမ်းပါလိမ့်မည်ဧကန်တည်း။
သိုက်ထွန်း(Lawyer)
No comments:
Post a Comment